တပ်မတော်မှသိမ်းထားသည့် ဥယျာဉ်ခြံများ ပြန်စွန့်လွှတ်ပေးရန် ဒေသခံများလိုလား

0
500

မြိတ်ခရိုင်၊ ပလောက်မြို့၊ ၀ဇွမ်း အုပ်ကျေးရွာရှိ အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းအတွက် သိမ်းယူထားသောမြေများကို ပြန်လည် စွန့်လွှတ်ပေးရန် လိုလားနေကြောင်း ယင်းဒေသခံ တောင်သူများက ပြောသည်။
ဝါးဇွမ်းအုပ်ကျေးရွာ၊ နန်းတောင် ကျေးရွာမှ မြေများအပါအဝင် မြေဧက ၃၂၀၀ ကို လွန်ခဲ့သည့် ၂၀၀၁ ခုနှစ်က တပ်မတော် တန်းမြင့်လေ့ကျင့်ရေး ကျောင်းအတွက် သိမ်းယူထားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
ယင်းသိမ်းယူထားသည့် မြေများ အနက်မှ လက်ရှိဒေသခံ ၄၃ ဦးလုပ်ကိုင် စားသောက်နေသည့် မြေဧက ၆၁၆ ဧက ကို ပြန်လည်စွန့်လွှတ်ပေးရန်လိုလားနေ ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၄ ရက်နောက် ပိုင်းတွင် ယင်းလေ့ကျင့်ရေးကျောင်းမှ တပ်မတော်သားအချို့က တပ်သိမ်းမြေ အတွင်း ဒေသခံများ စိုက်ပျိုးခွင့်ရထား သည့် မြေတွင် သုံးနှစ်သားမှ ၆ နှစ်သား အရွယ် (အသီးမရှိသေးသည့်) ကွမ်းသီး ပင် ၃၀၀ ခန့်ကို ဝင်ရောက်ခုတ်လှဲခဲ့ ကြောင်း ဒေသခံ စောအားကျော်ဦးက ပြောသည်။
ယင်းနောက် နောက်ထပ်ကွမ်းသီး ပင်အသစ်များကို ထပ်မံစိုက်ပျိုးခွင့်မပြု တော့သဖြင့် တောင်သူများက ရေရှည် လုပ်ကိုင်စားသောက်နိုင်ရန်အတွက် တပ် မတော်မှ စွန့်လွှတ်ပေးရန် လိုလားနေ ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ် သည့် စောဖေားလေးက ပြောသည်။
“ဖြစ်စေချင်တာက ဒီမြေတွေကို စွန့်လွှတ်ပေးစေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဟာတွေက အဓိက သက်မွေး ဝမ်းကျောင်း လုပ်စားတဲ့ မြေနေရာဖြစ်နေ လို့” ဟု ဒေသခံတောင်သူ စောဖားလေး ကဆိုသည်။

ဒေသခံ ကရင်တိုင်းရင်းသားများမှာ ဥယျာဉ်ခြံများ စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် အဓိကအသက်မွေးကြပြီး တပ်မတော်မှ ဒေသခံများ လုပ်ကိုင်စားသောက်နေ သည့် ဥယျာဉ်ခြံများကို သိမ်းယူသွား မည်ကို စိုးရိမ်နေကြောင်း ဒေသခံ တောင်သူအချို့က ဆိုသည်။
တပ်သိမ်းမြေအတွင်း ဒေသခံများ စိုက်ထားသည့် ကွမ်းပင်များကို ခုတ် လှဲခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်း နိုင်ရန်အတွက် အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းသို့ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ၁၂ နာရီခန့်က သွားရောက်ခဲ့သော်လည်း တာဝန်ရှိသူ ခရီးသွားနေသည်ဟု တပ်မတော်သား တစ်ဦးက ပြောဆိုခဲ့ပြီး ဆက်သွယ်ရမည့် ဖုန်းနံပါတ်တောင်း သော်လည်း မရခဲ့ပေ။
တပ်သိမ်းမြေအတွင်း ကွမ်းသီးပင် များ ထပ်မံစိုက်ပျိုးခွင့်မပြုတော့သော် လည်း ယခင်ကစိုက်ပျိုးထားပြီးသားအပင်များကိုမူ လုပ်ကိုင်စားသောက်ခွင့်ပြု ထားကြောင်း ဒေသခံတောင်သူများက ပြောသည်။

“ကျွန်တော်တို့က ဒီမြေကိုပဲပြန်လို ချင်တာ၊ လျော်ကြေးလည်းမလိုချင်ဘူး၊ မြေနေရာ အစားထိုးပေးတာလည်းမလို ချင်ဘူး” ဟု စောအားကျော်ဦးကဆိုသည်။
လက်ရှိတွင် ကွမ်းသီးခူးသည့် ရာသီဖြစ်သော်လည်း တောင်သူများ၏ ဥယျာဉ်ခြံ အနီးအနားတွင် တပ်မတော် သားများ လေ့ကျင့်မှုများ ပြုလုပ်နေ သဖြင့် တောင်သူများကို ဥယျာဉ်ခြံ အတွင်း ဝင်ခွင့်တားမြစ်ထားကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများ၏ ကွမ်းသီးပင်များကို ဝင်ရောက်ခုတ်လှဲခဲ့ခြင်းအပေါ် ဖြေရှင်း ဆောင်ရွက်ပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ အပစ်အခတ်ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-S) KNU ဆက်ဆံရေးရုံး စသည့်တို့ကို တင်ပြ အကူအညီတောင်းခံထားကြောင်း ဒေသခံများထံမှ သိရသည်။