မြိတ်တွင် အိမ်သုံးရေတစ်ယူနစ် ကျပ်သုံးရာ ဈေးတက်

0
500

မြိတ်တွင် ယခုလအတွက် အိမ်သုံး ရေတစ်ယူနစ်လျှင် ကျပ်သုံးရာဈေးတက် ခဲ့ကြောင်း မြိတ်မြို့ခံအချို့ထံမှ သိရ သည်။
ပိုက်ဖြင့်သွယ်တန်းကာ ရေမီတာ ဖြင့် ဖြန့်ဝေပေးသည့် အိမ်သုံးရေပေးဝေ ရေးလုပ်ငန်းအချို့မှာ ယခင်က တစ်ယူ နစ်လျှင် ကျပ် ၁၂၀၀ သာပေးရသော်လည်း ယခုနိုဝင်ဘာလတွင် တစ်ယူနစ်လျှင် ကျပ် ၁၅၀၀ အထိ တိုးကောက်ခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ဈေးနှုန်းတိုးလိုက်သည့် ရေပေးဝေ ရေးလုပ်ငန်းရှင်အချို့ကို ဆက်သွယ်ရာ ဆက်သွယ်၍မရခြင်း၊ ဆက်သွယ်ရ သော်လည်း မဖြေကြားလိုခြင်းတို့ကြောင့် ဈေးနှုန်းတိုးရသည့် အကြောင်းရင်းကို မေးမြန်းနိုင်ခဲ့ခြင်းမရှိပေ။
ဈေးနှုန်းမတိုးခဲ့သည့် မြိတ်တောင် ကျေးရွာမှ လပြည့် ရေပေးဝေရေးလုပ်ငန်း ရှင်ကမူ ဒီဇယ်ဈေးနှင့် အခြားပြင်ဆင် စရိတ်များကြောင့် အမြတ်စွန်းရရန် မလွယ်ဟု ဆိုသည်။

“လုပ်သာလုပ်နေရတယ် ဒီဇယ် ဈေးကြီးတော့ သိပ်မကျန်ဘူးပေါ့” ဟု ၎င်းကဆိုသည်။
ရေမီတာဖြင့်သုံးစွဲရသည့် သုံးရေ အပြင် ရေကား(ကားပေါ်တွင် ရေတိုင်ကီ တင်ထားသည့်ကား)ဖြင့် လိုက်လံရောင်း ချသည့် သုံးရေလည်း ဈေးတက်ခဲ့ပြီး ရေသန့်ဘူးများပါ ဈေးတက်ရန်ရှိ ကြောင်း ဒေသခံအချို့နှင့် ရေသန့်လုပ် ငန်းရှင်အချို့ထံမှ သိရသည်။
ရေကားများတွင် ဝါလတ်ပုံးဖြင့် ရေတစ်ပုံးလျှင် ယခင်က ကျပ် ၃၀၀ သာပေးရသော်လည်း လက်ရှိတွင် ကျပ် ၅၀၀ ဖြစ်သွားခဲ့သည်ဟု မြို့ခံအချို့ထံမှ သိရသည်။
အလားတူသောက်သုံးရေသန့်များ သည်လည်း ၂၀ လီတာတစ်ဘူးလျှင် အိမ်တိုင်ရာရောက် လဲလှယ်နှုန်း ယခင် ကျပ် ၅၀၀ ရှိရာမှ လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့မှစကာ ကျပ် ၆၀၀ သို့ တိုးမြှင့် သွားမည်ဖြစ်ကြောင်း သောက်ရေသန့် ထုတ်လုပ်သည့် စက်ရုံအချို့ထံမှ သိရ သည်။
မြိတ်ရှိရေသန့်စက်ရုံများ၏ ညှိုနှိုင်းသဘောတူညီချက်အရ တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ပြီး အိမ်တိုင်ရာ ရောက် ကြိုတင်အသိပေးခြင်းများ ပြု လုပ်နေကြောင်း ယင်းရေသန့်စက်ရုံ အချို့ထံမှ သိရသည်။

“ဒီဇယ်ဈေး၊ အလုပ်သမားခနဲ့ပြင် ဆင်စရိတ်တွေက ကြီးလာတော့ အားလုံး ညှိုနှိုင်းပြီး ဆုံးဖြတ်လိုက်တာ”ဟု မြိတ် မြို့၊ ကန်ဖျားရပ်ကွက်ရှိ ရေသန့်စက်ရုံမှ တာဝန်ရှိသူကပြောသည်။
မြိတ်တွင် ဒီဇယ်ဈေးကြောင့် လျှပ် စစ်မီတာခအပြင် ရေမီတာခပါ လိုက် တက်နေခြင်းကြောင့် မြို့ခံအချို့က ညည်းညူလျက်ရှိသည်။
အခြားတိုင်းဒေသကြီးများတွင် အစိုးရက အဖိုးအခမဆိုစလောက်နှုန်းထားဖြင့်သောက်ရေသုံးရေများကို အဆင်ပြေအောင် စီစဉ်ပေးထားသကဲ့သို့ တနင်္သာရီတိုင်းတွင်လည်း သောက်သုံး ရေ ဈေးကြီးမြင့်နေမှုကို အစိုးရအနေဖြင့် ဖြေရှင်းပေးစေလိုကြောင်း ပန်စရာရပ်နေ ကိုအေးမင်းက ပြောသည်။
“တစ်ထောင်ကနေ ငါးရာဖြစ် အောင် ဒါမှမဟုတ် အလကားနီးပါး ဖြစ်အောင် ဆင်းရဲသားပြည်သူကို မျက် နှာမူတဲ့အနေနဲ့ အစိုးရက လုပ်မပေးနိုင် ဘူးလားလို့ မေးချင်တယ်”၎င်းက ဆို သည်။