ပါတီဗဟိုတွင် တိုင်ကြားခံထားရသည်ဆိုသည့်ကိစ္စ မဟုတ်မှန်ကြောင်း မွန်ဝန်ကြီးချုပ် ပြန်ရှင်း

0
536

NLD ပါတီဗဟိုတွင် တိုင်ကြားခံ ထားရသည်ဆိုသည့်ကိစ္စနှင့် ပတ်သက် ပြီး မဟုတ်မှန်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား နိုဝင် ဘာ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြန်ရှင်းခဲ့သည်။
“တိုင်စာများရှိ၍ မွန်ဝန်ကြီးချုပ်ကို သတိပေးမည်ဟု NLD ပြော” ဆိုသည့် ခေါင်းစဉ်ဖြင့် ဧရာဝတီသတင်းဌာနတွင် နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် ရေးသားဖော်ပြ ထားသည့်သတင်းသည် မဟုတ်မှန် ကြောင်းနှင့် ပါတီကလည်း ပြောဆိုထား ခြင်းမရှိကြောင်း ဝန်ကြီးချုပ်ဒေါက်တာ အေးဇံက ပြန်ရှင်းခဲ့သည်။
“မနေ့တုန်းက ဧရာဝတီသတင်း ဌာနက ဖုန်းဆက်ပါတယ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ်ကိုပါတီက ဒေါက်တာ မျိုးညွန့်က သတိပေးတယ်တဲ့၊ ဘာကြောင့် သတိပေးတယ်ဆိုတာ မေးတာနဲ ပြန်ပြော လိုက်ပါတယ်၊ ခုမှပဲ ဒီအကြောင်း သိရ ပါတယ်၊ ပါတီကို ပြန်မေးပြီးမှပဲ ဖြေနိုင် မယ်လို့ပြောလိုက်ပါတယ်”ဟု ဝန်ကြီးချုပ် က ဆိုသည်။

ယင်းနောက် ဒေါက်တာမျိုးညွှန့်ကို မေးကြည့်ရတွင် ၎င်းအနေဖြင့် ပြောဆိုခဲ့ ခြင်းမရှိဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ဒေါက်တာအေးဇံက ဆိုသည်။
“ပါတီကိုတိုင်ကြားထားမယ်ဆိုရင် လည်း ပါတီကတော့ ခေါ်မေးမှာပဲ၊ အခု ထိတော့ ပါတီက ခေါ်မေးတာတွေ မရှိပါ ဘူး၊ မဟုတ်မမှန်ပဲနဲ သတင်းကို မရေး သင့်ပါဘူး” ဟု ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။
ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့ သည့်သတင်းနှင့် ပတ်သက်ပြီး ပြောဆိုခဲ့ ခြင်းမရှိဟု NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်မျိုးညွှန့်က ပြောသည်။
‘ဒီကိစ္စနဲ ပတ်သက်လို ဧရာဝတီ သတင်းဌာနကို ကျွန်တော်ဘာမှ ပြော မထားပါဘူး၊ မွန်နဲ့ပတ်သက်လို့ကျွန် တော်တို စစ်ဆေးနေတာလည်းမရှိသလို မွန်ဝန်ကြီးချုပ်ကို သတိပေးဖို ဆောင် ရွက်ထားတာလည်းမရှိပါဘူး”ဟု ဒေါက်တာမျိုးညွှန့်က ဆိုသည်။
အဆိုပါသတင်းဖော်ပြမှုနှင့် ပတ် သက်ပြီး လိုအပ်ပါက သတင်းမီဒီယာ ကောင်စီကို အကြောင်းကြားသွားမည် ဖြစ်ပြီး သတင်းထွက်ပေါ်လာရသည့် အကြောင်းကိုလည်း မေးမြန်းသွားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါသတင်းအား ရေးသားခဲ့ သည့် ဧရာဝတီသတင်းဌာနမှ သတင်း ထောက် ဦးထက်နိုင်ဇော်ထံသို့ Dတေနင Wအေခ့ သတင်းဌာနမှ ဆက်သွယ်မေး မြန်းရာ ဒေါက်တာမျိုးညွန့်အား အင်တာ ဗျူးမေးစဉ် နားလည်မှုလွဲမှားပြီး ဖြေကြား ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ကျွန်တော်မေးတဲ့ မေးခွန်းမှာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဆိုတဲ့ အသံပါ ပါတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ပါတီက သတိပေးထားတာ ဟုတ်လားလို့ မေးတော့သူက ဟုတ်ပါတယ်တဲ့။ ကျွန်တော် ရေးထားတဲ့အတိုင်း ပြောခဲ့တာပေါ့နော်။ မွန်ပြည်နယ်ဝန်ကြီးချုပ်ဆီလည်း မေး တော့ သူကမသိသေးဘူးတဲ့။ တာဝန် ရှိသူတွေကို မေးရဦးမယ်လို့ ပြောတယ”ဟု ဦးထက်နိုင်ဇော်က ဆိုသည်။

သတင်းတက်လာပြီး နောက်ပိုင်း တွင် ဒေါက်တာမျိုးညွန့်ထံ ထပ်မံဆက် သွယ်မေးမြန်းခဲ့ရာ ၎င်းက ကယား ဝန်ကြီးချုပ်အကြောင်း မေးသည်ဟု ထင် ၍ ပြောလိုက်မိခြင်းဖြစ်သည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်း ဦးထက်နိုင်ဇော်က ပြောသည်။
ယင်းကြောင့် သတင်းကို ပြန်လည် ဖြုတ်ချလိုက်ပြီဖြစ်ပြီး နားလည်မှု လွဲမှား ခဲ့ခြင်းကြောင့် မွန်ပြည်နယ် ဝန်ကြီးချုပ် အား တောင်းပန်ကြောင်းနှင့် ဖြစ်စဉ် အကြောင်းကို ထုတ်ပြန်ချက်တစ်ခု ထုတ်ရန်စီစဉ်နေကြောင်း ၎င်းက ဆို သည်။
ဧရာဝတီသတင်းဌာနတွင် ‘တိုင်စာ များရှိ၍ မွန်ဝန်ကြီးချုပ်ကို သတိပေး မည်ဟု NLD ပြော’ ဆိုသည့် ခေါင်းစဉ် ဖြင့် ဖော်ပြထားသည့်သတင်းတွင် တိုင် ကြား စာများရှိသည့်အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို သတိ ပေးရန် ပါတီအလုပ်အမှုဆောင်အဖွဲ့တွင် ဆုံးဖြတ်ထားကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြော ကြောင်း ဖော်ပြခဲ့သည်။
ပြည်နယ်အတွင်း ဒေါက်တာအေးဇံ ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ တိုင်ကြားခံရမှုများရှိနေသည်ဟု သတင်း များထွက်ပေါ်နေသည့်အတွက် ဧရာဝတီ က မေးမြန်းရာ ယင်းကဲ့သို ပြောဆိုခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။