ဇင်းကျွန်းသို့ဆက်သွယ်ထားသည့် ဝါးတံတားနေရာတွင် ကွန်ကရစ်တံတားဖြင့် အစားထိုး

0
519

လောင်းလုံးမြို့နယ်၊ ရှင်မော်သို့ သွားသည့် လမ်းနံဘေးရှိဇင်းကျွန်းသို့ ဆက်သွယ်ထားသည့် ဝါးတံတားနေရာတွင် ကွန်ကရစ်တံတားဖြင့် အစားထိုးတည် ဆောက်လျက်ရှိကြောင်း တံတားဖြစ် မြောက်ရေး ဦးစီးလုပ်ကိုင်နေသူများထံမှ သိရသည်။
အောက်ကျောက်ဝပ်ရွာအနီးရှိ ဇင်း ကျွန်း(ခ) ကျွန်းသာယာကျွန်းသို့ ယခင် က ဆက်သွယ်ထားသည့် ဝါးတံတားမှာ မိုးရာသီတွင် လှိုင်းလေဒဏ်ကြောင့် နှစ် စဉ်ပျက်စီးနေသဖြင့် တံတားဖြစ်မြောက် ရေး ဦးစီးလုပ်ကိုင်နေသည့် ဦးကျော်ရွှေ က ဆိုသည်။
“လူတွေက သဘာဝဝါးတံတား လေးကို စိတ်ဝင်စားကြတာသိပေမယ့် မိုးတွင်းဆို မျောပါသွားလေ့ရှိတယ်၊ ဝါး ကဝယ်ရတာလည်း မလွယ်ဘူး”ဟု ဦးကျော်ရွှေက ဆိုသည်။

ဝါးတံတားဖြင့် တည်ဆောက်ထား ခဲ့စဉ်က ထားဝယ်ဒေသခံများ အပါအဝင် ဒေသသို့လာရောက် လည်ပတ်သည့် ပြည်တွင်း ပြည်ပခရီးသွားများက စိတ် ဝင်တစား သွားရောက်လည်ပတ်မှုများ ရှိသည်။
ကွန်ကရစ်တံတားကို ပြီးခဲ့နှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး အလှူခံရရှိ သည့် ငွေကြေးဖြင့် ဖြည်းဖြည်းချင်း တည်ဆောက်နေရကြောင်း တံတားတည် ဆောက်ရေးတွင် ဦးဆောင်ပါဝင်နေသည့် ကြက်လွှတ်ဘုရားတောင် ဆရာတော် ဦးဝရက မိန့်သည်။

“ဒီနှစ်မှာတော့ တံတားတိုင်တစ်လုံး ပဲ လုပ်ရသေးတယ်၊ ကျန်တာတွေက မနှစ်ကလုပ်ထားတာ”ဟု ဆရာတော် ဦးဝရက မိန့်ကြားသည်။
အဆိုပါနေရာတွင် ဝါးတံတားပျက် စီးသွားပြီးနောက်ပိုင်းတွင် ပလပ်စတစ် ပုံး(ဝါးလပ်ပုံး)များဖြင့် ဖောင်ဖွဲ့ကာ တံတားတည်ဆောက်ခဲ့ဖူးသော်လည်း မိုးရာသီရောက်ချိန်တွင် ထပ်မံပျက်စီး သွားခဲ့ကြောင်း ဦးကျော်ရွှေက ဆိုသည်။
လက်ရှိတည်ဆောက်နေသည့် ကွန်ကရစ်တံတားမှာ အရှည်ပေ ၁၁၀၀၊ အကျယ် ၁၀ ရှိမည်ဖြစ်ပြီး လက်ရှိတွင် ကားလမ်းဘက်တွင် ပေ ၁၆၅ ခန့်နှင့် ကျွန်းဘက်တွင် ပေ ၅၀ ခန့် ပြီးစီးနေ ပြီဖြစ်သည်။