ရေဖြူမြို့နယ်တွင် ၄၅ ရက်အတွင်း မြေမြှုပ်မိုင်း နင်းမိသူ ၄ ဦးရှိ

0
482

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၉ ရက်က ဒေသခံတစ်ဦး သည် ၎င်း၏ခြံဝင်းအတွင်း မြေမြှုပ်မိုင်း နင်းမိခဲ့ရာ ယင်းဖြစ်စဉ်သည် အဆိုပါ ဒေသတွင် ၄၅ ရက်အတွင်း စတုတ္ထ မြောက် မြေမြှုပ်မိုင်း နင်းမိသည့် ဖြစ်စဉ် ဖြစ်သည်။
နိုဝင်ဘာ ၂၉ ရက် နံနက် ၇ နာရီခွဲခန့်က အလယ်စခန်းကျေးရွာနေ နိုင်ကွန်ဗလိုင် (၃၃ နှစ်)သည် ၎င်းပိုင် ဆိုင်သည့် ဥယျာဉ်ခြံ အတွင်းရှိ တဲအနီး တွင် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက် နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံ မှ သိရသည်။
“ရေးဆေးရုံကနေ မော်လမြိုင် ဆေးရုံကို တင်လိုက်တယ်၊ မော်လမြိုင် ဆေးရုံရောက်မှပဲ ခြေထောက်ရဲ့အခြေ အနေ ဖြတ်ရမလား မဖြတ်ရဘူးလားဆို တာသိမယ်၊ ကိုယ်တွေမှာက မိုင်းအစအန နဲ့ ခြစ်မိတာတွေ ရှိတယ်။ မျက်စိလည်း မှုန်နေတယ်လို့တော့ ပြောတယ်၊ စမ်း သပ်ပြီးမှ သိရမယ်”ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြောသည်။
အလယ်စခန်းကျေးရွာအနီး ဒေသ ခံများ လုပ်ကိုင်နေသည့် ဥယျာဉ်ခြံ အတွင်း အောက်တိုဘာ ၁၅ ရက်မှစပြီး မြေမြှုပ်မိုင်းနင်းမိမှု ယခုတစ်ကြိမ်ပါ ဆိုလျှင် ၄ ကြိမ်ရှိပြီဖြစ်ကြောင်း၊ မိုင်း နင်းမိသည့် နေရာသည် အလယ်စခန်း ရွာမှ ၄ မိုင်ခန့် အကွာရှိ ဥယျာဉ်ခြံများ အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း အထက်ပါ အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

ဒေသခံများ လုပ်ကိုင်စားသောက် နေကြရသည့် ဥယျာဉ်ခြံအတွင်း မြေမြှုပ် မိုင်းထောင်ထားပြီး နင်းမိပေါက်ကွဲမှု ဖြစ်ပွားနေသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားထား သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းပေး ခြင်း မရှိသေးကြောင်း ၎င်းက ပြော သည်။
အလယ်စခန်းတွင် မြေမြှုပ်မိုင်းနင်း မိသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည် ထောင်စုအဆင့် (ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော် မတီ-JMC) ထံသို့ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက တင်ပြဆွေးနွေးထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ JMC-S အဖွဲ့ဝင် စဧရာဝင်းက ပြောသည်။

လက်ရှိဖြစ်နေသည့်ကိစ္စမှာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အချင်း ချင်းကြားမှ ပြဿနာဖြစ်နေပြီး တနင်္သာ ရီတိုင်း JMC-S တွင် မွန်ပြည် သစ်ပါတီက မရှိသေးသည့်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် အခက်အခဲရှိ နေသည်ဟု စဧရာဝင်းက ဆိုသည်။ “မွန်က တိုင်းနဲ့ပြည်နယ်အဆင့်မှာ မရှိ ဘူး။ ပြည်ထောင်စုအဆင့်မှာပဲ ပါဝင်ခွင့် ရထားတာ လောလောဆယ်မှာ။ ဒါကြောင့် အခုဆွေးနွေးဖို့အတွက်က နည်းနည်း အခက်အခဲရှိနေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ် ပွားသည့်ဒေသတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) တပ်ဖွဲ့တို့ အဓိက လှုပ် ရှားရာနယ်မြေဒေသဖြစ်ပြီး မြန်မာ့တပ် မတော်တပ်ရင်းတပ်ဖွဲ့တို့မှလည်း တစ်ခါ တစ်ရံ ရောက်ရှိလာတတ်သည့် နယ်မြေ ဒေသဖြစ်သည်ဟု သိရသည်။
မွန်ပြည်သစ်ပါတီအနေနှင့်က အပစ်ခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် မြေမြှုပ်မိုင်းအသုံးပြုမှု မရှိခဲ့ကြောင်း ယခု ဖြစ်ပွားခဲ့သည့် မြေ မြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်သည်လည်း ၎င်းတို့တပ်ဖွဲ့မှ မြေမြှုပ်မိုင်းများမဟုတ် ကြောင်း ပြောဆိုထားသည်။
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့ နယ်တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တို့ လှုပ် ရှားရာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူ မြို့နယ်အတွင်းတွင် နယ်မြေအငြင်းပွား KNU မှ သစ်ထုတ်လုပ်နေမှုကြောင့် ၂၀၁၆^၂၀၁၇ ခုနှစ်အတွင်း ၆ ကြိမ်ထက် မနည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။