မြိတ်တွင် ကင်းပုစွန်ရရှိမှု တိုးလာ

0
1365

မြိတ်ခရိုင်တွင် ယခင်ကထက် ကင်းပုစွန်ရရှိမှု တိုးလာကြောင်း မြိတ် မြို့ရှိ ကင်းပုစွန်ရောင်းဝယ်ရေး ဒိုင်အချို့ ထံမှ သိရသည်။
ဒေသခံများက ပကန်းဟုခေါ်သည့် ကင်းပုစွန်များကို မိုးရာသီတွင် အများ ဆုံးရလေ့ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။
၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့က မိုးရာ သီတွင် တစ်လလျှင် ကင်းပုစွန် ၅ တန် ခန့်သာရခဲ့သော်လည်း ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့တွင် မိုးရာသီတစ်လလျှင် ၁၀ တန်ခန့်ရရှိခဲ့ကြောင်း မြိတ်မြို့၊ ကန်ဖျား ရပ်ရှိ ကင်းပုစွန် အရောင်းအဝယ်ပြုလုပ် သူ ဦးနောင်မဲထံမှ သိရသည်။
“ဒီနှစ်နှစ်ထဲမှာ ဒီရေတောထိန်း သိမ်းလိုက်တော့ အခုလိုအထွက်များလာ တာ”ဟု ၎င်းက ဆိုသည်။

လက်ရှိအစိုးရလက်ထက်တွင် ဒီ ရေတောမီးသွေး ထုတ်လုပ်မှုပိတ်ပင် ခြင်း၊ အစုအဖွဲ့ပိုင်ဒီရေတောအချို့သတ် မှတ်ခြင်း၊ ဒေသခံများက တစ်နိုင်တစ်ပိုင် ထိန်းသိမ်းခြင်းတို့ကို လုပ်ဆောင်ခဲ့ ကြောင်း ကင်းပုစွန်ဖမ်းသူများနှင့် အရောင်းအဝယ်ပြုလုပ်သူအချို့က ဆို သည်။
ကင်းပုစွန်ခေါ် ပကန်းများသည် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း ဥ ဥလေ့ရှိပြီး တစ်နှစ်လုံးတွင်မှ သားတစ် ကြိမ်သာပေါက်လေ့ရှိကြောင်း ပကန်း (ကင်းပုစွန်)ဖမ်းသူများနှင့် ရောင်းဝယ် သူများထံမှ သိရသည်။
“ရာသီမရွေး တစ်နှစ်ပတ်လုံး ဖမ်း လို့ရနိုင်တယ်။ သားငါးမရရင် ဒီပကန်း နှိုက်ပြီးပဲ စားဝတ်နေရေးကို ဖြေရှင်းနေရ တယ်”ဟု ကျွန်းစုမြို့နယ်မှ လာရောက် ရောင်းချသူ အသက် ၄၅ နှစ်အရွယ် ရေ လုပ်သားတစ်ဦးက ပြောသည်။

ကင်းပုစွန်များကို ဒီရေတောများရှိ သည့် ဘုတ်ပြင်း၊ ကျွန်းစု၊ မြိတ်၊ ပုလော စသည့် မြို့နယ်များတွင် အများဆုံးရရှိပြီး ဒေသခံများမှ ကင်းပုစွန်များပေါက်ဖွား သည့် လတာပြင်၊ ရွှံ့ပြင်များတွင် လက် ဖြင့်နှိုက်ဖမ်းခြင်း၊ ပိုက်ဖြင့် ထောင်ဖမ်း ခြင်း စသဖြင့် ဖမ်းဆီးလေ့ရှိသည်။
ကင်းပုစွန်အရှင် တစ်ကီလိုလျှင် အကောင်အကြီးအသေးပေါ် မူတည်ပြီး အနိမ့်ဆုံး ကျပ်တစ်သောင်းခွဲမှ လေး သောင်းအထိ ပေါက်ဈေးဖြင့် ဒိုင်များက ဝယ်ယူလျက်ရှိသည်။
မြိတ်တွင် ကင်းပုစွန်အဝယ်ဒိုင် ငါး ဒိုင်ခန့်ရှိပြီး ကင်းပုစွန်များကို ရန်ကုန်မှ တစ်ဆင့် တရုတ်ပြည်သို့ အဓိက တင်ပို့ ရောင်းချလျက်ရှိကြောင်း ကင်းပုစွန် အဝယ်ဒိုင်အချို့ထံမှ သိရသည်။