ထားဝယ်ဈေးများတွင် အလေးချိန်မမှန်သည့် ဆိုင်များကို စစ်ဆေးအရေးယူမည်

0
532

ထားဝယ်မြို့နယ်အတွင်းရှိ ဈေး များတွင် ချိန်ခွင်ဖြင့်ရောင်းချသည့် ဆိုင်များကို အလေးချိန်မှန် မမှန်စစ်ဆေး ကာ အရေးယူမှုများကို ဒီဇင်ဘာလလယ် ခန့်မှ စတင်လုပ်ဆောင်တော့မည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှု အောက်ရှိ ဈေးများ၊ ပုဂ္ဂလိကဈေးများနှင့် ကျေးရွာများရှိ ဈေးများတွင်ပါ အလေး ချိန်မှန်မမှန်လိုက်လံစစ်ဆေးပြီး အလေး ချိန်မမှန်သည့် အလေးများကို သိမ်း ဆည်းကာ စံချိန်မီသည့် အလေးများကို ရောင်းချပေးမည်ဖြစ်ကြောင်း အမှုဆောင် အရာရှိက ဆိုသည်။
ယင်းကဲ့သို့ အလေးချိန်ရောင်းချပေး ပြီး ဒုတိယအကြိမ် အလေးချိန်မမှန်ဘဲ ထပ်ရောင်းနေသည်ကို စစ်ဆေးတွေ့ရှိ ပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေး ယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စားသုံးသူတွေအနေနဲ့ သူတို့ပေးရ တဲ့ ဈေးနဲ့တန်တဲ့ အလေးချိန်ပြည့်ပြည့် ၀၀ရစေချင်လို့ ဒီရည်ရွယ်ချက်နဲ့ပဲလုပ် တာပါ”ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့ ကမ်းနားဈေးတွင် အမဲသားရောင်းချနေသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကမူ ယင်း ကဲ့သို့ စစ်ဆေးအရေးယူမည့် အစီအစဉ် ကိုသဘောကျကြောင်း ပြောသည်။
“ဒီလိုစစ်ဆေးတာ ဖြစ်သင့်တယ်။ အားလုံးအတွက် ပိုကောင်းသွားတာ ပေါ့”ဟု အထက်ပါအမျိုးသားက ဆိုသည်။
လက်ရှိတွင် အချို့သောဆိုင်များမှာ အချိန်အတွယ်ပစ္စည်းများကို နည်းအမျိုး မျိုးဖြင့် ပြုပြင်ကာ ရောင်းချနေခြင်းများရှိ ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာ ယာရေးအဖွဲ့ထံမှ သိရသည်။

စပါးရောင်းဝယ်ခြင်းနှင့် ဈေးများ တွင် အသားငါး ဝယ်ယူရောင်းချခြင်း တို့တွင် အလေးတင်းတောင်း၊ အချိန် အတွယ်များ သတ်မှတ်စံနှုန်းအတိုင်း မှန်ကန်မှုမရှိပါက ရပ်ကျေးအုပ်ချုပ်ရေး မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် စီမံဘဏ္ဍာဝန်ကြီး အစရှိသူများထံ တိုင်ကြားနိုင်ကြောင်း တိုင်းဒေသအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ၂၀၁၇ ခုနှစ် နှစ်ကုန် ပိုင်းတွင် ပြောကြားခဲ့ဖူးသည်။