မော်လမြိုင်လေဆိပ်တွင် အမောင်းသင်လေယာဉ်တစ်စီး ရှေ့ဘီးကျိုး

0
567

မြန်မာအမျိုးသား လေကြောင်း လိုင်းမှ မောင်းသင်လေယာဉ်တစ်စီး မော်လမြိင်လေဆိပ်တွင် ဆင်းသက်စဉ် ရှေ့ဘီးကျိုးပြီး ပန်ကာ ကွေးကောက် ကာ ခေါင်းစိုက်မှု ဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်လေဆိပ် မန်နေဂျာထံမှ သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့က နံနက် ၈ နာရီ ၄၇ မိနစ်တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာလာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ XY-AMB (Cessna အမျိုးအစား) အမောင်းသင်လေယာဉ် သည် မော်လမြိုင်လေဆိပ်တွင် နံနက် ၉ နာရီ ၂၈ မိနစ်တွင် ဆင်းသက်ရာမှ ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“လေယာဉ် ဘီးလမ်းချော်တာ မဟုတ်ဘူး၊ ဘေးထိုးဆင်းသွားတာပါ၊ လူထိခိုက်မှု မရှိဘူး၊ လူတင်လေယာဉ် လည်း မဟုတ်ဘူး၊ လေယာဉ်က မောင်း သင်ဖို့လာတယ်၊ လေယာဉ်ထဲမှာ ယာဉ် မောင်း ၅ ဦးနဲ့ လေယာဉ်မယ် ၄ဦးပါ တယ်၊ ဘာမှမဖြစ်ဘူး၊ မော်လမြိုင် လေ ယာဉ်ကွင်းမှာ မောင်းသင်နေကျပါ”ဟု မော်လမြိုင်လေဆိပ်မန်နေဂျာ ဦးလှဦးက ပြောသည်။

အမောင်းသင်သည့် လေယာဉ်မှာ လေယာဉ်အဟောင်းမဟုတ်ဟု ဦးလှဦး က ဆိုသည်။
မော်လမြိုင်လေဆိပ်တွင် ယခုဖြစ် ခပွားခဲ့သည့်ဖြစ်စဉ်သည် ပထမဆုံး အကြိမ်သည်ဟု ၎င်းက ပြောသည်။
အဆိုပါ ခေါင်းစိုက်မှုဖြစ်ပွားခဲ့ သည့် မောင်းသင်လေယာဉ်သည် လူ တင်စီးပါက ၁၂ ယောက်စီးနင်းနိုင်သည့် လေယာဉ်ဖြစ်ကြောင်း မော်လမြိုင်လေဆိပ်မန်နေဂျာရုံးထံမှ သိရသည်။
မော်လမြိုင်လေဆိပ်တွင် အပတ် စဉ်တနင်္လာနေ့တိုင်း ကော့သောင်း- မော်လမြိုင်၊ ရန်ကုန်- မော်လမြိုင် ခရီး စဉ်လေယာဉ်များ ဆင်းသက်လျက်ရှိ သည်။