လောင်းလုံးဘုတ်ကျွန်းအနီး ဖမ်းမိသည့် ဘင်္ဂါလီများကို နေရပ်ပြန်ပို့မည်

0
480

ထားဝယ်ခရိုင် လောင်းလုံးဘုတ် ကျွန်းအနီး ပင်လယ်ပြင်တွင် ဖမ်းမိသည့် ဘင်္ဂါလီများကို မူရင်းထွက်ခွာလာသည့် နေရာကို ပြန်ပို့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ပြော သည်။
ကလေး၊ လူကြီးအပါအဝင် ဘင်္ဂါ လီလူမျိုး စုစုပေါင်း ၉၃ ဦးကို လောင်း လုံးဘုတ်ကျွန်း၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ လှေတစ်စီးပေါ်၌ နိုဝင်ဘာလ ၂၅ ရက်က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘင်္ဂါလီလူမျိုးများမှာ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ရခိုင် ပြည်နယ် စစ်တွေမြို့နယ် သဲချောင်းကျေး ရွာအုပ်စု ဒါးပိုင်ကျေးရွာဆိပ်ကမ်းမှ အောက်တိုဘာလတွင် စတင်ထွက်ခွာလာ ကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။
၎င်းတို့အား စတင်ထွက်ခွာလာ သည့် မူရင်းနေရပ်သို့ တပ်မတော်ရေ သင်္ဘောဖြင့် ပြန်လည်ပို့ဆောင်မည်ဖြစ် ပြီး လက်ရှိတွင် လောင်းလုံးမြို့နယ်၊ စမ်းလှမ်း ကမ်းခြေအနီး ပင်လယ်ပြင်ရှိ တပ်မတော်လှေပေါ်တွင်ပင် ကျွေးမွေး ကာ ထိန်းသိမ်းထားကြောင်း ဒုရဲမှူးကြီး စိန်ဝင်းက ဆိုသည်။
“ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ် ချက်အရ ရခိုင်ကို ပြန်ပို့မယ်၊ ပို့မယ့်ရက် တော့ မသိသေးဘူး”ဟု ဒုရဲမှူးကြီး စိန်ဝင်းက ပြောသည်။
ဖမ်းမိခဲ့သည့် အလျား ၄၂ ပေ၊ အနံ ၁၁ ပေရှိ လှေပေါ်တွင် ဘင်္ဂါလီလူမျိုး လူကြီး ၆၁ ဦးနှင့် ကလေး ၃၂ ဦး လိုက် ပါလာကြကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

စစ်ဆေးချက်များအရ သဲချောင်း ကျေးရွာနေ ပွဲစားတစ်ဦးအား ပွဲခအဖြစ် တစ်ဦးလျှင် ကျပ် ၅ သိန်းကို ပေးခဲ့ရ သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။
အထက်ပါလှေနှင့်အတူ ဘင်္ဂါလီ ၆၀ ဦးတင်ဆောင်လာသည့် အခြားလှေ တစ်စီးတို့ အတူထွက်ခွာလာစဉ် အခြား လှေမှာ ဒါးပိုင်ကျေးရွာအနီးတွင်ပင် ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။