ကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရန် အချိန်နှစ်လသာလို၊ ပြန်လည်မှတ်ပုံတင်သည့်ကုမ္ပဏီ ၁၀ ရာခိုင်နှုန်းသာရှိသေး

0
442

ကုမ္ပဏီများဥပဒေသစ်အရ အွန် လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရမည့် အချိန် နှစ်လသာလိုတော့ပြီး ပြန်လည် မှတ်ပုံတင်ထားသည့်ကုမ္ပဏီအရေအ တွက်မှာ ၁၀ ရာခိုင်နှုန်းသာရှိသေး ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦး စီးဌာန(DICA) ထံမှ သိရသည်။
ယခင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီ များအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီ ဥပဒေ အသစ်အရ ယခုနှစ် ဩဂုတ်လမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကုန်အထိ ခြောက်လ တာကာလအတွင်း အွန်လိုင်းစနစ်ဖြင့် ပြန်လည် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။
တိုင်းအတွင်း ယခင်က မှတ်ပုံတင် ထားသည့် ကုမ္ပဏီပေါင်း တစ်ထောင် ခန့်ရှိရာ ဩဂုတ်လ ၁ရက်မှ နိုဝင်ဘာ လကုန်ခါနီး အချိန်ထိ တိုင်းဒေသကြီး (DICA ) ရုံးတွင် ပြန်လည်မှတ်ပုံတင်သည့် ကုမ္ပဏီအရေအတွက် တစ်ရာခန့်သာရှိ သေးကြောင်း DICA ဌာနမှ ဒုတိုင်း ဦးစီးမှူး ဒေါ်သန်းသန်းနုက ဆိုသည်။
ဥပဒေသစ်က ဩဂုတ်လ ၁ ရက် တွင် စတင်အသက်ဝင်ခဲ့ပြီး ယခင်က မှတ်ပုံတင်ထားသည့် ကုမ္ပဏီများအနေ ဖြင့် အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံ တင်ရမည်ဖြစ်သည်။

လက်ရှိအချိန်ထိ DICA ရုံးတွင် အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံတင် သည့် ကုမ္ပဏီပေါင်း တစ်ရာခန့်ရှိပြီး ရုံးပြင်ပတွင် မိမိအစီအစဉ်ဖြင့် မှတ်ပုံ တင်သည့် ကုမ္ပဏီအချို့လည်း ရှိနိုင် ကြောင်း ဒုတိုင်းဦးစီးမှူး ဒေါ်သန်းသန်းနု က ဆိုသည်။
“အခုက ပြန်ပြီးမှတ်ပုံတင်တဲ့ ကုမ္ပဏီ က တော်တော်နည်းနေသေးတဲ့ အနေ အထားမှာ ရှိတယ်၊ နောက်ပိုင်းဆိုရင် ဒဏ်ကြေးပါ ကောက်ခံတော့မယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။
ကုမ္ပဏီကို ပြန်ပြီးမှတ်ပုံမတင်မနေ ရ ပြဌာန်းထားသည့်အတွက် ပြီးခဲ့သည့် လကပင် မှတ်ပုံတင်ခဲ့ပြီးဖြစ်ကြောင်း ထားဝယ်မြို့ အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

“ပြန်ပြီး မှတ်ပုံတင်ဆိုလည်း အများ နည်းတူ ပြန်လုပ်ရတာပေါ့”ဟု အဆိုပါ အမျိုးသားက ပြောသည်။
ကုမ္ပဏီပြန်လည်မှတ်ပုံတင်ရာတွင် အသေးစိတ်အချက်အလက်များကို ဖြည့်သွင်းရသဖြင့် ကိုယ်တိုင်ပြုလုပ်ရန် မလွယ်ကူဘဲ DICA ရုံးတွင်သွားရောက် အကူအညီတောင်းခံခဲ့ကြောင်း ၎င်းက ဆိုသည်။
အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း ကို တိုင်းဒေသကြီး DICA ရုံးအပြင် DICA ရုံးချုပ်တွင်လည်းကောင်း၊ မိမိ အစီအစဉ်ဖြင့် လည်းကောင်း ပြန်လည် မှတ်ပုံတင်နိုင်ကြောင်း အထက်ပါရုံးထံမှ သိရသည်။