ရေဖြူမြို့နယ်တွင် မြေမြှုပ်မိုင်း နင်းမိမှု ဆက်တိုက်ဖြစ်ပွား၊ ဒေသခံများ ခြံမသွားရဲဖြစ်နေ

0
457

ရေဖြူမြို့နယ် အလယ်စခန်း ကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်း မိသည့် ဖြစ်စဉ်ဆက်တိုက် ဖြစ်ပွားခဲ့ မှုကြောင့် လက်ရှိတွင် ဒေသခံများ ခြံမ သွားရဲကြတော့သည့် အနေအထားရှိနေ သည်ဟု ဒေသခံများထံမှ သိရသည်။
အလယ်စခန်းကျေးရွာအနီးရှိ ဒေ သခံများ လုပ်ကိုင်နေသည့် ဥယျာဉ်ခြံ အတွင်း အောက်တိုဘာ ၁၅ ရက်မှစပြီး မြေမြှုပ်မိုင်းနင်းမိမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းနင်းမိသည့် ဒေသတစ်ဝိုက်မှ ခြံရှင် များ ခြံမသွားရဲကြတော့ကြောင်း အလယ် စခန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြော သည်။
“မိုင်းနင်းမိတဲ့နေရာတွေက တစ်နေ ရာနဲ့ တစ်နေရာ ၁ မိုင်လောက်ရှိတဲ့ ခြံ ထဲမှာပဲ ဖြစ်နေတော့ အခုဆိုရင် မြေမြှုပ် မိုင်းနင်းမိတဲ့ နေရာတစ်ဝိုက်က ခြံတွေ ဘယ်သူမှ ခြံမသွားရဲကြတော့ဘူး” ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြောသည်။

အောက်တိုဘာ ၁၅ ရက်က လုံခြုံ ရေးလှည့်ကင်းလှုပ်ရှားနေသည့် မွန်ပြည် သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦး မြေမြှုပ်မိုင်း နင်းမိသဖြင့် ဘယ်ခြေတစ်ဖက် ဖြတ် တောက်ခဲ့ရပြီး အောက်တိုဘာ ၂၈ ရက် နေ့ကလည်း ရေးမြို့နယ်၊ ဟံဂံကျေးရွာခံ တစ်ဦးက ရေဖြူမြို့နယ် အလယ်စခန်း ကျေးရွာအနီးရှိ ကွမ်းသီးခြံသို့အဝင် လမ်းမဘေးတွင် မြေမြှုပ်မိုင်းနင်းမိသဖြင့် ညာခြေတစ်ဖက် ဖြတ်တောက်ခဲ့ရသည်။
ထို့အတူ နိုဝင်ဘာ ၁၀ ရက်က လည်း အလယ်စခန်းကျေးရွာအနီးတွင် ဟံဂံရွာသားတစ်ဦးက ဆိုင်ကယ်ဖြင့် ခြံ သွားစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲရာ ဆိုင်ကယ် ပျက်စီးသွားခဲ့သည်။

မြေမြှုပ်မိုင်း နင်းမိသည့်နေရာ တစ်ဝိုက်တွင် ကွမ်းသီး၊ ဒူးရင်းသီးစိုက် ပျိုးထားသည့်ခြံ ရာနှင့်ချီ ရှိသည်ဟု ဒေသခံတို့မှ သိရသည်။
“အလယ်စခန်းမှာ ခြံသွားလုပ်နေ တာ ၁၀ နှစ်ကျော်လောက်ရှိပြီး မြေမြှုပ် မိုင်းနင်းမိတဲ့ ဖြစ်စဉ်မျိုးက မကြားဖူးဘူး၊ ဒီတလောဆိုရင် ဆက်တိုက်နင်းမိနေ တော့ ဘယ်သူမှလည်း ခြံထဲမသွားရဲကြ တော့ဘူး၊ နင်းမိတဲ့လူတွေက ခြံသွားလို့ ခြံထဲမှာပဲ နင်းမိကြတယ်” ဟု အလယ် စခန်းဒေသခံ နိုင်လွန်က ပြောသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ် သက်ပြီး သက်ဆိုင်ရာသို့ အကြောင်း ကြားထားသော်လည်း တစ်စုံတစ်ရာ ဖြေ ရှင်းပေးခြင်း မရှိသေးကြောင်း အလယ် စခန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြော သည်။

အဆိုပါ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ် ပွားသည့်ဒေသတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) တပ်ဖွဲ့တို့ အဓိက လှုပ် ရှားရာနယ်မြေဒေသဖြစ်ပြီး မြန်မာ့တပ် မတော်တပ်ရင်းတပ်ဖွဲ့တို့မှလည်း တစ်ခါ တစ်ရံ ရောက်ရှိလာတတ်သည့် နယ်မြေ ဒေသဖြစ်သည်ဟု သိရသည်။