နိုဝင်ဘာလအတွက် မြိတ်မီတာခ တစ်ယူနစ် ကျပ်ငါးရာကျော်ကျမည်

0
393

မြိတ်တွင် နိုဝင်ဘာလအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ငါးရာကျော် ကျသင့်မည်ဖြစ်ကြောင်း မြိတ်အခြေစိုက် မီးလင်းရေးလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် တစ်ယူနစ်လျှင် ၄၉၅ ကျပ်နှုန်းကျသင့်ခဲ့ ပြီး နိုဝင်ဘာလအတွက် ၅၀၅ ကျပ်နှုန်း ဖြင့် ကောက်ခံမည်ဖြစ်ကြောင်း မီးလင်း ရေးလုပ်ငန်းတချို့က ဆိုသည်။

ဒီဇယ်ဆီဈေးနှုန်း တစ်ပီပါလျှင် ပျမ်းမျှ ၂၃၅၀၀၀ ကျပ်နှုန်းဖြင့်တွက် ချက်ရာ နိုဝင်ဘာလအတွက် မီတာခတစ် ယူနစ်လျှင် ၅၁၀ ကျပ်နှုန်းကျသင့်နေ သော်လည်း ၅၁၀ ကျပ်နှုန်းကောက်ခံ မည်ဆိုပါက လျှပ်စစ်မီးသုံးစွဲသူတို့မှ ဝေဖန်ပြောဆိုမှုများရှိလာနိုင်သည့်အ တွက် ၅၀၅ ကျပ်သာကောက်ခံမည်ဖြစ် ကြောင်း ကန်ခေါင်းရပ်ကွက် လျှပ်စစ် စွမ်းအားအကူ မီးလင်းရေး လုပ်ငန်းရှင် ဦးဘငယ်က ပြောပြသည်။
“ငါးကျပ်ကို နောက်လမှာသွား ပေါင်းမယ်” ဟု ဦးဘငယ်က ဆိုသည်။

လက်ရှိတွင် ဒီဇယ်ဈေး ကျဆင်းနေ သဖြင့် ဒီဇင်ဘာလတွင် ဒီဇယ်တစ်ပီပါ လျှင် ပျမ်းမျှ ၂၂၉၀၀၀ ကျပ်နှုန်းဖြင့် တစ်ယူနစ်လျှင် ၅၀၀ ကျပ်နှုန်းကျသင့် မည်ဖြစ်ပြီး ၅ ကျပ်ထည့်ပေါင်းမည်ဆို ပါက ဒီဇင်ဘာလတွင်လည်း ၅၀၅ ကျပ်နှုန်းဖြစ်သွားမည်ဖြစ်ကြောင်း ဦးဘငယ်က ရှင်းပြသည်။
“ကုန်ဈေးနှုန်းလိုပဲ မီတာခက တော့တက်ပြီး ပြန်မဆင်းတော့ဘူး”ဟု မြို့သစ်ရပ်ကွက်နေ လျှပ်စစ်မီးသုံးစွဲ သူတစ်ဦးဖြစ်သည့် ဦးဝင်းစိုးက ပြော သည်။
လျှပ်စစ်မီတာခနှုန်းထားများမှာ ပြီးခဲ့သည့် စက်တင်ဘာလမှစပြီး မြင့် တက်လာနေခြင်း ဖြစ်သည်။

မြိတ်တွင် ပုဂ္ဂလိကမီးလင်းရေးလုပ် ငန်း ၉ ဖွဲ့ရှိပြီး မီတာခနှုန်းထားကို ပုဂ္ဂလိ ကမီးလင်းရေးလုပ်ငန်းများနှင့် မြိတ်မြို့ နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ် ငန်းတို့က လစဉ် အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်သတ်မှတ်လေ့ရှိသည်။