ထားဝယ် ရိုးရာအထည်များ အရောင်းသွက်လာ

0
1127

ယခုနှစ်ပွင့်လင်းရာသီတွင် ထားဝယ် ရိုးရာ အထည်များ ယခင်နှစ်ထက် ပို၍အရောင်းသွက်လာကြောင်း ထားဝယ် ရိုးရာ အထည်အရောင်းဆိုင် အချို့ထံမှ သိရသည်။
ထားဝယ်ရိုးရာအထည်များကို အသင်းအဖွဲ့များ၊ ထားဝယ်ဒေသခံများ နှင့် ခရီးသွားဧည့်သည်များ ဝယ်ယူဝတ် ဆင်လာခြင်းကြောင့် တစ်နှစ်ထက်တစ် နှစ် ရောင်းအားပိုတက်လာကြောင်း ထားဝယ်ရိုးရာ အထည်ရောင်းသူအချို့က ပြောသည်။

“အထည်သား၊ ဆေးသား၊ ဒီဇိုင်း ကာလာနဲ့ Quality ကောင်းအောင်လုပ် လာတဲ့အတွက် ဝယ်သူအနေနဲ့ ပိုပြီးစိတ် ဝင်စားလာတယ်။ အခုက ဒီဇိုင်းသစ် ထွက်တာနဲ့ အမြဲတမ်းရောင်းလာရတယ်” ဟု ထားဝယ်ပေါ်ပြူလာ ထားဝယ်ရိုးရာ အထည်ဖြန့်ချိရေး အရောင်းဆိုင်မှ ဒေါ်စုစုခိုင်က ပြောသည်။
၎င်းအပြင် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လည်း ထားဝယ်ရိုးရာဝတ်စုံကို မကြာ မကြာ ဝတ်ဆင်လေ့ရှိခြင်းကြောင့် အထက် မြန်မာပြည်ရှိ ဒေသများတွင်ပါ လူသိ များကာ မှာယူလာကြသည်ဟု ၎င်းက ပြောသည်။

၂၀၁၇ ခုနှစ် ပွင့်လင်းရာသီ ပွဲတော် ကာလတွင် တစ်လအထည် ၇၀၀ ခန့် သာ ရောင်းခဲ့ရသော်လည်း ယခု ၂၀၁၈ ခုနှစ်တွင် တစ်လအထည် ၁၅၀၀ မှ ၂၀၀၀ ဝန်းကျင်ခန့်အထိ စံချိန်တင် ရောင်းချ နိုင်ခဲ့သည်ဟု ဒေါ်စုစုခိုင်က ဆိုသည်။
ထားဝယ်ရိုးရာအထည်များကို ၂၀၁၆ ခုနှစ်ခန့်မှ စတင်ကာ ပိုမိုရောင်းချ လာရပြီး ယခုနှစ်တွင် ယခင်နှစ်ကထက် ပိုရောင်းရကြောင်း မဟာစံ အဆင့်မြင့် ထားဝယ်ရိုးရာဝတ်စုံနှင့် ပိုးထည်တိုက် ပိုင်ရှင်ဖြစ်သူ ဒေါ်ယုဝါဝါထွေးက ပြောသည်။
ထားဝယ်ရိုးရာအထည်ကို လူငယ် ပိုင်းတွေပိုဝတ်ဆင်လာကြောင်း၊ အသင်း အဖွဲ့များတွင်လည်း ဆင်တူဝတ်ဆင်လာ ခြင်းကြောင့် ထားဝယ်ရိုးရာအထည်ကို မရောင်းရသည့်နေ့ဟူ၍ပင် မရှိဟု ၎င်း က ပြောသည်။

ထားဝယ်ဒေသအတွင်း ရပ်ကွက်၊ ကျေးရွာများတွင် ဖွဲ့စည်းထားသည့် အပျို/လူပျိုအသင်းအချို့မှာလည်း ထား ဝယ်ရိုးရာဝတ်စုံကို တူညီဝတ်စုံအဖြစ် ဝတ်ဆင်မှုများ ရှိလာသည်။
အခြားဒေသများမှ ခရီးသွားများမှာ ထားဝယ်ရိုးရာအထည်များကို ပို၍ ဝယ် ယူကြောင်း ထားဝယ်မြို့ရှိ လက်ဆောင် ပစ္စည်းရောင်းသည့် မလိငပိဆိုင်မှ ဆိုင်ရှင် ဖြစ်သူ ဦးအောင်မင်းနိုင်က ပြောသည်။

ချည်သားဖြင့်ပြုလုပ်သည့် အမျိုး သမီးဝတ်လုံချည်တစ်ထည်လျှင် အရည် အသွေးနှင့် အမျိုးအစားအလိုက် ကျပ် ၆၅၀၀ မှ ကျပ် ၂၉၀၀၀ အထိရှိပြီး ဝမ်းဆက် တစ်စုံလျှင် ကျပ် ၁၁၀၀၀ မှ ကျပ် ၅၀၀၀၀ ကျော်တန်အထိရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
အမျိုးသားဝတ်လုံချည်မှာ ၈၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ် အထိရှိကြောင်း ထားဝယ်ရိုးရာအထည် အရောင်းဆိုင် အချို့ထံမှ သိရသည်။
ထားဝယ်ရိုးရာအထည်များတွင် အမျိုးသမီးဝတ်၊ အမျိုးသားဝတ်အပြင် လက်ဆွဲအိတ်အမျိုးမျိုးနှင့် ပုဝါပိုင်းများ ကိုပါ ဈေးကွက်အတွင်း ရောင်းချလျက် ရှိကြောင်း ထားဝယ်ရိုးရာအထည်အ ရောင်းဆိုင်အချို့ထံမှ သိရသည်။