ထားဝယ်တွင် အခွန်ကြွေးကျန် ကျပ်သန်းသုံးရာကျော်ရှိ

0
545

ထားဝယ်မြို့နယ်အတွင်း ခေတ် အဆက်ဆက်မှ ပေးသွင်းရန် ကျန်နေ သည့် အခွန်ကြွေးကျန် စုစုပေါင်း ကျပ် သန်း သုံးရာကျော် ကောက်ခံရန် ကျန် နေကြောင်း ထားဝယ်မြို့နယ် ပြည်တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။

ယခုနှစ် အောက်တိုဘာလအထိ စာရင်းများအရ အမြတ်ခွန် ကျပ် ၄၉ သန်း၊ ဝင်ငွေခွန် ကျပ် ၁၃၈ သန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၃၇ သန်း ကျန်ရှိနေခြင်း ဖြစ်သည်။
ကောက်ခံရန် ကျန်နေသည့် အခွန် ကြွေးကျန်များကို မြေပြင်ကွင်းဆင်းကာ အကြွေးကျန်နေသူများအနက် လူမရှိ လုပ် ငန်းမရှိသည့်အုပ်စု၊ လူရှိသော်လည်း လုပ်ငန်းမရှိသည့်အုပ်စု၊ လူလည်းရှိ လုပ်ငန်းလည်းရှိသည့် အုပ်စုဟူ၍ ခွဲခြား ပြီး တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနထံ တင်ပြမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ထားဝယ် မြို့နယ်ဦးစီးမှူး ဦးစောရန်အောင်က ဆိုသည်။

“သုံးပိုင်းခွဲပြီး တိုင်းကို တင်ပြမယ်၊ တိုင်းကနေ ဘယ်လိုဆက်လုပ်မယ်ဆို တာ မသိသေးဘူး”ဟု ဦးစောရန်အောင်က ပြောသည်။
ထားဝယ်မြို့နယ်အတွင်း ပြီးခဲ့ သည့် ဘဏ္ဍာရေးနှစ်က အကြွေးကျန် ပမာဏများအနက် အမြတ်ခွန် ကျပ် ၃ သိန်းခွဲ၊ ဝင်ငွေခွန် ကျပ် ၇၉ သန်းနှင့် ဝင်ငွေခွန် ကျပ် ၃၀ သန်း ကောက်ခံရရှိခဲ့ ကြောင်း အထက်ပါဌာနစာရင်းအရ သိ ရသည်။