ဖမ်းဆီးခံ မြန်မာအလုပ်သမားများ တရားဝင်ပြန်ပို့ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံဆွေးနွေး

0
488

ထိုင်းနိုင်ငံ အတွင်းဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ပြန်လွှတ်သည့်အခါ မြန်မာဘက်ခြမ်းသို့ တရားဝင် လွှဲပြောင်းပေးရန် နှစ်နိုင်ငံ နယ်စပ်ဒေသ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးအဖွဲ့ နှင့် နိုဝင်ဘာ ၂၃ရက်က ရွှေသရဖီခန်းမ တွင် ဆွေးနွေးခဲ့ကြောင်း ကော့သောင်း ခရိုင်အထွေအထွေ အုပ်ချုပ်ရေး ဦးစီး ဌာနက ဆိုသည်။

အောက်တိုဘာ ၂၂ရက်က ထိုင်း ဘက်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် မြန်မာအလုပ်သမား ၁၄၅ဦးကို ဒေသ အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားခြင်း မရှိဘဲ ရွှေပြည်စိုးကျေးရွာအုပ်စု ၅အိမ် စုချောင်းအတွင်း ထိုင်းဘက်ခြမ်းမှ စက် လှေဖြင့် တိတ်တဆိတ် လာရောက်စွန့်ပစ် ခဲ့ကြောင်း အထက်ပါဦးစီးဌာန ထံမှသိရ သည်။
အုပ်ချုပ်ရေးအဖွဲ့မှ အချိန်မီသိရှိ၍ ယင်းတို့အနက် ၄၈ဦးကို နေရပ်ပြန်ပို့ ပေးနိုင်ခဲ့ကြောင်း ကော့သောင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးက ဆိုသည်။

“အကြောင်းမကြားဘဲ လာပို့တာ တွေ လာသွန်တာမျိုးတွေ မလုပ်ဖို့ ဆွေး နွေးတယ်၊ ဒီဘက်မှာလည်း နေရပ်ပြန် ပို့ပေးဖို့ စရိတ်စကတွေ ရှိပြီးသာဆိုတော့ တရားဝင်ပြန်လက်ခံပေးဖို့ အုပ်ချုပ်ရေး ဘက်က အဆင်သင့်ပါ”ဟု ၎င်းကဆို သည်။
အဆိုပါ အလုပ်သမားများသည်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည် နယ်နှင့် ချင်းပြည်နယ်မှဖြစ်ပြီး မလေးရှားနိုင်ငံသို့သွားရန် ရနောင်းမှ ထွက်ခွာလာစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့ခြင်း ဖြစ်သည်။