ကိုးတန်းကျောင်းသားကို ရိုက်သည့် ရဲအရာရှိကို ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူ

0
487

ကိုးတန်းကျောင်းသားကို ရိုက်နှက် ထိုးကြိတ်ခဲ့သည့် ရဲအရာရှိအား ရဲစည်း ကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူ နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ဝင်း က ပြောသည်။
နိုဝင်ဘာလ ၁၅ ရက်က ထားဝယ် ဆေးရုံကြီးဝင်းအတွင်း ဆေးရုံဝင်း အတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင် သည့် ကိုးတန်းကျောင်းသားက မိခင် ဖြစ်သူကို စိတ်ကောက်ကာ အိမ်ပေါ် မှဆင်းလာချိန်တွင် တီဘီရောဂါဓာတ် ခွဲခန်အနီး အရောက်တွင် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်များက မသင်္ကာမှုဖြင့် ဖမ်း ဆီးပြီး ရိုက်နှက်ထိုးကြိတ်ခဲ့သည့် အမှု ဖြစ်သည်။

ယင်းအမှုတွင် ကျူးလွန်သည့် ဒုရဲ အုပ် အပါအဝင် ဆေးရုံအချုပ်တွင် တာဝန် ကျသည့်ကင်းအဖွဲ့၊ ထားဝယ်မြို့မ ရဲစခန်းမှ စခန်းမှူး၊ ထိုးကြိတ်ခံရ သည့် ကလေးငယ်နှင့် ၎င်း၏ မိသားစုဝင် များကို နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဒုရဲမှူးကြီး စိန်ဝင်းက ဆိုသည်။
ရေဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး တိုင်းရဲတပ် ဖွဲ့မှ ဒုရဲမှူးနှစ်ဦးပါဝင်သည့် စုံစမ်းစစ် ဆေးရေးခုံရုံး(စုံခုံ)ဖွဲ့ကာ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
စုံခုံဖွဲ့ပြီး စစ်ဆေးရာတွင် ထားဝယ် မြို့မရဲစခန်းမှ အဆိုပါဒုရဲအုပ်က ကျူး လွန်ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ဒုရဲမှူးကြီး စိန်ဝင်းက ဆိုသည်။
“စုံခုံမှာတော့ အမှုပေါ်တယ်၊ ကျူး လွန်ခြင်းရှိ၊ မရှိကို စုံခုံမှာ ဆုံးဖြတ်တာ”ဟု ၎င်းက ပြောသည်။
ကျူးလွန်သည့် ရဲအရာရှိကို ရဲစည်း ကမ်းဥပဒေဖြင့် အပြစ်ပေး အရေးယူခြင်း ကိုသာ ဖြစ်စေချင်သည့်အတွက် အမှု မဖွင့်တော့ကြောင်း ရိုက်နှက်ခံရသည့် ကိုးတန်းကျောင်းသား၏ဖခင် ဦးကျော် စိုးမိုးက ဆိုသည်။

“နောက်လူတွေ မခံရအောင် ရဲ စည်းကမ်းအရ အရေးယူတာပဲ လိုချင် တယ်”ဟု ဦးကျော်စိုးမိုးက ပြောသည်။
လက်ရှိတွင် ဒုရဲအုပ်ကို ရိုက်နှက် ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အရေးယူမည့်အပိုင်းကို အဆင့်ဆင့်တင် ပြလုပ်ဆောင်မည်ဖြစ်ပြီး စစ်ဆေးချိန်မှ အပြစ်ပေး အရေးယူသည့်အချိန်ထိ စုစု ပေါင်း အချိန်တစ်လခန့် ကြာမြင့်နိုင် ကြောင်း ဒုရဲမှူးကြီးစိန်ဝင်းက ဆိုသည်။
ပြီးခဲ့သည့် သင်္ကြန်ပွဲတော်တွင် လည်း ယူနီဖောင်းဝတ်ထားသည့် ရဲမေ တစ်ဦးကို ရေပက်ပြီး ကိုယ်ထိလက် ရောက် ပြုလုပ်ခဲ့သည်ဟုဆိုကာ ရဲတပ် ဖွဲ့ဝင်များက အနီးအနားရှိ အခြားလူငယ် တစ်စုကို လူမှားကာ ဝိုင်းဝန်းရိုက်နှက် ခဲ့ဖူးသည်။