လိုင်စင်လုပ်သည့် သုံးဘီးဆိုင်ကယ် တစ်တိုင်းလုံးတွင် တစ်စီးသာရှိ

0
438

ယခုလအတွင်း လိုင်စင်မဲ့ သုံးဘီး ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးခဲ့ရာ လိုင်စင်လုပ်သည့် သုံးဘီးဆိုင်ကယ် တစ်စီးသာရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန (ကညန) ထံမှ သိရသည်။
၂၀၀၈ ခုနှစ်နှင့် နောက်ပိုင်း ထုတ် လုပ်ထားသည့် လိုင်စင်မဲ့သုံးဘီးများကို တိုင်းကညနရုံးနှင့် ခရိုင်ကညနရုံးများ တွင် နိုဝင်ဘာလ ၁ ရက်မှ ၂၃ ရက်အထိ လိုင်စင်လုပ်ပေးခဲ့သည်။

လိုင်စင်ထုတ်ပေးသည့် နောက်ဆုံး နေ့ဖြစ်သည့် နိုဝင်ဘာလ ၂၃ ရက် ရောက်မှသာ မြိတ်ခရိုင် ကညနရုံးတွင် သုံးဘီးတစ်စီး လိုင်စင်လာလုပ်ခဲ့ကြောင်း တိုင်းကညနရုံးထံမှ သိရသည်။

သုံးဘီးဆိုင်ကယ် ယာဉ်လိုင်စင် လုပ်ရာတွင် သက်တမ်း ၅ နှစ်ကျော်ပြတ် တောက်နေသည့် သုံးဘီး၊ ပြန်လည်တပ် ဆင်ထားသည့် ဘေးတွဲဆိုင်ကယ်၊ ကမ်း စပ်တွင် သွားလာသည့် လေးဘီးဆိုင် ကယ်များနှင့် အိုဟောင်းနေသည့် သုံး ဘီးဆိုင်ကယ်များ မပါဝင်ကြောင်း တိုင်း ကညနရုံးထံမှ သိရသည်။
တိုင်းအတွင်းရှိ သုံးဘီးဆိုင်ကယ် များမှာ မန္တလေး၊ မကွေး အစရှိသည့်နေရာ များမှ တရားဝင်တင်သွင်းလာခြင်းဖြစ် သည့်အတွက် လိုင်စင်မဲ့သုံးဘီးဆိုင်ကယ် မရှိသလောက် နည်းပါးကြောင်း ကညန တိုင်းဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။
“ငါးနှစ်ကျော် သက်တမ်းပြတ်နေ တဲ့ သုံးဘီးက လိုင်စင်လုပ်ပေးမယ့် သတ် မှတ်ချက်နဲ့ မကိုက်ညီတော့ လိုင်စင်လာ လုပ်သူ နည်းတာပါ”ဟု ဦးထင်ပေါ်က ပြောသည်
ထားဝယ်ခရိုင်အတွင်းတွင် ငါးနှစ် ကျော် သက်တမ်းလွန်ကာ သက်တမ်း ပြတ်နေသည့် သုံးဘီးဆိုင်ကယ်အချို့ ရှိနေသည်။