မြိတ်ငါးအမှုန့်ကြိတ်စက်ရုံတစ်ရုံကို စည်ပင်ဥပဒေဖြင့် ခေတ္တရပ်ဆိုင်း

0
410

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးမြိုင်စက်မှုဇုံရှိ အနံ့ဆိုးထွက် ငါးအမှုန့်ကြိတ်စက်ရုံတစ်ရုံအား တိုင်း ဒေသကြီး စည်ပင်သာယာရေး ဥပဒေ အရ ခေတ္တရပ်ဆိုင်းထားကြောင်း မြိတ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၉ ရက်မှစ၍ အနံ့ဆိုး ထွက်နေသည့်အတွက် နိုဝင်ဘာလ ၂၀ ရက် ည ၇ နာရီတွင် ငါးအမှုန့်ကြိတ်စက်ရုံ ၄ ခုအား မြို့နယ် ငါးအမှုန့်ကြိတ်စက်ရုံ ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုး က ပြောသည်။
ယင်းသို့ သွားရောက်စစ်ဆေးခဲ့ရာ Vantage ငါးအမှုန့်ကြိတ်စက်ရုံ ငါးကန် အတွင်း ကြိတ်ခွဲလည်ပတ်နေသည့် ငါး ကုန်ချိန် ၃၀၀၀၀ ကီလိုအောက်၌ မလတ် ဆတ်သည့် ငါး ကီလို ၉၀၀၀ အား ကြိတ်ခွဲနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရ ကြောင်း ဦးကြည်စိုးက ဆိုသည်။

ထိုကြောင့် ယင်းစက်ရုံအား အရေး ယူနိုင်ရန် နိုဝင်ဘာလ ၂၁ ရက်တွင် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး၌ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် နှင့် ဌာနဆိုင်ရာများ အစည်းအဝေးပြု လုပ်ကာ စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၁-ဍ ဖြင့် ရပ်နားခိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးကြည်စိုးထံမှ သိရသည်။
စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဍ)သည် ကျန်းမာရေးနှင့်ပတ် သက်ပြီး ပတ်ဝန်းကျင်အား အနှောင့် အယှက်ဖြစ်စေခြင်း၊ လမ်းသွားလမ်းလာ များအား တစ်စုံတစ်ရာ ထိခိုက်နစ်နာစေ ခြင်းတို့နှင့်ပတ်သက်၍ အရေးယူရသည့် ပုဒ်မဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့က ခုလောလော ဆယ်မှာ စီစစ်ရေးကာလဖြစ်တဲ့ အတွက် ခေတ္တရပ်ဆိုင်းတယ် ဆိုတဲ့နည်းနဲ့ ရပ် ဆိုင်းထားပါတယ်”ဟု ဦးကြည်စိုးက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက် နေ့စွဲ စာဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ Vantage စက်ရုံအား ခေတ္တရပ်ဆိုင်းထား ရန် ညွှန်ကြားစာ ပေးပို့ခဲ့ပြီး ဆက်လက် လည်ပတ်နေမည်ဆိုပါက စည်ပင်သာ ယာရေး ဥပဒေအရ တရားစွဲဆို သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းငါးအမှုန့်ကြိတ်စက်ရုံနှင့် ပတ်သက်ပြီး မည်သည့်ကာလအပိုင်း အခြားအထိ ရပ်နားထားမည် ဆိုသည်ကို မူ ခရိုင်အုပ်ချုပ်ရေးမှူးမှ တိုင်းဒေသကြီး အစိုးရထံ တင်ပြမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည် ဟု အမှုဆောင်အရာရှိ ဦးကြည်စိုးက ဆိုသည်။

Vantage စက်ရုံမှ မန်နေဂျာ ဦးဌေးလွင်ကမူ လာစစ်သည့်အချိန်ငါး များ ပုပ်နေခြင်းမဟုတ်ဘဲ ငါးအမျိုး အစားကိုယ်တိုင်က အနီရောင်သန်းပြီး အပေါ်အလေးချိန်ဖြင့် ဖိထားခြင်းခံရ သဖြင့် အကောင်ပျက်သွားသည့် အနေ အထားကို စစ်ဆေးရေးအဖွဲ့မှ အပုပ်ဟု ယူဆသွားကြောင်း ပြောဆိုသည်။
“ငါးတင်ချတဲ့နေရာမှာ CCTV မှတ်တမ်း ရှိပါတယ်။ တင်တဲ့ငါး လတ် ဆတ်မှုရှိ မရှိဆိုတာ ပြန်ကြည့်နိုင်ပါ တယ်”ဟု ဦးဌေးလွင်က ဆိုသည်။
Vantage ငါးအမှုန့်ကြိတ် စက်ရုံ အနေဖြင့် စက်ရုံလည်ပတ်မှုကို နိုဝင်ဘာ လ ၂၂ ရက်မှစတင်ရပ်နားထားပြီး ဗွိုင်လာ မီးခိုးခေါင်းတိုင်ကို ပေ ၈၀ အထိ မြှင့် တင်ခြင်း အနံ့ဆိုးသိုလှောင်ကန်နှင့် ကုန်ကြမ်းကန်များကို သန့်ရှင်းရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း စက်ရုံ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးရဲမြင့်က ပြောသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခေတ္တရပ်နားခိုင်းသည့်စာ နိုဝင်ဘာလ ၂၃ ရက်က လက်ခံရရှိခဲ့ပြီး အစိုးရ၏ညွန်ကြားချက်အတိုင်း လိုက်နာဆောင် ရွက်သွားရန်ရှိကြောင်း ဦးရဲမြင့်ကဆို သည်။
Vantage ငါးအမှုန့်ကြိတ်စက်ရုံ သည် တစ်လလျှင် ပျမ်းမျှငါးအမှုန့် တန် ချိန် ၃ ထောင်ကျော် နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေပြီး စက်ရုံတွင် ရုံးအဖွဲ့အပါ အဝင် အလုပ်သမား ၄၀၀ ခန့်မှီခိုလုပ် ကိုင်နေကြောင်း ယင်းစက်ရုံထံမှ သိရသည်။
မြိတ်မြို့ရှိ အင်းလေးမြိုင်စက်မှုဇုန် တွင် ငါးအမှုန့်ကြိတ်စက်ရုံလေးခုနှင့် ကျွန်းစုမြို့နယ် ပထော်ပထက်ကမ်းတွင် စက်ရုံတစ်ရုံရှိပြီး ယင်းစက်ရုံများမှ အနံ့ ဆိုးများ မကြာခဏထွက်လေ့ရှိသည့် အတွက် မြို့ခံများက ဝေဖန်လျက်ရှိသည်။