တနင်္သာရီတွင် မသန်စွမ်းမိန်းကလေး တစ်ဦး မုဒိမ်းကျင့်ခံရ

0
555

တနင်္သာရီမြို့နယ် သိန်းခွန်းကျေး ရွာအုပ်စုတွင် အသက် ၁၅ နှစ်အရွယ်ရှိ မသန်စွမ်း မိန်းကလေးငယ်ကို အမျိုး သားနှစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

နိုဝင်ဘာလ ၁၅ ရက်က နေအိမ် တွင် မသန်စွမ်းမိန်းကလေးငယ်နှင့် အသက် ၅ နှစ်အရွယ်ရှိ ၎င်း၏ ညီမကို အိမ်စောင့်အဖြစ်ထားခဲ့ရာမှ ၄၁ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးက မသန်စွမ်း မိန်းကလေးငယ်ကို အိမ်အနီးရှိ ရေတွင်း အနီးခေါ်ဆောင်သွားခဲ့ကြောင်း တိုင်းရဲ တပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။
ရေတွင်းအနီးအရောက်တွင် အရက် မူးနေသည့် အသက် ၄၄ နှစ် အရွယ်ရှိ အခြားအမျိုးသားတစ်ဦးရှိနေပြီး ခေါ်လာ သည့် အမျိုးသားက မသန်စွမ်း မိန်း ကလေး၏ လက်နှစ်ဖက်ကို ချုပ်နှောင် ပေးကာ အသက် ၄၄ နှစ်အရွယ် အမျိုး သားက မုဒိမ်းကျင့်ခဲ့ကြောင်း တိုင်းရဲမှတ် တမ်းတွင် ဖော်ပြသည်။
ယင်းနောက် အသက် ၄၁ နှစ် အရွယ် အမျိုးသားက ထပ်မံမုဒိမ်းကျင့် ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထို့နောက် နိုဝင်ဘာလ ၁၆ ရက် တွင် သမီးဖြစ်သူ အမူအယာပျက်နေ သဖြင့် မိဘများက မေးမြန်းရာမှ မုဒိမ်း ကျင့်ခံရကြောင်း သိခဲ့ရသည်ဟု တိုင်းရဲ တပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြသည်။
မသန်စွမ်းမိန်းကလေးငယ်ကို မုဒိမ်းကျင့်ခဲ့သည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို ရာဇသတ် ကြီးပုဒ်မ- ၃၇၆/ ၃၆၃ / ၁၁၄ (မုဒိမ်းမှု၊ လူခိုးမှု၊ အားပေးကူညီမှု) တို့ဖြင့် တနင်္သာရီမြို့မရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။