လွှတ်တော်ကော်မတီ ကွင်းဆင်းရာတွင် ဌာနများပူးပေါင်းမှု အားနည်းဟုဆို

0
447

မြေပြင်တွင် ကွင်းဆင်းစစ်ဆေးရာ၌ သက်ဆိုင်ရာဌာနများ၏ ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အာမခံချက်များ၊ ကတိများ၊ တိုင်ကြား စာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော် မတီဥက္ကဋ္ဌ ဒေါက်တာထူးနေအောင်က ပြောသည်။
အစိုးရ၏ အာမခံချက်များ အကောင်အထည် ဖော်မဖော် ကွင်းဆင်း ခြင်း၊ ပြည်သူလူထု၏ တိုင်ကြားစာများ အား ကော်မတီက အရေးယူဆောင်ရွက် ရန် လိုအပ်သည့်နေရာများကို ကွင်းဆင်း ရာတွင် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အုပ် ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ ပူး ပေါင်းမှုအားနည်းကြောင်း ဒေါက်တာ ထူးနေအောင်က ပြောသည်။

“စိစစ်ဖို့အတွက် သက်ဆိုင်ရာဌာန၊ ထွေအုပ်တွေက ပူးပေါင်းပါဝင်မှု၊ ကူညီ ပေးမှု မရှိတဲ့အတွက် အဆင်မပြေမှုတွေ ဖြစ်ပေါ်ရပါတယ်”ဟု ဒေါက်တာ ထူးနေအောင်က ဆိုသည်။
ကွင်းဆင်းရာတွင် လိုအပ်သလို ကူညီဆောင်ရွက်ပေးရန် တိုင်းအစိုးရဖွဲ့ သို့ လွှတ်တော်မှကြိုတင်အကြောင်းကြား ထားသော်လည်း ဌာနဆိုင်ရာများက ပူး ပေါင်းပါဝင်မှုအားနည်းနေသဖြင့် လုပ် ငန်းစဉ် မချောမွေ့ခြင်း၊ မလိုအပ်ဘဲ ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်နေကြောင်း ၎င်းက ပြောသည်။
“ကော်မတီကပြည်သူ့ရေးရာကိစ္စဆောင်ရွက်တာဖြစ်တဲ့အတွက် ကွင်း ဆင်းဆောင်ရွက်တဲ့နေရာမှာ အစိုးရအဖွဲ့ အနေနဲ့ ထွေအုပ်၊ သက်ဆိုင်ရာဌာနတွေကို ကူညီဆောင်ရွက်ပေးဖို့ပဲ ကြပ်မတ်ပေး နိုင်ရင် ကျေနပ်လှပါပြီ” ဟု ၎င်းက ပြော သည်။

လာမည့် ဒီဇင်ဘာလ ၈ ရက်နှင့် ၉ ရက်တို့တွင် မြိတ်နှင့် ပုလောမြို့များ သို့ ကွင်းဆင်းရန်ရှိပြီး ကွင်းဆင်းရာတွင် လွှတ်တော်ကော်မတီများ အသုံးပြုနိုင် သည့်ကားများ မရှိခြင်းကလည်း အခက် အခဲတစ်ခုဖြစ်သည်ဟု ဒေါက်တာ ထူးနေအောင်က ဆိုသည်။
ဒေါက်တာထူးနေအောင် ကော်မတီ ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူသည့် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလမှအစ ယနေ့ အထိ တိုင်ကြားစာ စုစုပေါင်း ၅၂ စောင် (ကော်မတီသို့ တိုက်ရိုက်လိပ်မူသည့် တိုင်ကြားအသနားခံစာ ၂၈ စောင်နှင့် မိတ္တူ ၂၄ စောင်) ရောက်ရှိလာကြောင်း ယင်းကော်မတီထံမှ သိရသည်။
ရောက်ရှိလာသည့် တိုင်ကြားစာ များကို အစိုးရအဖွဲ့သို့ ပေးပို့ခြင်း၊ ကွင်း ဆင်းခြင်း၊ ဌာနဆိုင်ရာများကို ခေါ်ယူ ကြားနာခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။