သင်ရိုးစာအုပ်မရှိ၍ တိုင်းရင်းသားစာပေ သင်ကြားမှု အခက်အခဲဖြစ်

0
532

မွန်ပြည်နယ်တွင် အစိုးရစာသင် ကျောင်းများ၌ တိုင်းရင်းသားစာပေသင် ကြားနေသည့် ကျောင်းသူ^သားများ အတွက် သင်ရိုးညွှန်းတမ်းစာအုပ်မရရှိ သည့်အတွက် သင်ကြားမှုအပိုင်းတွင် အခက်အခဲဖြစ်နေကြောင်း တိုင်းရင်း သားစာပေ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်နေသူများထံမှ သိရသည်။

အစိုးရစာသင်ကျောင်းများ၌ တိုင်း ရင်းသားစာပေ သင်ကြားရေး စနစ်တကျ ဖြင့် အောင်မြင်စွာ သင်ကြားနိုင်ရေး အတွက် ယခင်ပြည်နယ်အစိုးရက ဦး ဆောင်ကာ UNICEF ၏ ပံ့ပိုးကူညီမှု ဖြင့် တိုင်းရင်းသားစာပေ သင်ရိုးညွှန်း တမ်း စာအုပ်များ ရေးဆွဲ ပုံနှိပ်ထုတ်ဝေ ပေးခဲ့ပြီး အဆိုပါ သင်ရိုးညွှန်းတမ်းစာ အုပ်များဖြင့် ၂၀၁၆-၂၀၁၇ ပညာသင် နှစ်တွင် စတင်သင်ကြားခဲ့သည်။
UNICEF မှ ထုတ်ဝေပေးထား သည့် စာအုပ်များသည် စာသင်နှစ်တစ် နှစ်အတွက် လုံလောက်စွာ ရရှိသော် လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စကာ သင်ရိုးစာအုပ် လုံးဝဖြန့်ဝေပေးနိုင် ခြင်း မရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

“မနှစ်ကတော့ UNICEF က ထုတ်ပေးထားတဲ့ လက်ကျန်စာအုပ်နဲ့ သင်ခဲ့တယ်၊ ဒီပညာသစ်နှစ်မှာတော့ လက်ကျန်လည်း မရှိ၊ ကျောင်းသားတွေ မှာ သင်ရိုးစာအုပ်မရှိတော့ ရှိတဲ့စာအုပ် တွေနဲ့ သင်ကြားနေရတော့ ကျောင်းသား တွေ ဒီအပေါ်မှာ စိတ်ဝင်စားမှု အားနည်း တယ်”ဟု ၎င်းက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပညာရေးဌာနနှင့် ဆွေးနွေးခဲ့ဖူးသော် လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြစ် နေသည့်အတွက် မလုပ်ပေးနိုင်သည့် အနေအထားဖြစ်နေသည်ဟု စောအောင် မြင့်ခိုင်က ဆက်ပြောသည်။
တိုင်းရင်းသားစာပေကို အစိုးရ စာသင်ကျောင်းများ၌ သင်ကြားခွင့်ပြု ပေးထားပြီး သင်ကြားမှုအတွက် အဓိက ကျသည့် သင်ရိုးညွှန်းတမ်းစာအုပ်များ ဖြန့်ဝေပေးခြင်း မရှိသည့်အပေါ် မဖြစ် သင့်ဟု မွန်စာပေအရေး ကြိုးပမ်းဆောင် ရွက်နေသူများက ထောက်ပြကြသည်။

“တိုင်းရင်းသားစာပေ သင်ကြားနေ သူတွေအတွက် (Grade 1,2,3) စာအုပ် မရှိဘူး။ အဲဒါကို ဘယ်သူက ရိုက်ထုတ် မှာလဲ။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန က ရိုက်မှာလား၊ ပညာရေးဝန်ကြီးဌာနက ရိုက်မှာလား၊ ဒါမှမဟုတ် ပြည်နယ်အစိုး ရက စီစဉ်ပေးရမှာလား၊ မသဲကွဲဘူး ဘယ်သူမှ မလုပ်ပေးဘူး၊ သင်ခွင့်လည်း ပေးထားတယ် စာအုပ်လည်းမရဘူးဆိုရင် ပေးကာပေး၏ မရဆိုသလိုမျိုးပေါ့”ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမင်းကြည်ဝင်းက ပြော သည်။
UNICEF က ထုတ်ပေးထားသည့် သင်ရိုးညွှန်းတမ်းစာအုပ်များသည် ကျောင်းသားများ စိတ်ဝင်စားပြီး သင် ကြားမှုအပိုင်းတွင်လည်း လွယ်ကူ အဆင်ပြေသည်ဟု တိုင်းရင်းသား စာပေ သင်ကြားနေသည့် ဆရာ ဆရာမအချို့က ပြောသည်။
လာမည့် ပညာသင်နှစ်တွင် တိုင်း ရင်းသားစာပေများအတွက် သင်ရိုးညွှန်း တမ်းစာအုပ်များကို ကိုယ့်အစီအစဉ်ဖြင့် ထုတ်လုပ်ဖြန့်ဝေပေးနိုင်ရန် ကြိုးပမ်း သွားမည်ဟုလည်း ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးက ပြောသည်။

အစိုးရစာသင်ကျောင်းများ၌ တိုင်း ရင်းသားစာပေသင်ကြားခြင်းကို ယခင် အစိုးရလက်ထက် ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်မှ စတင် အကောင်အထည်ဖော်ခဲ့ ပြီး သင်ရိုးညွှန်းတမ်း၊ သင်ကြားမည့် ဆရာ၊ ကျောင်းအရေအတွက် ကျောင်း သားအရေအတွက်တို့ကို စနစ်တကျ စာရင်းပြုစုထားခဲ့သည်။
မွန်ပြည်နယ်တွင် မွန်နှင့် ကရင် တိုင်းရင်းသားစာပေသင်ကြားနေသည့် မြို့နယ် ၈ ခု၊ ပအိုဝ်းစာပေသင် ကြားနေ သည့် မြို့နယ် ၄ ခုရှိပြီး မွန်စာပေ သင်ကြားနေသည့်ကျောင်း ၂၇၀၊ ကရင်စာပေသင်ကြားနေ သည့်ကျောင်း ၂၇၃၊ ပအိုဝ်း စာသင်ကြားနေသည့် ကျောင်း ၃၀ ရှိကာ ကျောင်းသူ ^သား ၄၀၀၀၀ နီးပါးနှင့် ဆရာ၊ ဆရာမ ၁၃၀၀ ခန့်ရှိသည်ဟု သိရသည်။