NLD ရပ်/ကျေးအဖွဲ့များ ပြန်လည် ပြင်ဆင်ဖွဲ့စည်းမည်

0
388

လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ တနင်္သာ ရီတိုင်းအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ် စုအလုပ်အမှုဆောင်အဖွဲ့များကို ပြန် လည်ရွေးချယ်ဖွဲ့စည်းရန် ညွှန်ကြားထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူး ဦးမြင့်မောင်က ပြောသည်။
ညွှန်ကြားစာအား နိုဝင်ဘာ ၂၀ ရက်တွင် အလုပ်အမှုဆောင်အဖွဲ့ အဆင့် ဆင့်သို့ ပေးပို့ထားပြီး ဖွဲ့စည်းပြီးသော ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့များ စာရင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထားကာ တိုင်း အလုပ် အမှုဆောင်အဖွဲ့သို့ ပြန်လည်ပေးပို့ရန် ညွှန်ကြားထားကြောင်း ဦးမြင့်မောင်က ပြောသည်။

“အလုပ်အမှုဆောင်အဖွဲ့တွေ ပိုပြီး ကျစ်ကျစ်လျစ်လျစ် ဖြစ်လာအောင်လို့ပါ” ဟု ၎င်းက ဆိုသည်။
NLD ဗဟိုမှ ရပ်/ကျေးအလုပ်အမှု ဆောင်အဖွဲ့များ ပြန်လည်ဖွဲ့စည်းကာ စာရင်းပေးပို့ရန် တင်ပြလာသဖြင့် ယခု ကဲ့သို့ ညွှန်ကြားရခြင်း ဖြစ်ကြောင်း ဦးမြင့်မောင်က ပြောသည်။

NLD ရပ်/ကျေးအလုပ်အမှုဆောင် အဖွဲ့များကို ၂၀၁၂ ခုနှစ်က ပါတီညီလာခံ များ ကျင်းပကာ ရပ်ကွက်/ကျေးရွာအုပ် စု၏ ပါတီဝင်အင်အားအရ ၉ ဦးမှ ၁၁ ဦးအထိ ရွေးချယ်ဖွဲ့စည်းထားခြင်းဖြစ် ပြီး လက်ရှိအချိန်ထိ ပါတီညီလာခံ ထပ် မံကျင်းပကာ ရွေးချယ်ခြင်းမျိုး မရှိသေး ပေ။
ကြားကာလတွင် ပါတီနှင့်ကင်းကွာ သွားသူ၊ နုတ်ထွက်သွားသူ၊ သေဆုံးသွား သူ၊ နေရပ်ရွှေ့ပြောင်းသွားသူတို့နေရာတွင် ဖြည့်ဆည်းရန် အလုပ်မှုဆောင်အဖွဲ့ အဆင့်ဆင့်မှ ညွှန်ကြားလာပါက ရပ်/ကျေးအလုပ်အမှုဆောင်အဖွဲ့၏ အစည်း အဝေး ဆုံးဖြတ်ချက်များဖြင့် သင့်တော် သော ပါတီဝင်အား ဖြည့်သွင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။