မိုးစပါးချေးငွေ မဆပ်သေးသော်လည်း ဆောင်းစပါးချေးငွေ ထုတ်ချေးမည်

0
531

မိုးစပါးချေးငွေ မဆပ်သေးသူများ ကိုလည်း ဆောင်းစပါးချေးငွေ ထုတ်ချေး လျက်ရှိကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုး ရေးဘဏ် တနင်္သာရီတိုင်းဘဏ်ခွဲ မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေးက ပြော သည်။
လယ်ယာမြေ တစ်နေရာတည်းတွင် စိုက်ပျိုးမည့်သူများအတွက် မိုးစပါးချေး ငွေဆပ်ပြီးမှသာ ဆောင်းစပါးချေးငွေ ထုတ်ချေးရန်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အောက်တိုဘာလ ၁၉ ရက်တွင် ညွှန်ကြားခဲ့သည်။

သို့သော် မိုးစပါးချေးငွေထုတ်ချေး ထားသူများမှာ ၂၀၁၉ ဧပြီလ ၁၅ ရက် နောက်ဆုံးထား၍ ဆပ်ရမည်ဖြစ်ပြီး ဆပ်ရန်အချိန် မစေ့သေးသည့်အတွက် ဆောင်းစပါးချေးငွေ လျှောက်ထားခွင့်ပြု ရန် လယ်သမားများက တင်ပြလာခဲ့ ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် မှ နိုဝင်ဘာလ ၉ ရက်တွင် ထုတ်ပြန်သည့် ညွှန်ကြားစာတွင် ဖော်ပြထားသည်။
ထိုကြောင့် မိုးစပါးချေးငွေရယူထား သူများသည် ပုံစံ ၇ အပေါင်ထားကာ ချေးငွေယူထားသည့် မြေကွက်ပေါ်တွင် သီးထပ် စိုက်ပျိုးလိုပါက အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ကြောင်း ရပ်ကျေးစိစစ် ရေးအဖွဲ့နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့၏ ထောက်ခံ ချက်ဖြင့် ထုတ်ချေးခွင့်ရှိကြောင်း နိုဝင်ဘာလ ၉ ရက်က ထုတ်သည့် ညွှန်ကြားစာအရ သိရသည်။

“မိုးကျေမှ ဆောင်းချေးမယ်ဆိုပြီး အကြွေးထပ်နေမှာစိုးလို့ ပထမညွှန် ကြားစာမှာက အဲ့ဒီလိုလုပ်ထားတယ်၊ အခု ဒုတိယညွှန်ကြားစာရဲ့ ပြင်ဆင်ချက် အရ မိုးမကျေလည်း ဆောင်းချေးငွေရပြီ” ဟု တနင်္သာရီတိုင်းဘဏ်ခွဲ မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေးက ဆိုသည်။
ဆောင်းစပါးချေးငွေကို အောက်တို ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ် တနင်္သာရီတိုင်းဘဏ် ခွဲထံမှ သိရသည်။
အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ စာရင်းများအရ တနင်္သာရီတိုင်းအတွင်း မြို့နယ် ၃ မြို့ နယ်မှ ကျေးရွာအုပ်စု ၈ ခုရှိ လယ် ၃၉၄ ဧက အတွက် ကျပ်သန်း ၆၀ နီးပါးထုတ် ချေးထားပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တနင်္သာရီတိုင်းဘဏ်ခွဲ ထံမှ သိရသည်။
တနင်္သာရီတိုင်းတွင် ဆောင်းစပါး ချေးငွေ ကျပ် ၁၀၅ ဒဿမ ၁၅ သန်း ထုတ်ချေးရန် လျာထားကြောင်း အထက် ပါဘဏ်ခွဲထံမှ သိရသည်။