‘နှစ်ကျိပ်ရှစ်ဆူဘုရားများ ရပ်ကွက်အမည် ထားဝယ်လို မရေးရ’ ကိစ္စ တိုင်းအစိုးရအဖွဲ့ရုံးညွှန်မှူး ပြန်တောင်းပန်

0
421

တန်ဆောင်တိုင်ပွဲတော်တွင် အပူ ဇော်ခံမည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရား များတွင် ရပ်ကွက်အမည်ကို ထားဝယ်လို မရေးရန် တားမြစ်မိသည့်အပေါ် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က တောင်းပန်လိုက်သည်။
ဘုရားများတွင် ထားဝယ်လို မရေး ရဆိုသည့် ညွှန်ကြားချက်အပေါ် ဒေသခံ များအကြား ဝေဖန်မှု မြင့်တက်ခဲ့ပြီး နောက် နိုဝင်ဘာလ ၂၀ ရက်တွင် တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့ကာ ယင်းကဲ့သို့ တောင်းပန်လိုက် ခြင်းဖြစ်သည်။
တိုင်းအစိုးရအဖွဲ့ရုံး၏ အကြောင်း ကြားစာကို ရည်ညွှန်းကာ ထားဝယ်မြို့ နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို ထပ် ဆင့်ညွှန်ကြားရာတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများတွင် အသုံးပြုသည့် ရပ်ကွက်၊ ကျေးရွာအမည်များကို ပြည်ထဲရေးဌာန က ထုတ်ပြန်ထားသည့် အမည်အတိုင်း သာ သုံးနှုန်းစေရန်ဆိုသည့် အချက်အပါ အဝင် အချက် ၉ ချက် ပါဝင်သည်။

“ဒီစာတစ်ပိုဒ်ဟာဆိုရင် ထားဝယ် တွေရဲ့ ရေးသားချင်တဲ့စာကို ကန့်သတ် သလိုဖြစ်သွားတဲ့အတွက် ကျွန်တော် တောင်းလည်း တောင်းပန်ပါတယ်။ ဒါဟာ ကျွန်တော့်အမှားပါလို့ ဝန်ခံချင် ပါတယ်”ဟု ဦးမိုးဇော်လတ်က ဆိုသည်။
ယင်းကဲ့သို့ ညွှန်ကြားထုတ်ပြန်ခြင်း မှာ တိုင်းအစိုးရအဖွဲ့ ၊ NLD ပါတီ၏ အာဘော်မဟုတ်ကြောင်း၎င်းက ဆို သည်။
အခြားဒေသမှ လာရောက်မည့် ဘုရားဖူးဧည့်သည်များအနေဖြင့် ရပ် ကွက်အမည်၊ ဘုရားအမည်များကို ဖတ် ရှုနားလည်နိုင်စေရန် ရည်ရွယ်၍ စေတနာဖြင့် ညွှန်ကြားစာထုတ်ခဲ့ခြင်းဖြစ် ကြောင်း ဦးမိုးဇော်လတ်က ဆိုသည်။

ဒေသအခြေအနေကို မလေ့လာမိဘဲ ညွှန်ကြားစာ ထုတ်လိုက်ခြင်းကြောင့် ၎င်း၏တာဝန်သာဖြစ်သည်ဟု ဦးမိုးဇော် လတ်က ပြောသည်။
နှစ်ကျိပ်ရှစ်ဆူဘုရားများတွင် ရပ် ကွက်၊ ကျေးရွာအမည်များကို လွတ်လပ် စွာ သုံးစွဲရေးသားနိုင်ပြီး လက်ရှိ ညွှန် ကြားခဲ့သည့်စာကို လွှမ်းမိုးပယ်ဖျက်မည့် စာကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်တန်ဆောင် တိုင်ပွဲတော် တွင် အပူဇော်ခံမည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားများတွင် ရပ်ကွက်အမည်ကို ထားဝယ်လိုဖြင့် ရေးလာခဲ့ကြသည်မှာ ဆယ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ရပ်ကျေး ဂေါပကအချို့ထံမှ သိရသည်။
ထားဝယ်ဒေသ၏ အထင်ကရပွဲ တော်တစ်ခုအတွက် အမိန့်ညွှန်ကြားချက် ထုတ်မည်ဆိုပါက ဒေသအကြောင်းကို သေချာလေ့လာပြီးမှသာ ထုတ်ပြန်သင့် ကြောင်း ထားဝယ်မြို့ခံတစ်ဦးဖြစ်သူ ဦးဇေယျာက ဆိုသည်။