ဘိလပ် မဟာတန်း ကျောင်းသား – ၄

0
939

အတန်းဖော် ကျောင်းသား၊ ကျောင်းသူများ

အတန်ငယ်အေးစပြုနေပြီ ဖြစ်သော်လည်း အင်္ဂလန်အတွက် ဆောင်းဟု မဆိုနိုင်သေး။

ကျောင်းသူ ကျောင်းသားများမှာ အမျိုးစုံ၊ ဒီဇိုင်းစုံ၊ အရောင်စုံသော အနွေးဝတ် အင်္ကျီများဖြင့် ဟန်ထုတ်ကြလေပြီ ဖြစ်သည်။ အတန်းတွင် ဟန်အကောင်းဆုံး၊ စတိုင်အကျဆုံးမှာ အာရှသူများ ဖြစ် သည်။ အချို့ကျောင်းသူများက ပန်းရောင် အနွေးထည်၊ အချို့ကတော့ ဒူးအထိ ရှည်သော လောင်းရှည် ကုတ်အင်္ကျီများ ဖြင့် ရှိုးထုတ်နေကြပြီ ဖြစ်သည်။ အာရှသူများအနက် တရုတ် ကျောင်းသူများမှာ အလန်းဆုံးတွင် ပါ သည်။ အရေအတွက်အားဖြင့်လည်း အများဆုံး မဟုတ်ပါ၏လော။

အနောက်သားများ (အထူးသဖြင့် အမျိုးသားများ) မှာ ဖြစ်သလိုပင်။ အချို့ ဆိုလျှင် ဟောင်းနွမ်း အရောင်လွင့်နေသော ရှုးဖိနပ်၊ တွန့်ကြေနေသော ခပ်မွဲမွဲ တီရှပ် အင်္ကျီဖြင့် ကျောင်းခန်းအတွင်း ရောက် လာကြသည်။ သို့သော် သူတို့ကကျောင်း ခန်းအတွင်း စာကြေကြသည်။

ဆွေးနွေး မေးခွန်းထုတ်၊ ဆရာကို ငြင်းခုံနိုင်ကြ သည်။ အတန်းတွင် ကျောင်းသူကျောင်း သား ၇၀ နီးပါး ရှိသည်။ တရုတ်ကျောင်း သူ ကျောင်းသားမှာ လေးဆယ် ရာခိုင် နှုန်းမျှပင် ရှိသည်ဟု ဆိုနိုင်သည်။ အများ စု ဖြစ်သည်။

ယင်းနောက် ဗြိတိန်နှင့် ဥရောပက ကျောင်းသား ကျောင်းသူများ အရေအတွက် တော်တော်များများ ရှိ သည်။ ဥရောပဟုဆိုလျှင် ဂျာမနီ၊ အင်္ဂလန်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ မွန်တီနီဂရိုး၊ အိုက်စလန်တို့မှ ဖြစ်သည်။ အမေရိကန် တစ်ဦးလည်း ရှိသည်။

အရှေ့လယ်ပိုင်းမှ အနည်းငယ်ရှိ သည်။ တောင်အမေရိကတိုက်မှ ဆိုလျှင် ပီရူး၊ ဗင်နီဇွဲလားတို့ ရှိသည်။ အာဖရိက တိုက် ကင်ညာမှ တစ်ဦးရှိသည်။

တရုတ်မဟုတ်သော အာရှနှင့် အာဆီယံ ဆိုလျှင်လည်း အရေအတွက်က မနည်း။ ဂျပန်၊ တောင်ကိုးရီးယား၊ ဟောင် ကောင်၊ အိန္ဒိယ၊ အာဆီယံမှ ဆိုလျှင် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ တို့ရှိသည်။ မြန်မာမှာ အီဖေကို တစ်ဦး တည်းဖြစ်သည်။ ထိုင်းမှ နှစ်ဦးဖြစ်သည်။ ထူးခြားသည်မှာ ထိုင်းမှ နှစ်ဦးစလုံးမှာ အစိုးရ အရာရှိများ ဖြစ်သည်။

“ထိုင်း အစိုးရ အရာရှိကြီးတွေက အမေရိကန်ဒါမှမဟုတ်ဗြိတိန်က ကျောင်း ပြီးခဲ့တာ များတယ်”ဟု ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အလယ်လတ် အရာရှိ လည်း ဖြစ်သူ အတန်းသား မိတ်ဆွေက ဆိုသည်။ နှစ်ဦးစလုံးမှာ ထိုင်းအစိုးရက ပေး အပ်သော ပညာသင်ဆုဖြင့်လာကြသူများ ဖြစ်သည်။ အားပင်ငယ်သွားသည်။ မြန်မာပြည်မှ အစိုးရ အရာရှိကြီး၊ ငယ်၊လတ်များ ထိုသို့ အခွင့်အရေး ရှိကြပါ သလော။

မရှိရင်ကော ဘာများ လိုအပ် ချက် ရှိကြသနည်း။ ထိုင်း ကျောင်းသားကျောင်းသူ နှစ်ဦးအနက် တစ်ဦးမှာ ဘန်ကောက်မြို့ တော်ရှိ ဝန်ကြီးချုပ်ရုံးမှ ဝန်ထမ်းဖြစ် သည်။ နောက်တစ်ဦးမှာ မြန်မာ့ သမိုင်း တွင် ထင်ရှားသော အာယုဒ္ဓရမြို့အခြေစိုက် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရုံးမှ ဖြစ်သည်။ နှစ်ဦးစလုံးက ခပ်ငယ်ငယ်ပင် ရှိ သေးသည်။ အသက်သုံးဆယ်ပင် မပြည့် လောက်သေး။

စကားပြော ဆွေးနွေးလို့ လည်း အတော်ကောင်းသည်။

ငယ်ရွယ် သော အစိုးရအရာရှိပေမဲ့ ကမ္ဘာ့အရေးကို လည်း အတော်အတန် သိလှသည်။ မီဒီယာအကြောင်းကိုလည်း အတန် အသင့် ကောင်းမွန်တော်တည့်စွာ သုံး သပ်နိုင်သည်။ ကိုယ်တွေက သတင်းစာသမား၊ မီဒီယာသမား ဆိုတော့ သူတို့ မီဒီယာ အပေါ် အမြင်မှာ မဆိုးဟု ကောင်းကောင်း သိသည်။ သူတို့ သုံးသပ်သော မီဒီယာမှာ အကောင်းချည်း မဟုတ်ပါ၊ အဆိုးတွေ လည်း တော်တော်ပါသည်။

သို့သော် သူတို့က မီဒီယာအရေးပါပုံ သိသည်။ မီဒီယာကို မည်သို့သုံးရမည်ကို အတော် အကျေ နားလည်ပုံရသည်။ မြန်မာပြည်အကြောင်းလည်း တော် တော် သိကြသည်။

စစ်ခေါင်းဆောင် ဦးနေဝင်း၊ ဦးသန်းရွှေမှသည် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည် အထိ ရင်းနှီးကြသည်။

ဒေါ်အောင်ဆန်း စုကြည်အကြောင်း ရိုက်ထားသော The Lady ရုပ်ရှင်မှာ ၎င်းတို့ ဘွဲ့ကြိုတက် တုန်းက သင်ရိုးညွှန်းတန်း ဖြစ်သည်ဟု ဆိုသည်။

အဓိကအားဖြင့် စစ်အာဏာရှင် တို့၏ စဉ်းစားပြုမူပုံနှင့် ဒေါ်အောင်ဆန်း စုကြည်၏ စဉ်းစားပြုမူပုံကို ယှဉ်ထိုးသုံး သပ် ဆွေးနွေးနိုင်ရန်ဟု ဆိုသည်။ ဘုရား “တ” သွားသည်။

ကိုယ်တွေမှာ ဒါကြည့်၊ ဒါမေး၊ ဒါဖြေ ကနေ မတက်နိုင် သေး။ ဘေးက ကပ်လျက်အိမ်နီးချင်းတွင် ယမန်သုံးလေးနှစ်လောက်ကမှ ထွက် သော ရုပ်ရှင်က တက္ကသိုလ် သင်ရိုးညွှန်း တမ်း ဖြစ်နေပြီ။ “ကျွန်တော်ကြားဖူးတာ တစ်ခု ရှိ တယ်။ ခင်ဗျားတို့ မြန်မာပြည်မှာ အစိုးရ က လွဲရင် ကျန်တာအကုန် မပစ်ရက်စရာ အကောင်းတွေချည်း စုထားတာပဲ”ဟု ထိုင်းအစိုးရ အရာရှိလေးက ဆိုသည်။

ဆိုလိုသည်မှာ မြန်မာပြည်မှာ အစိုးရက လွဲရင် ကျန်တာအကုန် သုံးလို့ရစရာ၊ အကောင်းစား သယံဇာတတွေ ထွက်ရာ တိုင်းပြည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။

အီဖေကို ဖစုခမျာ ရင်နာရမည်လား၊ ပျော်ရမည်လား ဝေခွဲမရသည့် ခံစားချက် ဖြင့်ပင် သူ့စကားအဆုံးတွင် တဟား ဟား ရယ်နေမိတော့သည်။ ထိုကြောင့် အတော်ဝေးသော စင်္ကာပူကို ထားလိုက်ဦး ကိုယ့်ဘေးနားက ထိုင်းနိုင်ငံကို ကြည့်လိုက်ဦးဟု ဆိုချင်လှ သည်။ ထိုင်းမှာ ကူသန်းရောက်ချည်များ သဖြင့် ကိုယ့် ဒုတိယ နိုင်ငံလို ဖြစ်နေ သည်။ သို့သော် အစိုးရ ဝန်ထမ်းများနှင့် များများစားစား စကား မပြောဖူးလှပါ။

သူတို့နှင့ြ စကားပှောလိုကတြော့ အတော့ ကို ေှှကသှားရသညြ။ အငြျဂလိပလြိုမှာ ဝဲတဲတဲနိုငသြောလြညြး (ကိုယ့လြောကမြပီ သောလြညြး၊ ခပလြေးလေးပငြ ပှောဆိုကှ သောလြညြး) တောတြည့မြှနကြနသြည့ြ အသုံးအနှုနြးဖှင့ြ သုံးနိုငသြညြ။ ကိုယတြှေ က အသံထှကပြိုပီသောလြညြး တခါခါ ကိုးရို့ကားယား အငြျဂလိပစြာ အသုံးအနှုံး သုံးမိသေးသညြ။ ပညာတောသြငြ လကြ ရှေးစငြ ထိုငြးအစိုးရအရာရှိမွား ဖှဈ သဖှင့ြ သာမနထြိုငြး အစိုးရဝနထြမြး ထကတြော့ သာမညဖြှဈသညြ။

သို့သော် စိတ်ဝင်စားစရာကောင်းလှ သည်။ ထိုင်းအကြောင်း ဤမျှ ပြောနေသည် မှာ ကိုယ့်နိုင်ငံမှ အစိုးရ ဝန်ထမ်းများနှင့် ယှဉ်စေလို၍ ဖြစ်သည်။ ကိုယ့်နိုင်ငံမှ အစိုးရ ဝန်ထမ်း၊အရာရှိတို့လည်း ကမ္ဘာ့ အမြင် မြင်နိုင်ရန်၊ နိုင်ငံတကာတွေး တွေးနိုင်ရန် အစိုးရထောက်ပံ့မှု လိုသည်။ ဇီးပင်ကြီး၊ ဖောင်ကြီးလောက်မျှသော ဝါးလုံးခေါင်းသင်တန်းများဖြင့် သာယာ မနေသင့်ပါ။

ထိုထက် များစွာ လိုပါ သည်။ ထို့အပြင် အင်ဒိုနီးရှားမှ အခြား အတန်းဖော် ကျောင်းသူနှစ်ဦးသည်လည်း အင်ဒိုနီးရှား အစိုးရ ဘဏ္ဍာရေး ဝန်ကြီး ဌာနမှ အစိုးရဝန်ထမ်းများ ဖြစ်သည်။ ဖော်ဖော်ရွေရွေဖြင့် စကားပြောဆိုကောင်း လှသော သူတို့ နှစ်ဦးမှာလည်း ゞင်းတို့ ဝန်ကြီးဌာန အစီအစဉ်ဖြင့်ချီးမြှင့်သော ပညာသင်ဆုဖြင့် ကျောင်းလာတက်ခြင်း ဖြစ်သည်။ မြန်မာအစိုးရ အရာရှိတို့ နိုင်ငံ ရပ်ခြားတွင် ပညာသင် အခွင့်အလမ်း လုံးလုံးမရကြသည်တော့ မဟုတ်ပါ။ ရ ကြပါသည်။

သို့သော် အများစုမှာ နိုင်ငံ ခြားရေး ဝန်ကြီးဌာန၊ ကျန်းမာရေး၊ စီးပွားရေးနှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာန တို့မှ ဖြစ်ကြသည်။

ပြောရရင်လျှင် အင်္ဂလိပ်ဘာသာနှင့် ပြောဆိုဆက်ဆံ ထိတွေ့မှု ရှိသော ဌာနများမှ ဖြစ်သည်။ အခြား ဌာနများကလည်း ထိုနည်း တူ အရေအတွက်များများ လိုပါသည်။ အထူးသဖြင့် ပြည်ထဲရေး လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အရာရှိများ အဓိက လိုပါသည်။ မြန်မာ ပြည်အုပ်ချုပ်ရေး ကျောရိုးကို ကိုင်ထား သော ဌာနမှ အရာရှိများ အမြင်ကျယ်ဖို့ လိုပါသည်။ အဆင့်မြင့်ပညာရေး၊ အခြေခံ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ပညာရေး ပေါ်လစီကို ကိုင်ထားသော တက္ကနိုခရက်များ စာတတ်ဖို့ လိုပါသည်။

သူတို့ အမြင်ကျယ်မှ အနာဂတ်ခေါင်း ဆောင် ကျောင်းသား ကျောင်းသူများ အမြင်ကျယ်မည် ဖြစ်သည်။ (ပြောသာ ပြောရသည်။ နိုင်ငံအုပ် ချုပ် မင်းလုပ်မည့် မင်းလောင်းပိုင် နိုင်ငံ ရေးပါတီများကကော မည်မျှ အသင့်ပြင် ထား ကြသနည်း) နောက်ထပ်အားဖြင့် တရုတ်နှင့် ဟောင်ကောင် တို့မှ ကျောင်းသူ ကျောင်း သားအချို့တို့မှာလည်း စိတ်ဝင်စားစရာ ကောင်းလှသေးသည်။ သူတို့မှာ အများအားဖြင့် ကိုယ့် စရိတ်၊ ကိုယ့်မိဘစရိတ်တို့ဖြင့် အသီး သီး ကျောင်းလာတက်ကြသူများ ဖြစ် သည်။ မဟာဘွဲ့ရပြီး ပြန်ရင်ဘာလုပ်ရမလဲ မေးကြည့်တော့ အချို့မှာ အံ့အားသင့် ဖွယ်ကောင်း လောက်အောင်ပင် အစိုးရ ဝန်ထမ်း၊ အစိုးရ အရာရှိ လုပ်ကြမည်ဟု ဖြေကြသည်။

အစိုးရ အလုပ်စိတ်ဝင်စားကြသော တရုတ်ကျောင်းသားအချို့ကို မေးကြည့် တော့ အစိုးရအလုပ်မှာ ဂုဏ်ရှိ၊ ပါဝါရှိ၍ ဟု ဆိုကြသည်။ ဟောင်ကောင်မှ ကျောင်းသားကတော့ ဂုဏ်လည်းရှိ၊ လခ လည်း ကောင်းသည့် အလုပ်ဖြစ်သည်ဟု ပြောသည်။ ဆိုသောအခါ ပြန်ချုပ်ရရင် ထိုသို့ သော သူများအစိုးရဝန်ထမ်း အရာရှိများ ရှိသော ထိုင်း၊ ဟောင်ကောင်၊ တရုတ်နှင့် မြန်မာ့ အုပ်ချုပ်ရေးစနစ် မည်သို့ ပြိုင်ကြ မည်နည်း။ စဉ်းစားကြရန် ဖြစ်သည်။ နောက်ထပ် စိတ်ဝင်စားစရာ ကျောင်းသားတစ်ဦးမှာ အင်္ဂလန်မှ ဖြစ် သည်။

သူမှာ တက္ကသိုလ် တည်ရှိရာ ဘရစ္စတိုမြို့တော် ကောင်စီဝင်အဖြစ် လေးနှစ်အကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နောက်ထပ် ရွေးကောက်ပွဲ မပြိုင်တော့ဘဲ ဘရစ္စတိုတက္ကသိုလ်တွင် မဟာတန်း လာတက်နေသူ ဖြစ်သည်။ လက်တွေ့နယ်ပယ်မှ လာသူလည်း ဖြစ်၊ မွေးကတည်းက အင်္ဂလိပ်လို ပြောသူ လည်းဖြစ်ရာ အတော့ကို ပြောဆိုဆွေး နွေးနိုင်သူ ဖြစ်သည်။ သူ့မြို့တော် ကောင် စီဝင်အကြောင်းကိုလည်း စိတ်ဝင်စား သော ကျောင်းသားများကို အချိန်တစ် ချိန်ပေး၍ မျှဝေလိုက်သေးသည်။ ကင်ညာမှ ခြေမသန်လှသော ကျောင်းသားမှာ သူ့နိုင်ငံတွင် လူငယ် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

အင်္ဂလိပ် စာ သွက်သွက် လက်လက်ဖြင့် ပြောဆိုဆွေးနွေးနိုင်သူ ဖြစ်သည်။ ဗင်နီးဇွဲလားမှ ကျောင်းသားမှာ တက္ကသိုလ်ဆရာ တစ်ဦးလည်း ဖြစ်သလို လွှတ်တော် ညွှန်ကြားရေးမှူး တာဝန်လည်း ထမ်း ဆောင်ခဲ့သူဖြစ်သည်။ ကျောင်းဖွင့်ပြီးစ ရက်သတ္တပတ် သုံးပတ်မျှတွင် ကျောင်းက ညစာစားပွဲ ပေးကာ ကြိုဆိုပွဲတစ်ခု ကျင်းပသည်။ အဓိကအားဖြင့် ဆိုင်ရာ ဆိုင်ရာ ပညာသင်ဆုဖြင့် လာရောက်ကြသော ကျောင်းသားကျောင်းသူများ တွေ့ဆုံ ညစာစားပွဲ ဖြစ်သည်။ အများစုမှာ သက်ဆိုင်ရာ နိုင်ငံ အလိုက်၊ ပညာသင်ဆုအမျိုးအစား အလိုက် ဘရစ္စတို တက္ကသိုလ်နှင့် ပူး ပေါင်းပညာသင်ဆုပေးကာ ကျောင်း လာတက်ကြသူများ ဖြစ်သည်။

ပူးပေါင်း ပညာသင်ဆု ဆိုသည်မှာ သက်ဆိုင်ရာ ဌာန၊ အစိုးရက ကျောင်းလခ ၇၀ ရာခိုင်နှုန်း ကျခံ၊ ဘရစ္စတို တက္ကသိုလ်က ကျန်သည့် ၃၀ ရာခိုင်နှုန်း ကျောင်းလခ လျော့ပေး စသည့်ကဲ့သို့သော ပူးပေါင်း ပညာသင်ဆုမျိုး ဖြစ်သည်။

(ပူးပေါင်းချခံ မှု ရာခိုင်နှုန်းက အမျိုးမျိုး ဖြစ်နိုင်သည်) ကမ္ဘာပေါ်ရှိ ထိပ်တန်း တက္ကသိုလ်များမှာ သက်ဆိုင်ရာ နိုင်ငံများမှ တော်သော၊ ထက်သော၊ တက်ကြွသော နိုင်ငံခေါင်း ဆောင်လောင်းများ၊ လူ့အဖွဲ့အစည်း အသီးသီးမှ “ခေါင်” များကို အလိုရှိကြ သည်ချည်း ဖြစ်ရာ ထိုသို့သော ပူးပေါင်း ဆောင်ရွက်မှုမျိုး (ရာနှုန်းအနည်းငယ် ကျောင်းလခ လျော့ပေးခြင်းဖြင့် ကျောင်း သားကောင်းရသည်မျိုး)ကို ဝမ်းပန်း တသာ ကြိုဆိုကြသည်ချည်း ဖြစ်သည်။

ထိုပွဲတွင် ပညာသင်ဆု အစီအစဉ်များကို စပ်စုလိုက်ရာ အများအားဖြင့် အင်ဒိုနီး ရှား၊ တူရကီ၊ အိုမန်၊ ချီလီ၊ ကူဝိတ်၊ အိန္ဒိယ၊ ဆော်ဒီ၊ ထိုင်း၊ တရုတ် အစိုးရ ပညာသင်ဆုဖြင့်လာသော ကျောင်းသား များ ဖြစ်သည်။ ဖစုကတော့ ဗြိတိန် အစိုးရ ပညာသင်ဆုဖြင့် လာခြင်းဖြစ် သည် (မြန်မာအစိုးရက မပေးပါ)။ ကျန်သည့် ကိုယ်မသိလိုက်သော နိုင်ငံများ၏ အစိုးရများ၏ အစီအစဉ်ဖြင့် ကျောင်းလာ တက်သူများ ရှိပေဦးမည်။ ယခင် မြန်မာ အစိုးရလက်ထက်က အစိုးရပညာသင်ဆု (သမ္မတ ပညာသင် ဆု)အကြောင်း ကြားလိုက်သည်။

သို့သော် ယခု အစိုးရလက်ထက် မည်သို့ စခန်းသွားနေသည် မသိပါ။

အစိုးရ ပညာသင်ဆု အကြောင်းများလည်း များစွာ မကြားရတော့ပါ။ိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သူပညာသင်ခဲ့ ရာ အင်္ဂလန် အောက်စ်ဖို့ တက္ကသိုလ်ကို ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း ပြန်လည်ပတ် ပြီးနောက်ပိုင်း မြန်မာ ကျောင်းသားများ အတွက် ပညာသင်ဆုတစ်ခု စီစဉ်ခဲ့သည် ဟု ဆိုသည်။

သို့သော် ကမ္ဘာပေါ်ရှိ လူ့မလိုင်တို့ ၏ သည်းခြေကြိုက် အောက်စ်ဖို့ တက္ကသိုလ်မှာ ကျောင်းဝင်ခွင့်ရရန် ခက် လှသည်။ ရလှ တစ်နှစ်မှ မြန်မာပြည်မှ တစ်ဦးစ နှစ်ဦးစသာ ဖြစ်နိုင်သည်။ အမေရိကန်၊ ဗြိတိန် မဟုတ်လျှင် တောင်မှအခြား ကျောင်းလခ အတော် အပါး သက်သာသော၊ ပညာသင် အခွင့် အရေး၊ ဝင်ခွင့် များစွာ မခက်လှသော ဥရောပ၊ အာရှနှင့် အခြား ဒေသများမှ နာမည်ရ တက္ကသိုလ်များတွင် အစိုးရ အရာရှိများ၊ မြန်မာများ ကျောင်းတက် နိုင်ရေး စဉ်းစားသင့်လှသည်။

ထိပ်တန်း ဆိုတော့ တက္ကသိုလ်များနှင့် မကွာလှ သော ပညာရေးရနိုင်သည်။ အနောက်ပညာရေး သွားသင်ခြင်း ဖြင့် အနောက်ကို ကူးချရန် မဟုတ်ပါ။ ယခုတွေ့နေသော အတွေ့အကြုံအရ အင်္ဂလန်တွင် စာသင်နေသည်ဆိုသော် လည်း အနောက်ပညာရေး သက်သက် မဟုတ်ပါ။

ကမ္ဘာ့အရှေ့ခြမ်း၊ အနောက် ခြမ်း၊ ကုလသမဂ္ဂ အပါအဝင် အနောက် နိုင်ငံကြီး အချို့၏ကမ္ဘာ့ဗိုလ်ကျ စိုးမိုး ရေး ဝါဒအနုတ်လက္ခဏာများကိုလည်လေ့လာရသည်။

“ဘယ်လို အကောင်ကြီးကြီး အမြီး ရှည်ရှည် ပညာရှိ ပရောဟိတ်ကြီးပြောတာ ကိုမှ ဟုတ်လှမှန်လှချည်ရဲ့လို့ မယုံလိုက် နဲ့။ ကိုယ်တိုင် စဉ်းစား ဆင်ခြင်သုံးသပ် ပါ” အထက်ပါ စကားမှာ ယခုတက် ရောက်နေသော ပြည်သူ့ရေးရာမူဝါဒ မဟာတန်းမှ ဆရာတစ်ဦးမှာကြား ဆုံးမ သည့် အဆိုစကားတစ်ခု ဖြစ်သည်။

ဆိုလိုရင်းမှာ ခြောက်တိုင်းလည်း မကြောက်၊ မြှောက်တိုင်းလည်း မမြောက် ကိုယ်ပိုင်ပညာဉာဏ်ဖြင့် ဆင် ခြင်သုံးသပ်ကြရန် ဖြစ်သည်။ ဗုဒ္ဓဟောခဲ့ သော ကာလာမသုတ်ကိုပင် သတိရမိချေ သေးတော့သည်။

ထိုကြောင့် မြန်မာနိုင်ငံတွင် မည် သည့် နိုင်ငံရေးသမားက မင်းဖြစ်စေ၊ မည်သည့် ဝါဒရှိသော နိုင်ငံရေး ပါတီက တိုင်းပြည်အုပ်ချုပ် မင်းလုပ်စေကာမူ တိုင်းပြည်ကို မောင်းနှင်မည့် အစိုးရ အရာရှိများ ကမ္ဘာသိ သိရန်၊ ကမ္ဘာ့မြင် မြင်ရန် ပညာအခံ အရေးတကြီးလိုပါ သည်။ တိုင်းပြည်မင်းလုပ် အုပ်ချုပ်မည့် နိုင်ငံရေးပါတီများမှ မင်းလောင်းများက လည်း ထိုပညာအခံလိုပါသည်။ ထိုမှသာ တိုင်းပြည်ကို မှန်ကန် သော လမ်းကြောင်းအတိုင်း ထိန်း ကြောင်း မောင်းနှင်နိုင်မည် ဖြစ်သည်။

ကျောင်းသူ ကျောင်းသားများမှာ ဆောင်းဦး ပန်းပွင့်များနှင့် အတူ မည်မျှ စတိုင်ကျ လှပနေစေကာမူ၊ ရင်တွင်းတွင် တော့ ဗလောင်ဆူနေနိုင်သည်။ ဖတ်စရာ စာရင်းရှည်ကြီးကို ကြည့်ရင်း သက်ပြင်း ချနေနိုင်သည်။ စာသင်ချိန်တွေက ခပ်များများ မဟုတ်သော်လည်း ဖတ်စရာ၊ လေ့လာ စရာ ခပ်လေးလေးဖြင့် တက္ကသိုလ် ကျောင်းသား ဘဝ တကယ့်အချိန် ရောက် နေပြီ မဟုတ်ပါလော။

တကယ့်ပေါ့ပေါ့ပါးပါး တက္ကသိုလ် အကြိုရက်များမှာ ဆောင်းဦးရွက်ဝါ များနှင့် အတူ တဖြုတ်ဖြုတ်ကြွေနေပြီ မဟုတ်ပါ၏လော။

စာရေးသူမှာ အင်္ဂလန်နိုင်ငံ ဘရစ္စတိုမြို့ရှိ ဘရစ္စတိုတက္ကသိုလ်တွင် ပြည်သူ့ရေးရာ မူဝါဒမဟာဘွဲ့ (MSc Public Policy) အတန်း တက်ရောက် သင်ယူနေသော ထားဝယ်ဒေသခံ တစ်ဦးဖြစ်သည်။ နိုင်ငံတကာတွင် ကျင့် သုံးနေသော တက္ကသိုလ်ပညာရေးပုံစံကို တို့ထိ မြည်းစမ်းနိုင်ရန်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံရေး၊ ယဉ် ကျေးမှု ထုံးထမ်းဓလေ့များကို တစ်စိတ် တစ်ပိုင်း နားလည် သင်ခန်းစာယူနိုင်ရန် ယခု အခန်းဆက် ဒိုင်ယာရီကို (တစ်လ နှစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် ကဲ့သို့) အလျင်းသင့်သလို ဖော်ပြသွား မည်ဖြစ်ပါသည်။

အယ်ဒီတာ