ပုလုံးတုံတုံး တံတားသစ်မပြီးခင် တံတားဟောင်း အကြီးစား ပြင်ဆင်ရန်လို

0
441

ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာသို့ သွားလာရန် တည်ဆောက် နေသည့်ကွန်ကရစ်တံတားသစ် လာမည့် ၂၀၂၀ ခုနှစ်မှ ပြီးမည်ဖြစ်သည့်အတွက် လက်ရှိ အသုံးပြုနေသည့် သစ်တားတံ တားကို အကြီးစား ပြင်ဆင်ရန် လိုအပ် နေကြောင်း ပုလုံးတုံတုံးကျေးရွာ တံတား ပြုပြင်ထိန်းသိမ်းရေး ကော်မတီက ဆို သည်။ ပေ ၂၇၀ဝ အရှည်ရှိ အဆိုပါ ပင်လယ်ဖြတ်ကျော် သစ်သားတံတားကို အသေးစားပြင်ဆင်မှုများ လုပ်နေသော် လည်း လက်ရှိတွင် သစ်သားကြမ်းခင်း များ ပျက်စီးမှုများလာသည့်အတွက် အကြီးစား ပြင်ဆင်မှသာ အဆင်ပြေတော့ မည်ဖြစ်ကြောင်း ပုလုံးတုံတုံး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇင်ကိုက ဆိုသည်။

“တစ်ချို့နေရာတွေမှာ သံတွေကြွ တက်နေတာ၊ နင်းချမရအောင် ဆွေးနေ တာ၊ နံဘေးလက်ရမ်းတွေ ပြုတ်ထွက် ပျက်စီးနေပြီ”ဟု ၄င်းက ဆိုသည်။ အဆိုပါ တံတားကို ပုံမှန် ပြုပြင် ထိန်းသိမ်းခဲ့သော်လည်း ကွန်ကရစ် တံတားအသစ် တည်ဆောက်နေသည့် အတွက် ယခုနှစ်တွင် အကြီးစား ပြင် ဆင်မှု မလုပ်ဖြစ်တော့ခြင်း ဖြစ်ကြောင်း အထက်ပါ ကော်မတီမှ သိရသည်။

လက်ရှိတွင် ပြင်ဆင်မှ ဖြစ်မည့် အနေအထားဖြစ်သည့်အတွက် ခရိုင်အုပ် ချုပ်ရေးမှူးထံ တင်ပြထားပြီး ခွင့်ပြုချက် ရပါက ပြင်ဆင်မည်ဖြစ်ကြောင်း သိရ သည်။ ပုလုံးတုံတုံး ကွန်ကရစ် တံတား သစ်မှာ ၄၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။