မသန်စွမ်းကလေးများ အားကစားပွဲ ဒုတိယအကြိမ်ကျင်းပမည်

0
391

ဒုတိယအကြိမ် မသန်စွမ်းကလေး များ အားကစားပွဲကို ထားဝယ်မြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

မသန်စွမ်းကလေးများ အားကစား ပွဲ(Right to Play) ကို လူမှုဝန်ထမ်းဦးစီး ဌာနနှင့် ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံတို့ ပူးပေါင်းပြီး နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ “မသန်စွမ်းသူတွေ လူမှုအသိုင်း အဝိုင်းမှာ ပါဝင်လှုပ်ရှားမှုကို မြင့်တင်တဲ့ အနေနဲ့ ပြုလုပ်တာပါ” ဟု တိုင်းလူမှုဝန် ထမ်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးနေဇာနိုင် က ဆိုသည်။ အဆိုပါ အားကစားပွဲတွင် မသန် စွမ်းသူများနှင့် သန်စွမ်းသူများကို ရော နှောကာ အဖွဲ့လိုက်ကစားစေမည်ဖြစ်ပြီး ဘောလုံးပစ်၊ ဘော်လီဘောပစ်၊ ကြက် တောင်ရိုက်၊ ခြင်းလုံးခတ်စသည်အား ကစားနည်းများကို ကစားကြမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။

၎င်းအပြင် ဖျော်ဖြေရေးအစီစဉ်များ လည်း ပါဝင်မည်ဖြစ်ကြောင်း တိုင်းလူမှု ဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။ ပထမအကြိမ် မသန်စွမ်းကလေး များ အားကစားပွဲ (Right to Play) ကို စက်တင်ဘာလ ၃ ရက်က ထားဝယ်ခရိုင် မိုးလုံလေလုံအားကစား ခန်းမတွင် ကျင်းပခဲ့ပြီး ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များမှ မသန်စွမ်းသူ ၂၇ ဦးနှင့် သန်စွမ်းသူ ၁၀ဝ ကျော် ပါဝင်ကစားခဲ့ကြောင်း သိရ သည်။