မြိတ်တွင် ပြုလုပ်မည့် အကြောင်းအရာအလိုက် အမျိုးအသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အစိုးရက ခွင့်မပြုသော်လည်း နေရာရွှေ့ ကျင်းပမည်

0
433

မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် ကျင်းပရန်စီစဉ်ထားသည့် အကြောင်း အရာအလိုက် အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲ (တနင်္သာရီတိုင်းဒေသကြီး) ကို အစိုးရက ခွင့်မပြုကြောင်း အကြောင်း ကြားလာသော်လည်း နေရာရွှေ့ကျင်းပ သွားမည်ဟု ယင်းဖိုရမ်ကော်မတီ တာဝန်ခံ ဦးမိုးသူအောင်က ပြောသည်။ ဆွေးနွေးပွဲကို ကြိုတင်စီစဉ်ထား သည့်နေ့များအတိုင်း နိုဝင်ဘာ ၁၈၊ ၁၉၊ ၂၀ ရက်နေ့များတွင် မြိတ်မြို့နယ် ကျောက်ဖျာရွာရှိ ဓမ္မိကာရာမ ပညာဒါန ကျောင်းတွင် ပြောင်းရွှေ့ကျင်းပမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။

ထိုဆွေးနွေးပွဲကို အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနမှ ခွင့်မပြုဟု တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးသို့ အကြောင်းကြားလာကြောင်း ခရိုင်အုပ် ချုပ်ရေးမှူးမှ ဦးအောင်မိုးသူထံ မိတ္တူ ပေးပို့သည့် အကြောင်းကြားစာတွင် ပါရှိ သည်။ ပြည်နယ်နှင့်တိုင်းအဆင့် အရပ် ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေး နွေးပွဲကို အခြားတိုင်းနှင့် ပြည်နယ် အချို့တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ် ကာ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ခွင့်မပြုလျှင် ခွင့်မပြုကြောင်းစာကို ဖိုရမ်ကော်မတီသို့ ပေးပို့ရမည်ဖြစ်သောကြောင့် နေရာရွှေ့ ကျင်းပခြင်းဖြစ်ကြောင်း ဦးမိုးသူအောင် က ပြောသည်။

“ပွဲကတော့ မဖျက်ဘူး ဆက်လုပ် မယ်။ကျွန်တော်တို့တိုင်းကျမှ ဒီလို (ခွင့်မ ပြုဘူးဆိုပြီး)လာဖြစ်နေတယ်၊ ကျွန် တော်တို့ အထက်အဆင့်က အသိပေးသငသူတွေကို အသိပေးပြီးပါပြီ”ဟု ၄င်းက ပြောသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဖယ်ဒရယ် ဆိုင်ရာ မူဝါဒအကြံပြုစာတမ်း၊ မြေယာ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ အကြံပြုစာတမ်းများကို ဆွေးနွေးပြီး လာ မည့် ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ တင်သွင်းမည်ဖြစ် ကြောင်း တိုင်းအရပ်အဖွဲ့အစည်းများငြိမ်း ချမ်းရေးဖိုရမ်ကော်မတီက ထုတ်ပြန် ထားသည်။