ကင္မ္ဘာရာမွ စာတစ်စောင်

0
549

သို့……
အောင်လွင်
ဩစတေးလျအစိုးရပညာသင်ဆုရကျောင်းသား
ထားဝယ်မြို့၊ မြန်မာနိုင်ငံ။
အကြောင်းအရာ ။ ။ ကျောင်းဝင်ခွင့်လျှောက်ထားမှု ပြန်ကြားစာ။ မင်္ဂလာပါ။ အောင်လွင်ရဲ့ ဩစတေးလျနိုင်ငံ အမျိုးသားတက္ကသိုလ် – Australia
National University (ANU) ၏ မဟာသိပ္ပံတန်းသို့ တက်ရောက်သင်ကြားခွင့် လျှောက်လွှာကို ကျွန်ပ်တို့ကောင်းစွာ လက်ခံရရှိပါသည်။ အောင်လွင်၏ အလုပ် အတွေ့အကြုံ၊ နိုင်ငံတကာတွင် တက်ရောက်လေ့လာခဲ့သည့် သင်တန်းများ၊ ဆွေးနွေးပွဲ များနှင့် သုတေသနလုပ်ငန်းများမှာ ပြည့်စုံကောင်းမွန်ပြီး လျှောက်ထားသည့် ဘာသာရပ်အတွက် လိုအပ်ချက်များကို ပြည့်မီပြီး ဩစတေးလျနိုင်ငံ တက္ကသိုလ်များ၏ ၂ နှစ်တာ မဟာသိပ္ပံတန်းကို ပြီးမြောက်အောင် တက်ရောက်နိုင်မည့် ကျောင်းသား တစ်ဦး ဖြစ်မည်ဆိုသည်ကို ကျွန်ပ်တို့ သံသယမရှိပါ။

သို့သော် ကျွန်ပ်တို့ ဩစတေးလျှနိုင်ငံ အမျိုးသားတက္ကသိုလ်၏ မဟာသိပ္ပံတန်း ဝင်ခွင့် သတ်မှတ်ချက်များအနက် အရေးကြီးသည့် အချက်တစ်ခုဖြစ်သော လျှောက် ထားသူ ကျောင်းသား၏ ပထမဘွဲ့အတွက် ပညာသင်နှစ် အနိမ့်ဆုံး ၄ နှစ်ရှိရမည်ဟူ သည့် အချက်ကိုမူ အောင်လွင်အနေဖြင့် ပြည့်စုံခြင်း မရှိပါ။ အကြောင်းကား မြန်မာနိုင်ငံ၊ ထားဝယ်တက္ကသိုလ်မှ အောင်လွင်ရရှိခဲ့သည့် ပထမဘွဲ့သင်တန်းမှာ ၃ နှစ်သာဖြစ် သောကြောင့် ဖြစ်သည်။ သို့ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့ ဩစတေးလျှနိုင်ငံ အမျိုး သားတက္ကသိုလ်မှ အောင်လွင်ကို ကျွန်ုပ်တို့တက္ကသိုလ်၏ မဟာသိပ္ပံ ၂ နှစ်သင်တန်းကို တက်ရောက်ခွင့် ပြုနိုင်မည်မဟုတ်ကြောင်းကို ဝမ်းနည်းစွာ ပြန်ကြားလိုက်ပါသည်။

ဤအကြောင်းပြန်ကြားစာကြောင့် အောင်လွင်အနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်မည်ဆိုသည်ကို ကျွန်ပ်တို့ နားလည်သဘောပေါက်မှု ရှိပါသည်။ အောင်လွင်အနေ ဖြင့် ဩစတေးလျအစိုးရမှ ပေးအပ်ထားသည့် ပညာသင်ဆုကို ရရှိထားပြီးဖြစ်ရာ ဩစတေးလျနိုင်ငံအတွင်းရှိ အခြားကမ္ဘာ့အဆင့်မီ တက္ကသိုလ်တခုခုမှ ကျောင်းဝင်ခွင့် ရရှိမည်မှာ မြေကြီးလတ်ခတ်မလွဲပင် ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံရှိ တက္ကသိုလ်များ၏ နိုင်ငံတကာ ပညာသင်ကြားမှု စနစ်ကောင်းများကိုလည်း အောင်လွင်အနေဖြင့် သဘောကျ နှစ်ခြိုက်လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်မှုရှိပါသည်။
အကောင်းဆုံးဖြစ်ပါစေဟုလည်း ဆုတောင်းပေးလိုက်ပါသည်။

မှတ်ချက် ။ ။ ဤအကြောင်းပြန်ကြားစာသည် ဩစတေးလျနိုင်ငံ အမျိုးသားတက္ကသိုလ်၏ တရားဝင်အကြောင်း ပြန်ကြားစာဖြစ်ပြီး လျှောက်ထားသူ ကျောင်းသားအနေဖြင့် ကျောင်းဝင်ခွင့်အတွက် တက္ကသိုလ်သို့ တိုက်ရိုက်အယူခံဝင်ခွင့် မရှိပါ။
ပညာသင်ဆုပေးအပ်ရေးအဖွဲ့
မြန်မာနိုင်ငံဆိုင်ရာ ဩစတေးလျသံရုံး
ရန်ကုန်မြို့

ကင်မ်ဘာရာမှ စာတစ်စောင် အောင်လွင်(ကံပေါက်သား) ကြွေလွင့်သွားတဲ့ အင်ဂျင်နီယာ အိပ်မက် အထက်က စာကိုရတော့ ၂၀ဝ၄ ခုနှစ်က တက္ကသိုလ်ဝင်တန်းအောင်ပြီး အင်ဂျင်နီယာ ဘွဲ့ကြိုသင်တန်းတက်ဖို့ လျှောက်ထားတဲ့ အချိန်ကို ပြေးသတိရမိ တယ်။ အဲသည် ကုန်ခဲ့တဲ့ ၁၄ နှစ်တုန်းက အင်ဂျင်နီယာရူး ရူးနေတဲ့ကျွန်တော် အေဂျီတီအိုင် တက်ခွင့်ရတော့ လွှတ်ပျော် နေတဲ့ ကာလပေါ့။ လမ်းလျှောက်ရင် တောင် မြောက်ြွက မြောက်ြွက။ အဲတုန်း က ထားဝယ်နည်းပညာတက္ကသိုလ် မရှိသေး။ အခု ထားဝယ်ကွန်ပြူတာ တက္ကသိုလ်နေရာက အေဂျီတီအိုင်ကျောင်း ရဲ့ ကျောင်းအုပ်ဆရာမကြီးက ကျောင်း ဝင်ခွင့်နဲ့ ပတ်သက်သမျှတွေကို မေမေ နဲ့ ကျွန်တော့်ကို စိတ်ရှည်လက်ရှည် ရှင်း ပြရှာပါတယ်။

တက္ကသိုလ်တက်မယ်ဆိုမှ ထားဝယ်မြို့ကို စရောက်ဖူးတဲ့ တောသား ကျွန်တော်ရယ်၊ ဒီလို အစိုးရဌာနဆိုင်ရာ တွေကို ဝင်ထွက်နေကျမဟုတ်တဲ့ မေမေ ရယ် နှစ်ယောက်သား မျက်လုံးကလေး ကလယ်ကလယ်တွေနဲ့ပေါ့။ အဲဒီတုန်းက ဆရာမကြီးရှင်းပြတဲ့ ကျောင်းဝင်ခွင့် စည်းမျဉ်း စည်းကမ်းများ ဆိုတာကြီး တွေထဲက တစ်ခုက ကျောင်းသားမိဘ နှစ်ဦးစလုံးဟာ ပြည်ထောင်စု မြန်မာ နိုင်ငံသား ဖြစ်ရမယ်ဆိုတဲ့ အချက်ပဲ။ အဲသည်တုန်းက အဖေနိုင်ငံခြားသားဖြစ် တဲ့ မေမေ့မှာ ဧည့်နိုင်ငံသားကတ်သာ ရှိသေးတဲ့အချိန်။ အဆိုးဆုံးအချက်က တော့ အေဂျီတီအိုင်သင်တန်း ၂ နှစ်တက် ပြီးတဲ့အချိန်အထိ မေမေ့မှာ နိုင်ငံသားစိ စစ်ရေးကတ်ပြားမပြနိုင်ရင် အင်ဂျင်နီယာ သင်တန်း ဆက်တက်ခွင့် မရနိုင်တော့ သလို တခြား ဘယ် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကို မှ ပြောင်းတက်ဖို့ ရမှာ မဟုတ်တော့တဲ့။ ဒီလိုနဲ့ ကျွန်တော့် အင်ဂျင်နီယာအိပ်မက် တွေ ထားဝယ်မြို့အေဂျီတီအိုင်ကျောင်း ရှေ့က ကတ္တရာလမ်းမတွေအပေါ်မှာ တပေါင်းလရဲ့ ရွက်ြွေကတွေနဲ့အတူ လွင့် ပါးပျောက်ကွယ်သွားခဲ့ရတယ်။ ဟော…..အခု အဲဒါကြီးက တကျော့ ပြန်လာပြီ။ ဩစတေးလျနိုင်ငံ အမျိုးသား တက္ကသိုလ်က ကျွန်တော့်ကို ကျောင်းဝင် ခွင့်မပေး။

ထားဝယ်တက္ကသိုလ်မှာ ကျွန် တော်က ၃ နှစ်နဲ့ ဘွဲ့ရထားလို့ပါတဲ့။ သူတို့ တက္ကသိုလ် မဟာသိပ္ပံတန်းတက် ခွင့်ရဖို့ ပထမဘွဲ့ကို ၄ နှစ်တက်ထားမှ ရမယ် ဆိုလာတယ်။ အေဂျင်တီအိုင်တက် ခွင့်မရတုန်းက ကျောင်းအုပ်ကြီးအကြံပေး ခဲ့တာကို ပြန်သတိရမိစေတယ်။ “ထား ဝယ်တက္ကသိုလ်မှာ ရိုးရိုးဘွဲ့သင်တန်းတခု သာ ပြောင်းတက်လိုက်ပါသား”တဲ့။ အခုလည်း ဩစတေးလျသံရုံး ပညာသင် ဆုပေးအပ်ရေးအဖွဲ့က အလားတူ အကြံ မျိုး ပေးလာပြန်တယ်။ “ဩစတေးလျက ကမ္ဘာ့အဆင့်မီ အခြားတက္ကသိုလ် တစ်ခုခု မှာ ကျောင်းပြောင်းအပ်ပေးပါမယ်”တဲ့ လေ။ အနာဂတ်ကို ထူထောင်ခြင်း အနုပညာ ကျွန်တော် ဘာများ အမှားလုပ်မိခဲ့ပါ လိမ့်။ မမှား။ ကျွန်တော်မမှား။ လုံးဝကို မမှား။ မှားနေတာက စနစ်။ ကျွန်တော်တို့ ကို ပုံစံသွင်းခဲ့တဲ့ စနစ်။ ဆိုးရွားလှတဲ့ အသုံးမကျတဲ့ ပညာရေးစနစ်။ ခေတ် အဆက်ဆက် လူငယ်တွေရဲ့ အတွေး အခေါ်တွေ၊ နိုင်ငံရဲ့ အနာဂတ်မျိုးဆက် တွေကို မတွေးတတ် မခေါ်တတ်ဖြစ် အောင်၊ ကမ္ဘာ့အလယ်မှာ မျက်နှာမပြဝံ့ တော့အောင် ဖျက်ဆီးထားပစ်ခဲ့တဲ့ စနစ် ဆိုး။ အဲဒီ စနစ်ဆိုးက နိုင်ငံရဲ့ ပညာရေး စနစ်ကို သွန်လိုသွန် မှောက်လိုမှောက်လုပ် ခဲ့တဲ့ ရလဒ်ကြောင့် အရည်အချင်း ပြည့်မီ ပေမယ့် ကျွန်တော်တို့လုပ်ချင်တာ ဖြစ် ချင်တာတွေ ဖြစ်ခွင့် လုပ်ခွင့်မရတော့။ နိုင်ငံတကာ ကျောင်းသားတွေနဲ့ ကျွန်တော်တို့ကြားမှာ အကန့်အသတ်တွေ ဖြစ်စေခဲ့ပြီ။ အဲဒါက ကျွန်တော်တစ် ယောက်တည်းကို အခက်အခဲ ဖြစ်စေတာ မဟုတ်။ အဲဒီခေတ်က ၃ နှစ်နဲ့ ပထမဘွဲ့ရ ခဲ့တဲ့ ကျွန်တော်နဲ့အတူ ပညာသင်ဆုရတဲ့ သူငယ်ချင်းတွေရဲ့ ဆန္ဒတွေကို ထိခိုက်စေ ခဲ့ပြီ။ အဲဒါ ကျွန်တော်ညံ့လို့ဖြစ်တာ မဟုတ်။ ကျွန်တော်တို့လူငယ်တွေညံ့လို့ ဖြစ်ရတာမဟုတ်။

အသုံးမကျတဲ့၊ ရေရှည် အမြင်မရှိတဲ့၊ အနာဂါတ်ကောင်းကို မတည်ဆောက်နိုင်တဲ့ စနစ်ကို တည် ဆောက်ခဲ့တဲ့ အာဏာရသူတွေကြောင့် ဖြစ်တယ်လို့ စွပ်စွဲပါတယ်။ နိုင်ငံတစ်ခု လူလူသူသူဖြစ်အောင် တည်ဆောက်တဲ့နေရာမှာ ပညာရေးဟာ အက္ခရာဖြစ်တယ်ဆိုတာ အထူးပြောရန် မလိုတော့ပြီ။ အပြောင်းအလဲကို ဖော် ဆောင်နေတဲ့ ပစ္စုပ္ပန်နိုင်ငံရေးအခင်းအ ကျင်းမှာ ပညာသင်ကြားမှုဆိုင်ရာ စနစ် ကောင်းတွေ ဆောင်ရွက်နိုင်ဖို့ ပြုပြင် ပြောင်းလဲမှုတွေ စတင်ပြုလုပ်နေပြီလို့ သိထားရပါတယ်။ ပိုမိုကောင်းမွန်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အနာဂတ်လူ့အဖွဲ့ အစည်းကို ထူထောင်တဲ့နေရာမှာ ကျယ် ပြန့်စွာတွေးခေါ်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင် မှုမျိုးကို ကျွန်တော်တို့ အလိုရှိပါတယ်။ အဲဒီလိုဖြစ်အောင်လည်းကျွန်တော် တို့ တည်ဆောက် ယူကြရပါလိမ့်မယ်။

အောင်လွင်(ကံပေါက်သား)