ကျူပင်ထုတ်ယူသယ်ဆောင်ခွင့် မျှောစာ ကြန့်ကြာမှုကြောင့် တံမြက်စည်းထုတ်လုပ်မှု ကျဆင်း

0
942

ကုန်ကြမ်းကျူပင် ထုတ်ယူသယ် ဆောင်ခွင့် မျှောစာလျှောက်ထားရာတွင် သက်ဆိုင်ရာမြို့နယ် သစ်တောဌာနတစ် ချို့၏ ကြန့်ကြာမှုကြောင့် တံမြက်စည်း ထုတ်လုပ်မှုကျဆင်းလာကြောင်း မြိတ် မြို့ရှိ တံမြက်စည်းလုပ်ငန်းရှင် အချို့က ပြောသည်။ မျှောစာကြန့်ကြာမှုကြောင့် လုံလောက် သည့်ကုန်ကြမ်းမရရှိသဖြင့် ထုတ်လုပ် မှု ကျဆင်းလာခြင်းဖြစ်ကြောင်း မြိတ် မြို့၊ ဘုံပျံရပ်ကွက်ရှိ တံမြက်စည်း လုပ်ငန်း ရှင်အချို့က ပြောသည်။

ကျူပင်ကို ယခင်က မျှောစာမရှိဘဲ သယ်ယူခွင့်ရရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်မှ စတင်၍ မျှောစာဖြင့်သယ်ယူရန် ထုတ် ပြန်ခဲ့ခြင်းဖြစ်ပြီး မျှောစာထုတ်ယူရသည့် နှစ်များတွင် ကုန်ကြမ်း အလုံအလောက် မရတော့ခြင်းဖြစ်ကြောင်း ၄င်းတို့က ဆို သည်။ မျှောစာမထုတ်ရခင်အချိန်က တစ် လလျှင် ကွန်တိန်နာ ၃ လုံးခန့် ပြည် တွင်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့သော် လည်း ယခုအခါ တစ်လလျှင် တစ်လုံး ထွက်ရန်ပင် မလွယ်ကူတော့ကြောင်း ဘုံပျံရပ်ကွက်ရှိ တံမြက်စည်းလုပ်ငန်းရှင် ဦးမင်းဇော်က ပြောသည်။ “မီးရှို့ပစ်ရတဲ့ အမှိုက်ထဲက နိုင်ငံ တော်ကို ဒေါ်လာရှာပေးနေတာ ဒေသခံ တွေကို အလုပ်အကိုင်တွေ ရှာပေးနေ တာ မြန်မြန်ဆန်ဆန်တော့ လုပ်ပေးစေ ချင်တယ် ” ဟု ဦးမင်းဇော်က ဆိုသည်။

တံမြက်စည်းများကို ပြည်တွင်း အပြင် မလေးရှားနိုင်ငံသို့လည်း တင်ပို့ ကြောင်း တံမြက်စည်းလုပ်ငန်းလုပ်ကိုင် သူအချို့ထံမှ သိရသည်။ တံမြက်စည်းလုပ်မည့် ကျူပင်များ ကို ဇန်နဝါရီလမှ မတ်လအထိ သုံးလ သာ ခုတ်ယူရပြီး မျှောစာကို ဇန်နဝါရီလ မတိုင်မီ ၁၀ လ အလိုကတည်းက လျှောက်ထားသော်လည်း အချိန်မီ မရရှိ ကြောင်း တမြက်စည်းလုပ်ငန်းရှင် အချို့ က ပြောသည်။ မျှောစာကို ဇန်နဝါရီလအကုန်မှ ရရှိသဖြင့် ကျူပင်ခုတ်ယူသည့်ကာလ၏ သုံးပုံတစ်ပုံ ဆုံးရှုံးသွားသောကြောင့် ကုန် ကြမ်း အလုံအလောက် မရခြင်းဖြစ်ကြောင်း တံမြက်စည်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး ဖြစ်သည့် ဦးဝေလွင်က ပြောသည်။ ထုတ်ယူခွင့်မျှောစာကို အချိန်နှင့် တပြေးညီ ထုတ်ပေးပါက လုပ်ငန်းလည် ပတ်ရာ၌ အခက်အခဲကြန့်ကြာမှုမရှိဘဲ ရာသီပေါ်သည့်အချိန် ထုတ်ယူနိုင်မည် ဖြစ်ကြောင်း ဦးဝေလွင်က ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မျှောစာ လာရောက်လျှောက်သည့်ရက်ကို အမြန် လုပ်ကိုင်ဆောင်ရွက်ပေးနေကြောင်း မြိတ်ခရိုင်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းထွန်း ကပြောသည်။

“မျှောစာလျှောက်လို့ ကြန့်ကြာနေ တဲ့အချိန်အပိုင်းတွေက တကယ်လို့ အောက်ခြေမှာ အကြောင်းအမျိုးမျိုး ကြောင့် ကြန့်ကြာနေမယ်ဆိုရင် ကျွန် တော်တို့ တာဝန်ရှိတဲ့လူတွေကနေ သွား စစ်ပေးမယ်” ဟု ၄င်းက ပြောသည်။ မြိတ်မြို့နယ်တွင် တံမြက်စည်းလုပ် ငန်း လုပ်ကိုင်သည့်အလုပ်ရုံ ၃ ရုံရှိပြီး မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများ လည်းရှိကြောင်း တံမြက်စည်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။