ငှက်ခါးတောင် ဝါကျများ

0
1511

နင်းလာတဲ့စက်ဘီးကို လမ်းဘေးချ ရပ် သော့ခတ်၊ လယ်ကွင်းရေထုတ်မြောင်း ထဲ တစ်ဝက်ကျော်ကျော်ရောက်အောင် ကုန်းစပ်နဲ့ ဆက်ဆောက်ထားတဲ့ ထန်း လက်မိုးဝါးတဲလေးထဲ လှမ်းတက်ပြီး “ထန်းရည်တစ်တောင့်”လို့ မဲမိစုကို လှမ်းမှာလိုက်တယ်။ အုန်းဆံကြိုးနဲ့ တွဲကပ်ချည်ပြီး ခင်း ထားတဲ့ ဝါးခြမ်းစိပ်ကြမ်းခင်းက လူ အတက်အဆင်း၊ ထိုင်လိုက်ထလိုက် လှုပ် ရှားလိုက်တိုင်း တကျွီကျွီ တကျွတ်ကျွတ် အသံပြုလို့။ ထန်းရည်ထည့်ထားတဲ့ ဝါး ကျည်တောင့်တွေ၊ ဝါးဆစ်ခွက်နဲ့ အမြည်းပန်းကန်တွေကိုတော့ ထင်းရှူးပုံး အလွတ်တွေနဲ့ လုပ်ထားတဲ့ တစ်ပေပတ် လည်လောက် သစ်သားအခင်းပြားလေး တွေပေါ် တင်ထားပြီး မလဲမမှောက် ဘဲ ငြိမ်နေအောင် ဂရုစိုက်ထားရတယ်။

တဲထောင့် ကစားပွဲလေးပေါ်မှာ ဆီပူထိုးထားတဲ့ ရှပ်သီခြောက်တံလေးတွေ ကို နို့ဆီခွက်ထဲ ထိုးစိုက်လို့။ လက်ဖက်၊ ပဲခြမ်း၊ မြေပဲ၊ နှမ်းနဲ့ဆီ၊ ဆား၊ အချိုမှုန့်ဗူး တွေ၊ ငံပြာရည်၊ ငရုတ်ဆီပုလင်းတွေနဲ့ ပလပ်စတစ်ဇကာခြင်းလေးထဲမှာ ကြက် သွန်နီ၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ရှောက်၊ သံပုရာအလျဉ်းသင့်သလို တင် ထား ထည့်ထားတယ်။ ဖွားရှင်မသီ ခြောက်၊ ငါးစင်ရိုင်းခြောက်တွေနဲ့ ငါးမုန့် ကြော်ထုပ်၊ မြေပဲဆားလှော်ထုပ်၊ ဆေး ပေါ့လိပ်စည်း၊ စီးကရက်ဘူးတွေလည်း ရှိပြီး ဂက်စ်မီးခြစ်တစ်လုံးကိုတော့ ကြိုး နဲ့ တန်းလန်းဆွဲလို့။ လူကြီးလက် တစ်ထွာကျော်ကျော် လောက်ရှိမယ့် ဝါးကျည်တောက်ထဲမှာ ကျည်တောက်အကြီးထဲက လောင်းထည့် လာခါစ ထန်းရည်က အမြှုပ်တစီစီနဲ့။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပုရာရည် လေး ညှစ်ပြီး သုပ်ထားတဲ့ ငါးနီတူခြောက် သုပ်နဲ့ ပဲခြမ်းသုပ်ကို အရောင်လွင်စ ပလပ်စတစ် ပန်းကန်ပြားချပ်ထဲထည့်ပြီး လာချသွားပြီဆိုတော့ ပွဲစလို့ ရပြီပေါ့။ ထန်းရည်တစ်တောင့် မကုန်ခင်အမြည်း က ကုန်ချင်ချင်ဖြစ်အောင် ကြိတ်ကြတော့ အစားခံအဝါးခံတဲ့ ဝက်ခေါက်ပြုတ်ကို မထူမပါး အနေတော်လှီး၊ ငရုတ်ဆီကဲကဲ နဲ့ ချဉ်ငံစပ်အရသာထွက်အောင် စပ်ဟပ် နယ်ထားတဲ့ ဝက်ခေါက်သုပ်တို့၊ စာလေး ခွေသုပ်တို့လည်း ထပ်ဖြည့်မှာ ရသေး တယ်။

ရဟန်းကြီးကြိုက် မလိုဘူး၊ ပုဇွန် ဆိတ်ခုန် မကြိုက်ဘူး၊ ပင်ကျ နေကျော် ပေး၊ ငှက်ခါးတောင်မှ သောက်မှာလို့ ဂျီ ကျချီးများဖို့ မစဉ်းစားခင် မေးရိုးကား ကား၊ မျက်နှာလေးထောင့်ကျကျနဲ့ တစ်လောကလုံးကို တစ်ရက်မှာ (၂၃) နာရီလောက် အလိုမကျသလို တဖျစ် တောက်တောက် ဆဲဆိုရေရွတ်နေတတ်တဲ့ ကိုစိုးဝင်းကြီးအနားမှာ ရှိမရှိ အရင်ကြည့် ရသေးတယ်။ သူထန်းပင်ပေါ်ရောက်နေ တဲ့အချိန်မျိုး မဟုတ်ဘဲ၊ တဲအနီးအနားရှိ နေတုန်း သူ့မိန်းမဆီမှာ အရိုးများသလေး ချီးခါးသလေး လုပ်နေတာ ကြားသွားလို့ ကတော့ သူ့ခါးက ခြေသလုံးမွေးကျအောင် သွေးထားတဲ့ ထန်းလှီးဓားကြီး ထုတ်ပြပြီး “နန်းမိ -ိုးကောန်လေ ခေါန်းပြတ်ရှင်နေ မှတ်ဟှယ် -ီး” ဆိုတဲ့ ဖရုဿဝါစာ နန်းစ တော့ စီးရီးကို နားသောတ ဆင်ရပြီသာ မှတ်။ လမ်းမသစ် ထန်းပင်တန်းတ လျှောက်က ကိုစိုးဝင်း၊ ကိုစံမြင့်၊ ကိုပြေ ငြိမ်း၊ ကိုသံချောင်းထန်းတဲတွေ၊ ကျောက် ရပ်၊ ရှမ်းမတွင်းက ကိုစိုးလွင်ထန်းတဲနဲ့ စောမိညိုဖက်က ထန်းတဲ၊ ပေါက်တိုင်း အထွက်က ရီးဖစုထန်းတဲတွေမှာတော့ ထန်းရည်ကြိုက်ကြတဲ့သူတွေ တဲပေါ်နှစ် ဝိုင်းသုံးဝိုင်း၊ တဲအနီးအနား မြေပြင်သန့် တဲ့နေရာတွေမှာ ဟိုတစ်စုဒီတစ်ဖွဲ့ သောက်လိုက်၊ စားလိုက်၊ စလိုက်နောက် လိုက်၊ ရီမောလိုက်နဲ့ မနက်ကိုးနာရီဆယ် နာရီကနေ ညဦးပိုင်းလောက်အထိ လူ ပြတ်သွားတယ်ရယ်လို့ သိပ်မရှိဘူး။ ကျောက်မော်ရွာအထွက်က ကိုထွန်းအိမ် မှာတော့ စဥ့်အိုးကြီးတွေနဲ့တည် လောင်း ဖောက်ထားတဲ့ ထန်းရည်မပြတ်တမ်းရ သလို၊ ချက်ကြီး၊ ဘီအီးစတဲ့ အရက်ဖြူ တွေရော၊ ရမ်၊ ဝီစကီတွေပါရတော့ အရက်သမားရော ထန်းရည်သမားပါ ဝင်လိုက် ထွက်လိုက်နဲ့ပေါ့။

ထန်းတဲတွေမှာ လူပိုကျတတ်တဲ့ ညနေပိုင်းအချိန်တွေဆို ထားဝယ်သူ ထားဝယ်သားတွေ ဆီပစ်လို့ခေါ်တဲ့ အကြော်စုံလှည့်ရောင်းတဲ့သူတွေ၊ မီးသွေး မီးဖိုသေးသေး၊ ဒယ်အိုးသေးသေးလေးထဲ ဘယာကြော် ပိစိညှောက်တောက်ကလေး တွေကို ပျဉ်းတော်သိမ်၊ ငရုပ်ရှည်ခြောက် နီနီရဲရဲတွေနဲ့ မွှေးနေအောင်ကြော်ပြီး ပိုက်ဆံကြီးကြီး ရအောင်စုတတ်တဲ့ ဘယာကြော်သည် ကုလားနဲ့ဂစ်တာဝိုင်း တွေ့ရင် သူ့ဗန်းကလေးဘေးချ မေ့ထား ပြီး၊ ဝါသနာကို မတားနဲ့တော့ရှင်ဆိုသလို တဒေါင်ဒေါင်တဒင်ဒင် လက်စွမ်းပြချင် လှတဲ့ ဝက်သားတုတ်ထိုးသည်ကြီးလည်း ယောကျာ်းစီး ဘားတန်းစက်ဘီးအို လေးပေါ် အချဉ်ရည်ဗူး၊ လှီးဖြတ်ဖို့ဓား၊ မီးသွေးထုပ်၊ ယပ်တောင်စုံစီနဖာထည့် ထားတဲ့ ကြိမ်ဆွဲခြင်း၊ စဥ့်တီတုံးသီးသန့် သုံးစရာမလိုအောင် သစ်သားပြားတွေ တွဲဆက်၊ ဒန်ဗန်းအဝိုင်း ထည့်လို့ရအောင် အပေါက်ဖောက်ပြီး အောက်ဖက်မီးသွေးဖို ကလေးပါ တွဲထားတဲ့ တုတ်ထိုးခြင်းတွေ တင်နင်းပြီး ရောက်လာတတ်တယ်။ ဟိုသီချင်းလေးတီးပြ၊ ဒီဆိုလိုလေးတီး ပြပါအုံး တောင်းဆိုပြီး၊ အာရုံများဂစ်တာ ကစားနေတုန်း၊ တုတ်ထိုးဗန်းကိုဝှက်ထား နောက်ပြောင်ခံရလို့ သူ့ခမျာ တရှူးရှူး တရှားရှား စိတ်ဆိုးရတာလည်း ခဏ ခဏ။ ထားဝယ်မှာက တစ်ခြားမြို့တွေနဲ့ မတူ ထူးထူးခြားခြား မြို့အဝင်လမ်း လေးဖက်လေးတန်မှာ ထန်းပင်တန်းတွေ နဲ့ အမြင်ဆန်း၊ အသွင်လန်းနေတော့ ဒီလိုစိုက်ဖို့ စိတ်ကူးရပြီး ပုံဖော်ဖန်တီးခဲ့ ကြတဲ့ ရှေးအရှေ့က လူကြီးသူမများကို ဦးညွတ်အလေးပြု ကျေးဇူးတင်စရာ ကောင်းလှတယ်။

မြို့အရှေ့ဖက်အဝင် လမ်းက ဇလွန်း၊ တလိုင်းတောင်ထန်းပင် တန်း၊ အနောက်ဖက်မှာ ကမျောကင်းလမ်း ထန်းပင်တန်းတွေနဲ့၊ မြောက်ဖက်အဝင် သပြေချောင်း၊ မောင်မယ်ရှောင်တလျှောက် က ထန်းပင်တန်းတွေ၊ တောင်ဖက်မှာက တော့ နာမည်ကျော်လမ်းမသစ်ဆိုတဲ့ ကျန်းမာရေးလမ်းနဲ့ ကျောက်မော်အထွက် က အလှပဆုံး ထန်းပင်တန်း လမ်းနှစ် သွယ်ပေါ့။ အခုနောက်ပိုင်း ဝါခေါင် တော်သ လင်း မိုးလယ်လောက်ဆို တစ်ရပ်တစ် ကျေးရွှေ့ပြောင်း ဝမ်းစာရှာကြတဲ့ ပခုက္ကူ၊ ကျောက်ပန်းတောင်းနယ်ဖက်က ရှစ်မျဉ်း စောင်း အညာသားတွေလည်း သူတို့ကျွမ်း ကျင်တဲ့ ထန်းလှီး ထန်းတက် လုပ်ငန်းနဲ့ ဝင်ငွေရမယ့် ခြံစိုက်တောခုတ်၊ အရောင်း အဝယ်တွေလုပ်ဖို့ ရေကြည်မြက်နုရာ တနင်္သာရီတိုင်းဖက်အုပ်စုဖွဲ့ ဆင်းဆင်း လာကြတာ တွေ့ရတယ်။ ထန်းလုပ်ဖို့လာကြတဲ့ မိသားစုတွေ မှာဆိုရင် ကလိုင်ချောင်း၊ ထမ်းပေါင်နဲ့ နှိပ်ပေါင်လို့ခေါ်တဲ့ သစ်သားချောင်း နှစ် ချောင်းတြွဲပီး လုပ်ထားတဲ့ ညှပ်တုတ်၊ နှီးကွင်း၊ ခါးသိုင်းကြိုး၊ စို့ငုတ်တွေ၊ ချည် ရာတုပ်ရာမှာ သုံးဖို့ ထန်းလျှော်စည်းတွေနဲ့ လက်ပံပွင့်ခြောက်၊ ဇီးသီးခြောက်၊ ပုန်း ရည်ကြီးလို၊ ပဲမျိုးစုံလို သူတို့ဒေသဖက်က ထွက်ကုန်တွေအပြင်၊ နှုတ်ရွှင်အာရွှင်မူး ယစ်ရီဝေလာရင် လောင်းချင် ကစားချင် တဲ့ ကိုကြီးကျော် စိတ်ကလေးဝင်လာတတ် တဲ့ ကစော်သမားတွေရဲ့သဘောကို နော ကျေအောင်သိပြီးဖြစ်နေတဲ့ အညာသား တွေဆိုတော့၊ လည်ဆံမွေးပြောင်၊ မျက် လုံးထွက်၊ သွေးအလိမ်းလိမ်းဖြစ်သွား အောင် ခွပ်လိုက်မဟဲ့ဆိုတဲ့ နာမည်ကျော် ဗမာမျိုးရင်း တိုက်ကြက်တွေကိုလည်း၊ ဈေးကောင်းကောင်းနဲ့ ရောင်းဖို့မျှော်ပြီး ထန်းလျှော်ခြင်းလေးတွေနဲ့ ထည့်ထည့် သယ်လာတတ်ကြတယ်၊ သိကြတဲ့အတိုင်း ထန်းတဲနဲ့ ကြက်ဝိုင်းဆိုတာကလည်း တွဲ လျက် တွေ့ရတတ်မြဲကိုး။

သူငယ်ချင်းတစ်ယောက် ပြောပြဖူး တဲ့ ထန်းရည်ကြိုက်တတ်သူ သူ့ဦးလေးရဲ့ အိမ်က မိန်းမမသိအောင် အမြည်းနှိုက်ပုံ ဥာဏ်နီဥာဏ်နက်အကြောင်း ဖောက် သည်ချလိုက်ချင်သေးတယ်။ စားဖို့ သောက်ဖို့ ချက်ထားပြုတ်ထားတဲ့အထဲက အမြည်းပါဆယ်ဆွဲဆွဲသွားတာကို သည်း မခံနိုင်တော့တဲ့ မိန်းမက သူ့ယောကျာ်း ထန်းတဲသွားခါနီးကျရင် အင်္ကျီအိတ်ကပ်၊ ပုဆိုးခါးပုံစကအစ သေချာလှန်လှောရှာ ဖွေ၊ ယူထားတာ တွေ့ရင် ပြန်သိမ်းပြီးမှ လွှတ်တော့ ထန်းတဲရောက်လာတဲ့ သူ့ကို သောက်ဖော်စားဖက်တွေက အမြည်းဘာ မှမပါတော့ဘူးလား မေးတဲ့အခါ အာ ခေါင်မှာကပ်ပြီး ယူလာတဲ့ ငါးပိထောင်း ကို လက်ညှိုးနဲ့ ကလော်ထုတ်ပြ၊ ခေါင်း ကဆံပင်ဘုတ်သိုက်ထဲ ထိုးထည့်ဖွက် ထားတဲ့ ပုဇွန်ခြောက်တွေကို နှိုက်ပြီး ပြုံး ဖြီးဖြီးနဲ့ စားပါအုံးလားတောင် လော ကွတ် လုပ်လိုက်သေးသတဲ့။ ထန်းရည်နဲ့ လိုက်ဖက်လှတဲ့ လယ်ြွကက်ကင်၊ြွကက်ကြော်က စပါးပေါ်ချိန် မှာ ပေါပေါလောလောရတတ်လို့ စိတ် သန့်သန့်နဲ့ စားကြရပေမယ့် ရှားသွားတဲ့ အချိန်ဆို တွေ့ကရာ အိမ်ကြွက်တွေ ရော နှောရောင်းမှာစိုးလို့ ဗန်းထဲရှိတဲ့ကြွက် ကင်ငါးကောင်ထဲကနေ စေ့စေ့စပ်စပ်ကိုင် ကြည့်နမ်းကြည့်ပြီး သုံးကောင်ကို စိတ်ချ ရကြောင်း ရွေးပေးတတ်သူ။ သောက်စား ရင်း အမြည်းကုန်သွားတော့ကျန်တဲ့၂ ကောင်ထဲက ၁ ကောင်ကတော့ လယ် ကြွက်ပါပဲလို့ ရွေးပေးပြန်သတဲ့။ အဲဒီတစ် ကောင်လည်းစားလို့ ကုန်၊ ဝိုင်းကလည်း မပြတ်သေးတော့ နောက်ဆုံးလက်ကျန် အကောင်ကိုလည်းြွကက်ဟြွာကက်ပဲ၊ အတူတူပါပဲကွာဆိုပြီး ရုပ်တည်ကြီးနဲ့ မြည်းနေလေတဲ့ လူပေါ့။

ထန်းတက်ကြတဲ့ ဒေသခံ ထန်း သမားတွေထဲက ဘဝတပါးပြောင်းသူ ပြောင်း၊ အလုပ်အကိုင် ပြောင်းသူပြောင်း၊ အသက်အရွယ်ရလာလို့ နားသူကနားသွားကြသလို၊ အညာဖက်က လာလုပ်ကြ သူတွေလည်း အကျိုးအမြတ်ရကြတော့ တစ်နှစ်ထက်တစ်နှစ်အုပ်စုပိုတောင့်ပြီး အညာထန်းတဲတွေ ပိုများလာတာ တွေ့ရ တယ်။ အညာသားတွေ ထန်းလုပ်ကြတယ် ဆိုတော့ ခရီးတွေ ဘာတွေထွက်ရင်း အညာထန်းတောတွေမှာ သောက်ခဲ့ရဖူး သလို ထန်းပလပ်ခြောက်တွေနဲ့ အိုးဖင် မင်စွဲ၊ မင်သေအောင်မီးမြှိုက်ထားတဲ့ မြူ အိုးတွေနဲ့ ထန်းချေးလို့ ထားဝယ်ဖက်ကခေါ် ကြတဲ့ ထန်းအလျဉ်ကိုထည့်၊ တစက်စက် ယိုနေတဲ့ ထန်းစမှာ ကျည်တောက်ခံပြီး ရလာတဲ့ ပင်ကျရည်ငှက်ခါးတောင်တော့ သောက်ရပဟဲ့ဆိုပြီး မျှော်လင့်ခဲ့ကြတဲ့ နယ်ခံထန်းရည်ချိုးတွေခမျာ၊ ငါးဖမ်း စက်လှေတွေမှာသုံးတဲ့ ငါးဖမ်းပိုက်ပလတ် စတစ်ဗော့လုံးရှည်ကို ခေါင်းဖြတ်ပြီး ဝါး ကျည်တောက်အစားထိုးထန်းရည်ခံအိုး လုပ်ထားတာ၊ ထန်းရည်တစ်တောက်လို့ မှာမရတော့အောင် ရေသန့်ဘူးလွတ်၊ စပရိုက်အအေးဘူးလွတ်တွေ၊ ကော်ရေ တကောင်းတွေနဲ့ ထည့်ထားတဲ့ ထန်းရည် ကို ပလတ်စတစ်သောက်ရေခွက်လေးနဲ့ ထည့်သောက်ရင်း၊ ဆေးသကြား၊ တဆေး၊ ထန်းချေးနည်းနည်းနဲ့ ဖောက်ထားတဲ့ လက်ဖြစ် ထန်းရည်တွေလည်း အညာမိ ရင်း၊ သစ်ခေါက်နဲ့ မီးမြှိုက်ထားပြီး ဝါးနံ့ ထန်းနံ့သင်းသင်းနဲ့ သောက်ခဲ့ရတဲ့ ပင် ကျရည်လေးများ သောက်ရလေအုံးမလား ယောင်ယမ်းတမ်းတ၊ ထန်းပင်တန်းကို လွမ်းလိုက်ရကြောင်းပါ။ ။