ကလိန်အောင်ဆံတော်ရှင်တွင် မသန်စွမ်းများအတွက် လမ်းဆောက်လုပ်ပြီးစီး

0
556

ရှင်ကိုးရှင်စာရင်းဝင် ကလိန် အောင် ဆံတော်ရှင်စေတီတော်တွင် မသန်စွမ်းများ ဘုရားရင်ပြင်အထိ တက်ရောက်နိုင်မည့် ဝှီးချဲလမ်းကို ဆောက်လုပ်ထားပြီးဖြစ်ကြောင်း စေတီ တော်ဂေါပကအဖွဲ့ထံမှ သိရသည်။

မသန်စွမ်းများနှင့် သက်ကြီးရွယ် အိုဘုရားဖူးများ အသုံးပြုနိုင်ရန် ကား ရပ်နားရာနေရာမှ စေတီတော်ရင်ပြင် အထိ အရှည်ပေ ရာချီရှိသည့် ဝှီးချဲလမ်း ကို ဆောက်လုပ်ထားပြီး ယခုအပတ် အတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့မှ ဘဏ္ဍာ ထိန်းဖြစ်သူ ဦးချစ်ရီက ပြောသည်။ ယင်းအပြင် ဝှီးချဲလမ်းတစ်လျှောက် တွင် စတီးလက်ရမ်းများ တပ်ဆင်မည် ဖြစ်ပြီး ဝှီးချဲ ၄ ခုကို အခမဲ့ငှားရမ်း အသုံးပြုနိုင်ရန် ထားပေးထားမည်ဖြစ် ကြောင်း ၄င်းက ဆိုသည်။

“ဓာတ်လှေကားလုပ်ရင် ကုန်ကျ စရိတ်များလို့ ဝှီးချဲလမ်းပဲ လုပ်ဖြစ် တာပါ”ဟု ဦးချစ်ရီက ပြောသည်။ အဆိုပါ ဝှီးချဲသွားနိုင်သည့် လမ်း အတွက် ငွေကျပ်သိန်း ၃၀ ခန့် ကုန်ကျ ကြောင်း ၄င်းက ဆိုသည်။ ယင်းအပြင် ဘုရားဖူးခရီးသည် ရာချီ အခမဲ့တည်းခိုနိုင်မည့် တည်းခို ဆောင်များ ဆောက်လုပ်ထားပြီး တစ်ခန်းလျှင် လူ ၁၄ ဦးဆံ့ တစ်ည အတွက် အလှူငွေ ၃ သောင်း ထည့် ဝင်ရသည့် သီးသန့်အခန်းများကိုလည်း စီစဉ်ထားကြောင်း ၄င်းက ဆိုသည်။ ပွင့်လင်းရာသီတွင် ထားဝယ် ဒေသရှိ ရှင်ကိုးရှင်ဘုရားသို့ ဘုရားဖူး ဧည့်သည် အများအပြား လာရောက် လေ့ရှိသည်။