ပျားတောင်ဒေသတွင် ဘိလပ်မြေစက်ရုံများ တည်ဆောက်မှုရပ်တန့်ပေးရန် ဒေသခံများ တောင်းဆို

0
579

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသတွင် မော်လမြိုင်ဘိလပ် မြေစက်ရုံ အပါအဝင် ဘိလပ်မြေစက်ရုံ များ တည်ဆောက်နေသည်ကို ရပ်တန့် ပေးရန် ဒေသခံနှင့် မွန်ပြည်လူ့အခွင့် အရေး ဖောင်ဒေးရှင်းတို့က နိုဝင်ဘာလ ၁၅ ရက်တွင် တောင်းဆိုလိုက်သည်။ ပျားတောင်ဒေသတွင် အကောင် အထည်ဖော်နေသည့် ဘိလပ်မြေစက်ရုံ များကြောင့် မြေယာအငြင်းပွားမှုပြဿနာ၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ပျက်စီးမှု အန္တရာယ်၊ ဒေသခံတို့ အသက် မွေးဝမ်းကြောင်း ခက်ခဲသည့် အနေ အထားကြောင့် ဘိလပ်မြေစက်ရုံများ တည်ဆောက်မှုကို ရပ်တန့်ပေးရန် ဒေသ ခံနှင့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေး ရှင်းတို့က “အတ္ထရံမြစ်မှသည် ပျား တောင်ဆီသို့” အမည်ရှိ အစီရင်ခံစာ ထုတ်ပြီး မွန်ပြည်နယ်အစိုးရနှင့် မွန် လွှတ်တော်ကို တောင်းဆိုလိုက်ခြင်း ဖြစ် သည်။

အတ္ထရံမြစ်တစ်လျှောက်တွင် ကျေး ရွာပေါင်း ၁၅ ရွာနှင့် ရပ်ကွက် ၂ ခုရှိပြီး အဆိုပါကျေးရွာနှင့် ရပ်ကွက်များသည် ရေလုပ်ငန်းဖြင့် အဓိက အသက်မွေးကြ ကြောင်း သိရသည်။ “ဘိလပ်မြေစက်ရုံ တည်ဆောက်ပြီး နောက်ပိုင်းမှာ သူတို့က ရေလမ်းကြောင်း ကိုပဲ အသုံးပြုတော့ သင်္ဘောတွေ သွား လာမယ်။ ကုန်တင် သင်္ဘောအကြီးတွေနဲ့ သွားလာနေတော့ ရေလုပ်ငန်းကို အဓိက လုပ်နေရတဲ့ ဒေသခံတွေအတွက် တော် တော်ကို အခက်အခဲ ဖြစ်နေတယ်”ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ စီမံကိန်းတာဝန်ခံ နိုင်ဗျူဟာမွန်က ပြော သည်။ ဘိလပ်မြေစက်ရုံများမှ သင်္ဘော ကြီးများကြောင့် အတ္ထရံမြစ်တစ်လျှောက် ရေလုပ်သားများ အတိဒုက္ခရောက်ကြရ သည့်အပြင် ဒီရေတော ပျက်စီးခြင်း၊ ကမ်းပါးပြိုခြင်း ကမ်းနားရှိ နေအိမ်များ၊ ရှေးဟောင်းဘုန်းကြီးကျောင်းများ အက် ကွဲပျက်စီးမှုများ ရှိနေသည်။

ထို့အပြင် ကျောက်ထုတ်နေသည့် ပျားတောင်တစ်ဝိုက်ရှိ လယ်ယာမြေများ လည်း ပျက်စီးမှုရှိနေသည်ဟု ၄င်းက ပြောသည်။ ဘိလပ်မြေစက်ရုံ တည်ဆောက် သည့် ကုမ္ပဏီနှင့် ဒေသခံတို့အကြား မြေယာအငြင်းပွားမှု ပြဿနာများသည် လည်း ယနေ့တိုင် ဖြစ်ပွားနေဟု အထက် ပါ အစီရင်ခံစာအရ သိရသည်။၎င်းပြင် လက်ရှိလည်ပတ်နေသည့် မော်လမြိုင် ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေးဓာတ်အားဖြင့် လည်ပတ် နေသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်နှင့် ကြုံတွေ့လာနိုင် သည်ဟုလည်း အစီရင်ခံစာတွင် ပါရှိ သည်။ ပျားတောင်ဒေသတွင် ဘိလပ်မြေ စက်ရုံ ၃ ရုံအကောင်အထည်ဖော်ရန် လျာထားပြီး လက်ရှိတွင် မော်လမြိုင် ဘိလပ်မြေစက်ရုံ MCL က တစ်နေ့ ဘိလပ်မြေတန်ချိန် ၅၀ဝ၀ ထုတ်လုပ် လည်ပတ်နေသည်။ တစ်ရက်လျှင် ဘိလပ်မြေတန်ချိန် ၅၀ဝ၀ ထုတ်လုပ်မညဲ့် June ကုမ္ပဏီကမူ စက်ရုံတည်ဆောက်နေဆဲနှင့် ဇေကမ္ဘာ ကုမ္ပဏီမှ Myanmar Korea Cement အမည်ဖြင့် ဘိလပ်မြေစက်ရုံတည် ဆောက်ရန် စီစဉ်နေသည်။

“သင်္ဘောတွေက အကြီးတွေ တကယ့်နိုင်ငံခြားဆိပ်ကမ်းက သင်္ဘော အကြီးတွေလိုပဲ ဒီသင်္ဘောတွေကြောင့် အတ္ထရံမြစ်မှာ လုပ်စားနေကြတဲ့ ရေလုပ် သားတွေ ထိခိုက်တယ် ပိုက်နဲ့တိုက်မိလို့ ခဏခဏ ပြဿနာဖြစ်တယ်၊ လျော်ကြေး ရဖို့လဲ အကြိမ်ကြိမ် သွားရတော့ ဒုက္ခ ဖြစ်တာပေါ့လေ။ တလောကတောင်မှ ကွမ်ငန်ရွာကတစ်ယောက် သင်္ဘောကြီး ကြောင့် လှေမှောက်တယ် ကံကောင်းလို့ မသေဘူး။ နောက် ဒီတလောမှာပဲ ကျိုက်မရောက သင်္ဘောနဲ့ချိတ်မိလို့ လှေမှောက် အမျိုးသမီးတစ်ယောက် သေ သွားတာတွေ ရှိတယ်”ဟု ပျားတောင် ဒေသရှိ မယ်ခရိုရွာမှ နိုင်ထွန်းကြည်က ပြောသည်။ “အတ္ထရံမြစ်မှသည် ပျားတောင်ဆီ သို” အမည်နှင့် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် စာမျက်နှာပေါင်း ၁၆ မျက်နှာပါရှိပြီး ဘိလပ်မြေစက်ရုံကြောင့် ပျားတောင်ဒေသ သဘာဝပတ်ဝန်းကျင် နှင့် သယံဇာတပျက်စီးမှု၊ ဒေသခံတို့ ရင်ဆိုင်ကြုံတွေ့ နေရအခက်အခဲများနှင့် ပျားတောင်ဒေသ ရေမြေသယံဇာတကြွယ် ဝမှု အခြေအနေကိုလည်း ဖော်ပြထား သည်။ အစီရင်ခံတွေ့ရှိချက်များကို သက် ဆိုင်ရာ ပြည်နယ်အစိုးရသို့ ပေးပို့သွား မည်ဖြစ်ပြီး မွန်ပြည်နယ်လွှတ်တော်နှင့် လည်း သွားရောက် တွေ့ဆုံရှင်းလင်းသွား မည်ဟုလည်း မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ပြောသည်။