အစ်အစ်ဒီရေတောကို ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်

0
448

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ နယ် အစ်အစ်ကျေးရွာအနီးရှိ အစ်အစ်ဒီ ရေတောကို ကြိုးပြင်ကာကွယ်တောအဖြစ် အောက်တိုဘာလကုန်က သတ်မှတ်လိုက် ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီး ဌာနထံမှ သိရသည်။ ဒီရေတော ထူထပ်နေသေးသည့် အတွက် ကြိုးပြင်ကာကွယ်တောအဖြစ် ပြည်ထောင်စုအစိုးရက သတ်မှတ်လိုက် ခြင်းဖြစ်ပြီး သတ်မှတ်လိုက်သည့် ကြိုး ပြင်ကာကွယ်တောအကျယ်အဝန်းမှာ ၁၆၀ ဧက ရှိကြောင်း သစ်တောဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ဇေယျက ပြော သည်။

အစ်အစ်ဒီရေတောကို ကြိုးပြင် ကာကွယ်တောအဖြစ် ရည်ရွယ်ကြောင်းကြေညာစဉ်က အကျယ်အဝန်း ၁၆၁ ဧကရှိသော်လည်း ဒေသခံတစ်ဦးပိုင်ဆိုင် သည့် ဓနိတော ၁ ဧက ပါဝင်နေသည့် အတွက် ကြိုးပြင်ကာကွယ်တောသတ် မှတ်ချိန်တွင် ယင်းဓနိတောကို ချန်လှပ် ထားခဲ့ကြောင်း တိုင်းသစ်တောဦးစီးမှူး ဦးကျော်ဇေယျက ဆိုသည်။ တနင်္သာရီတိုင်းအတွင်း ကြိုးပြင် ကာကွယ်တောဖွဲ့ရန် ရည်ရွယ်ကြောင်း ပြည်ထောင်စုအစိုးရက ကြေညာထား သည့် နေရာ ၇ ခု တွင် ယခုသတ်မှတ် လိုက်သည့် အစ်အစ်ဒီရေတောလည်း တစ်ခုအပါအဝင် ဖြစ်သည်။

“ကြိုးပြင်ကာကွယ်တော သတ် မှတ်လိုက်ပြီဆိုတော့ တစ်နှစ်အတွင်းမှာDemarcation (စည်းသတ်မှတ်ခြင်း) တွေ၊ ကြေညာ ကပ်တာတွေ လုပ်ဆောင်ရ မယ်”ဟု ဦးကျော်ဇေယျက ပြောသည်။ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်သည့် ဧရိယာကို ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်း (CF) လုပ်ကိုင်ရန် ဒေသခံများက ပြန် လည်လျှောက်ထားရန်ပြင်ဆင်နေ ကြောင်း ၄င်းက ဆိုသည်။ ကြိုးပြင်ကာကွယ်တော သတ်မှတ် လိုက်ပြီးဖြစ်သည့်အတွက် အဆိုပါ ဧရိယာအတွင်း ကျူးကျော်ဝင်ရောက် အခြေချနေထိုင်ခြင်း၊ အိမ်မွေးတိရိစ္ဆာန် မွေးမြူခြင်း၊ ခွင့်ပြုချက်မရဘဲ ခုတ်ထွင် ခြင်း၊ ရှင်းလင်းခြင်း၊ တူးဆွခြင်း၊ ခွင့်ပြု ချက်မရဘဲ မည်သည့်သစ်ပင်ကို မဆို ပျက်စီးစေခြင်း၊ သင်းသတ်ခြင်း၊ ခုတ်လှဲ ခြင်း ပိုင်းဖြတ်ခြင်းများ ပြုလုပ်ခွင့်မရှိ တော့ကြောင်း အထက်ပါဌာနထံမှ သိရ သည်။

ယင်းအပြင် သစ်တောများကို မီး ဖြင့် ပျက်စီးစေခြင်း၊ တောရိုင်းတိရိစ္ဆာန် များ ဖမ်းဆီးခြင်း အမဲလိုက်ပစ်ခတ်ခြင်း များ လုပ်ခွင့်မရှိတော့ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း သစ်တောဌာနက စီမံခွင့်ရှိသည့် သစ် တောကြိုးဝိုင်း ၂၉ ခု၊ ကြိုးပြင်ကာကွယ် တော ၁၆ ခု၊ သဘာဝထိန်းသိမ်းနယ်မြေ ၃ ခုမှ စုစုပေါင်း မြေအကျယ်အဝန်းမှာ ဧကပေါင်း ၃၅ သိန်းခန့်ရှိကြောင်း သစ်တောဦးစီးဌာန စာရင်းများအရ သိရ သည်။