မွန်တွင်NLDလွှတ်တော်ကိုယ် စားလှယ်တစ်ဦး ပါတီလုပ်ငန်း တာဝန်မှ ရပ်ဆိုင်းခံရ

0
440

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ၏ မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်ဘဏ္ဍာ ရေးမှူး ဦးမင်းထင်အောင်ဟန်ကို ပါတီ လုပ်ငန်းတာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း မွန်ပြည်နယ်NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောသည်။ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သည့် ဦးမင်းထင်အောင် ဟန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ် စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရာမှ ပါတီက နုတ်ထွက်ခိုင်းခဲ့ သဖြင့် ၂၀၁၈ ခုနှစ် မေလခန့်က ဝန်ကြီး အဖြစ်မှ နုတ်ထွက်ထားသူ ဖြစ်သည်။

“ပါတီတာဝန်က ရပ်ဆိုင်းလိုက်တာ က အစည်းအဝေးတစ်ခုမှာ စကားပြော မှားသွားလို့ ဗဟိုက ဖြုတ်လိုက်တယ်၊ သူ့ (ဦးမင်းထင်အောင်ဟန်) ကို ပါတီက မထုတ်ပါဘူး၊ ပါတီကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမယ်၊ ပါတီအလုပ်အမှုဆောင် အဖွဲ့ ပါတီလုပ်ငန်းတာဝန်ကနေ ရပ် ဆိုင်းလိုက်တာပါ”ဟု ဒေါက်တာ ခင်ဆောင် က ပြောသည်။ ပါတီအလုပ်အမှုဆောင်အဖြစ်မှ လည်းကောင်း ပါတီလုပ်ငန်းတာဝန်မှ လည်းကောင်း ရပ်ဆိုင်းခံရသည့်ကိစ္စ သည် ငွေကြေး အရှုပ်အရှင်းကြောင့် မဟုတ်ကြောင်း ဒေါက်တာခင်ဆောင်က ဆက်ပြောသည်။ ဦးမင်းထင်အောင်ဟန် ပါတီ အလုပ်အမှုဆောင်အဖွဲ့နှင့် လုပ်ငန်းတာ ဝန် ရပ်ဆိုင်းခံရသည့် အကြောင်းအရင်း ကို ပါတီက အတိအကျ ထုတ်ဖော်ပြော ကြားခြင်း မရှိသေးဘဲ တရားဝင်စာထုတ် ပြန်ပြီးမှသာလျှင် အကြောင်းအရင်း အပြည့်အစုံကို ဖြေကြားသွားမည်ဟုNLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“သူ့(မင်းထင်အောင်ဟန်)ကိစ္စက ဆွေးနွေးထားတာ ရှိတယ်၊ ဘာကြောင့် လဲဆိုတာ ပြောလို့မရသေးဘူး။ တရား ဝင်စာ ထွက်လာမှ အတိအကျ ပြောမယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဦးမင်းထင်အောင်ဟန်ထံ တယ်လီဖုန်းမှ တဆင့် မေးမြန်းခဲ့သော်လည်း ဖုန်းမကိုင် သည့်အတွက် မေးမြန်းခွင့် မရခဲ့ပေ။ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးမင်းထင်အောင်ဟန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင်NLD ပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သူ ဖြစ်သည်။