ထားဝယ်မြစ်အတွင်း အပျော်စီးလှေ စီးနိုင်ပြီ

0
424

ထားဝယ်မြစ်အတွင်း ရှုခင်းများ ကြည့်ရှုနိုင်ရန် အပျော်စီးလှေစီးနိုင်ပြီဖြစ် ကြောင်း ကျားဖြူလေးကုမ္ပဏီထံမှ သိရ သည်။ အပျော်စီးခရီးစဉ်ကို ခရီးသည်ထိုင် ခုံ ၁၀ ခုံပါ သစ်သားလှေဖြင့် ခရီးသည် တစ်ဦးလျှင် တစ်နာရီအတွက် ငွေကျပ် ၅ ထောင်နှုန်းဖြင့် နိုဝင်ဘာလ ၁၂ ရက် နေ့မှစကာ ပြေးဆွဲလျက်ရှိကြောင်း ကျား ဖြူလေးကုမ္ပဏီပိုင်ရှင် ဦးမျိုးအေးက ပြောသည်။

ထားဝယ်မြို့ ကမ်းနားလမ်းရှိ ကမြောကင်းတံတားအနီးမှ စတင်ထွက် ခွာမည်ဖြစ်ပြီး ထားဝယ်မြစ်အပေါ်ပိုင်း သို့ သွားမည်ဆိုက ရေဖြူမြို့အထိ၊ မြစ် အောက်ပိုင်းတွင် ဆင်ဖြူပြင်ဆိပ်ကမ်း အထိ သွားရောက်နိုင်မည်ဖြစ်ကြောင်း ဦးမျိုးအေးက ဆိုသည်။ “ထားဝယ်မြစ်အတွင်းမှာ ဆိုလို့ရှိရင် ထားဝယ်မြို့ရဲ့ အလှတွေကို ကြည့်ရှု နိုင်မယ်၊ ထားဝယ်မြို့ရဲ့ အလှတွေ ပေး သိချင်တာပေါ့ဗျာ၊ အဲဒီစိတ်ကူးနဲ့ မြစ် အတွင်း (ခရီးစဉ်)ကို စလုပ်တာပါ”ဟု ၄င်းက ဆိုသည်။ ခရီးစဉ်အတွင်း အအေး၊ ရေသန့်၊ စနိုးတာဝါပေးမည့် ဝန်ဆောင်မှုများ လည်း ပါဝင်မည်ဖြစ်ပြီး အသက်ကယ် အင်္ကျီလည်း ထားရှိပေးမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ ယခင်က ထားဝယ်မြစ်အတွင်းတွင် တံငါလှေများသာ သွားလာမှုများပြီး ယခုကဲ့သို့ အပျော်စီးလှေများ ပြေးဆွဲပါ က ခရီးသွားများအတွက် ခရီးစဉ်တစ်ခု တိုးလာမည်ဖြစ်ကြောင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ဦးမျိုးမင်း လတ်က ပြောသည်။

“ခရီးစဉ်တစ်ခုတိုးလာတော့ ဒေသ အတွက် ပိုကောင်းတာပေါ့၊ ခရီးသွားတွေ စိတ်ဝင်စားလိမ့်မယ်ထင်တယ်”ဟု ဦးမျိုးမင်းလတ်က ဆိုသည်။ ခရီးသည်တစ်ဦးကို တစ်နာရီလျှင် ကျပ်ငါးထောင်နှုန်း သတ်မှတ်ထားသော် လည်း ခရီးသည် ၁၀ ဦးခန့် လာရောက် ပါက ၃ သောင်းခွဲ(သို့မဟုတ်) လေး သောင်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဦးမျိုးအေးက ပြောသည်။ လက်ရှိတွင် ပြည်တွင်းခရီးသွားများ ကိုသာ ပို့ဆောင်မည်ဖြစ်ပြီး နိုင်ငံခြား သားများကို ပို့ဆောင်ခွင့်အတွက် လုပ် ဆောင်နေဆဲ ဖြစ်ကြောင်း ၄င်းက ဆို သည်။ ထားဝယ်မြစ်အတွင်းသွား အပျော် စီးလှေ ငှားမည်ဆိုပါက ဖုန်း ဝ၉ ၄၉၈၉ ၂၁၆၄ ထံ ဆက်သွယ်နိုင်ကြောင်း အထက်ပါကုမ္ပဏီထံမှ သိရသည်။