အလုပ်သမား လစာကြောင့် ထားဝယ်ဇာတ်ပွဲများ ဈေးတက်

0
1032

အလုပ်သမားလစာ မြင့်တက်လာ ခြင်းကြောင့် ဇာတ်ပွဲဈေးနှုန်းများမြင့် တက်လာကြောင်း ထားဝယ်မြို့ရှိ ဇာတ် သဘင်လုပ်ငန်း လုပ်ကိုင်သူတချို့ထံမှ သိရသည်။ ယမန်နှစ်က တစ်ညလျှင် အနိမ့် ဆုံး ကျပ်လေးသိန်းမှ အမြင့်ဆုံး ကျပ် ခြောက်သိန်းအထိ ရှိခဲ့သော်လည်း ယခုနှစ် တွင် အနိမ့်ဆုံး ကျပ်ခြောက်သိန်းမှ အမြင့်ဆုံး ကျပ်ရှစ်သိန်းအထိ မြင့်တက် လာကြောင်း ဇာတ်သဘင်လုပ်ငန်းလုပ် ကိုင်သူတချို့က ဆိုသည်။ ဇာတ်အဖွဲ့ အလုပ်သမားလစာတစ် နှစ်စာမှာ ယမန်နှစ်က ကျပ်သိန်း၃၀ဝ ကျော်သာရှိသော်လည်း ယခုနှစ်တွင် ဇာတ်အဖွဲ့၏ အလုပ်သမားမှာ ကျပ် သိန်း၅၀ဝ အထက်ရှိသောကြောင့် ဈေး တက်ရခြင်းဖြစ်ကြောင်း ရွှေမင်းဇာတ် သင်ဘင်ပိုင်ရှင် ဦးတင်မောင်ရွှေက ပြော သည်။

“ဆီဈေး၊ အလုပ်သမားဈေးတွေ တက်လာတော့ ဇာတ်ပွဲငှားဈေးလည်း လိုက်တက်လာရတယ်”ဟု ဦးတင်မောင် ရွှေက ဆိုသည်။ နာမည်ကြီးဆိုင်းဆရာတစ်ဦးလျှင် ယမန်နှစ်က တစ်နှစ်စာငှားရမ်းခမှာ ငွေ ကျပ်သိန်း ၂၀ ဝန်းကျင်သာရှိခဲ့သော် လည်း ယခုနှစ်တွင်မူ ကျပ် ၂၅ သိန်းမှ ၃၀ သိန်းထိပေး၍ ငှားရပြီး အခြားအလုပ် သမားငှားရမ်းခများလည်း ဈေးတက် သည်ဟု ဇာတ်သဘင်လုပ်ငန်း လုပ်ကိုင် သူတချို့ထံမှ သိရသည်။ အလုပ်သမားလစာဟုဆိုရာတွင် ဆိုင်းဆရာ၊ တီးဝိုင်းဆရာ၊ မင်းသား၊ မင်းသမီး၊ လူရွှင်တော်မှ အစ ထမင်းချက် အဆုံး အကုန်ဈေးတက်နေကြောင်း ထိပ် တန်းသဘင်ပိုင်ရှင် ဦးကျော်ကျော်ဦးက ပြောသည်။

“အလုပ်သမားဈေးကတော့ တစ် နှစ်ပြီးတစ်နှစ် တက်လာတယ်” ဟု စိန်ရွှေဝင်း ဇာတ်ပွဲပိုင်ရှင်က ဆိုသည်။ အလုပ်သမားစရိတ်အပြင် ပစ္စည်း ကုန်ကျစရိတ်များကြောင့် ဇာတ်ပွဲငှားခ တက်ရခြင်းဖြစ်ကြောင်း ဇာတ်သဘင် လုပ်ငန်းလုပ်ကိုင်သူတချို့က ဆိုသည်။ အချို့ ဇာတ်သဘင်များမှာ နှစ် ပေါင်းများစွာလုပ်ကိုင်လာပြီးမှ ငွေကြေး အရှုံးပေါ်သဖြင့် ရပ်နားခဲ့ရကြောင်း ဇာတ်သဘင် လုပ်ကိုင်သူ အချို့ထံမှ သိရသည်။ ၂၀၁၇ ခုနှစ်က ထားဝယ်မြို့တွင် ဇာတ်သဘင်အဖွဲ့ ၁၁ ဖွဲ့ ရှိခဲ့သော်လည်း ယခုနှစ်တွင် ၇ ဖွဲ့သာ ကျန်တော့ကြောင်း မြို့နယ် သဘင်အစည်းအရုံးထံမှ သိရ သည်။