အိုးသူကြီးတို့၏ ပီတိ

0
776

ယခုကာလကား မြန်မာ့ အလှူဒါန ကာလ။ ထို့အတူ အလွန်ပင် ပူပြင်းသော ကာလ။ ထိုကာလတွင် ပြင်ပအပူဒဏ်မက အခန်းတွင်း မီးပူဒဏ်ကိုပါ ခံကာ ပီတိ စားနေသူတို့ ရပ်တိုင်းရွာတိုင်းတွင် ရှိနေ ပါသည်။ အလှူတစ်ခုတွင် အလှူမဏ္ဍပ်ထဲ၊ ကျွေးမွေးဆောင်ထဲ အလှူရှင်မိသားစုဝင် များက လှလှပပ ဝတ်ဆင်၊ ရနံ့သင်းလှ သည့် ရေမွှေး၊ သနပ်ခါး၊ မိတ်ကပ်တို့ လိမ်းခြယ်ကာ ဧည့်သည်များကို အပြုံး ကိုယ်စီနှင့်ဧည့်ခံနေချိန်..၊ ယင်းအလှူမဏ္ဍပ်၊ ကျွေးမွေးဆောင် နှင့် မနီးမဝေး၌ ချက်ပြုတ်ဆောင်ထဲတွင် အသားငါးညီနံ့ကြား၊ ဟင်းနံ့တွေကြား၊ အဝတ်နွမ်းလေးတွေ ဝတ်ဆင်ပြီး မီးပူ ဒဏ်ခံကာ ချွေးတစ်လုံးလုံးနှင့် အလုပ် ရှုပ်နေကြသည့် လူတစ်စု ရှိနေမြဲဖြစ် သည်။ ထိုလူတစ်စုသည် အိုးသူကြီးအဖွဲ့ ပင် ဖြစ်ပါသည်။ သူတို့ကို သာမန်ဧည့်သည်များက မြင်တွေ့လေ့ မရှိပါ။

သူတို့ကလည်း မလိုအပ်ဘဲ အပြင်ထွက် လူလုံး မပြ တတ်ကြပါ။ သူတို့ဖျော်သော လက်ဖက်ရည်၊ သူတို့ထိုးသော မုန့်၊ သူတို့ချက်ပြုတ်သော ထမင်းဟင်းများကို ရဟန်းရှင်လူ ပြည် သူအပေါင်း မြိန်ယှက်စွာ သုံးဆောင်နေ ကြသည်ကို တစွန်းတစ မြင်ရလျှင်၊ တဆင့်ကြားရလျှင် ပျော်နေတတ်သူများ ဖြစ်သည်။ “အလှုပွဲမှာ ရဟန်းသံဃာနဲ့ ဆင်း ရဲချမ်းသာ အယုတ်အလတ်အမြတ်မရွေး စားသုံးပြီးလို့ အားလုံးကျေနပ်ပျော်ရွင် နေတာကို မြင်ရင်တော့ ပင်ပန်းခဲ့တာတွေ အကုန် ပျောက်သွားတယ်” ဟု မြိတ်မြို့၊ မြို့သစ်ရပ်နေ ဒေါ်ချိုက ပြောသည်။ ရပ်ရွာအိုးသူကြီးအဖွဲ့တို့သည် သတ်မှတ်အခကြေးငွေ ယူခြင်းမျိုး မရှိ ကြပါ။ အလှူရှင်တို့က အလှူပွဲပြီးလျှင် အိုးသူကြီးများအား လုံချည်၊ ပိတ်စ စသဖြင့် လက်ဆောင်ပေးကသူတို့ လက် ခံကြသည်။ “ဘာတစ်ခုမှ မပေးလည်း ကျေးဇူး တင်စကားတစ်လုံးနဲ့လည်း ကျေနပ် တယ်”ဟု အိုးသူကြီးလုပ်သက် ၁၅ နှစ် ရှိပြီဖြစ်သော ဒေါ်ချိုက ပြောသည်။

တစ်ချို့အလှူရှင်များက အလှူပွဲ ပြီးလျှင်အိုးသူကြီးအဖွဲ့အပါအဝင် အလှူ တွင် ဝိုင်းဝန်းလုပ်အားပေးကြသော ရပ် သူရွာသားများအတွက် ရည်ရွယ်ကာ ပျော်ပွဲရွှင်ပွဲ၊ ဇာတ်ပွဲများ ကျင်းပပေးတတ် ကြလျှင် ထိုပွဲမျိုးတွင် အိုးသူကြီးတို့ အဝတ်သစ်ဝတ်၊ သနပ်ခါးလိမ်းကာ ဝင်နွှဲခွင့်ရပါသည်။ ရပ်ရွာအိုးသူကြီးအများစု တတ် မြောက်ထားသော အချက်အပြုတ်၊ လက် ဖက်ရည်၊ မုန့်လုပ်ပညာရပ်များမှာ တစ် နေရာရာတွင် သင်တန်းတက်သင်ယူလာ ခြင်းမျိုး မဟုတ်ဘဲ ကိုယ့်ထက်ကြီးသည့် အိုးသူကြီးတို့ကို ကူရင်း ဝါသနာအရင်း ခံကာ မြောက်လာကြသူများ ဖြစ်ကြ သည်။ ၄င်းတို့ရပ်ရွာ၏ အိုးသူကြီး တစ်ဦး မှ တစ်ဦး၊ ကြီးသူမှငယ်သူသို့ လက်ဆင့် ကမ်းခဲ့ကာ အိုးသူကြီးဘွဲ့ ခံယူလာကြ ခြင်းမျိုး ဖြစ်သည်။ ရပ်ရွာအိုးသူကြီးများက အလှူမှ ချက်မည်၊ မင်္ဂလာဆောင်မှ ချက်မည်ဟု မရွေးကြပါ။ အလှူပွဲငယ်လေးများမက အသုဘအိမ်များပါမကျန် လာခေါ်လာ အပ်လျှင် လိုက်ချက်ပေးကြသည်သာ။ အိုးသူကြီးများက အလှူတိုင်း အမှု ကိစ္စတိုင်းတွင် စိတ်ကြိုက် လက်စွမ်းပြ၍ မရပါ။

အလှူရှင် သုံးစွဲကုန်ကျခံနိုင်သော ငွေကြေး အခြေအနေကို ပြန်ကြည့် ချင့် ချိန်ကြရသည်။ “တစ်ခါတစ်လေ ကိုယ်ချက်ချင် သလို မချက်ရတာလည်း ရှိတယ်၊ အလှူ ရှင်ရဲ့ငွေရေးကြေးရေး အခြေအနေရပေါ့၊ နာရေးတွေ၊ ဥပုသ်ဆွမ်းတွေလည်း အဲဒီ လိုပဲ” ဟု အောင်သုခရပ်ကွက်မှ အသက် ၅၀ ကျော်အရွယ် အိုးသူကြီးအမျိုးသမီး တစ်ဦးက ပြောသည်။ ယခုနောက်ပိုင်းနှစ်များတွင် မြို့ပြ နှင့်တကွ မြို့နှင့်နီးသော ကျေးရွာအချို့က အလှူရှင်အချို့က ရပ်ရွာအိုးသူကြီးများ ကို ခေါ်ယူချက်ပြုပ်ခြင်း မပြုတော့ဘဲ မုန့်၊ ဆွမ်း၊ ထမင်းဟင်းများ(အထူးသဖြင့် ဒန်ပေါက်ကြက်သား)တို့ကို မြို့ပေါ်ရှိ ဆိုင်များ၊ အော်ဒါလက်ခံသူများထံမှ မှာ ယူလှူဒါန်းခြင်းတို့ ပြုလာကြသည်။ မြို့နှင့် အတန်ငယ်ဝေးသည့် ဒေသ တို့ကပင် အနည်းဆုံး မုန့်ကို မြို့မှ မှာယူ လာကြသည်။

အလှူရှင်အချို့က ရွာအိုးသူကြီးတို့ လက်ဖွာလွန်းသောကြောင့် မလိုအပ်ဘဲ အကုန်အကျများရသဖြင့်လည်းကောင်း၊ သံဃာတော်များ၊ ဧည့်သည်များကို လက်ရာကောင်းသော၊ နေ့တိုင်းစားနေ ကျမဟုတ်သော ဆန်းသစ်သည့်အရသာ ကို လှူဒါန်းချင်သောကြောင့်လည်း ကောင်း၊ မြို့တွင် မှာယူလာကြခြင်း ဖြစ် သည်။ ထိုအတွက် အိုးသူကြီးတို့ စိတ်မ ကွက်ကြပါ။ဆိုင်တွင် အော်ဒါမှာယူခြင်းများ ရှိလာသော်လည်း အိုးသူကြီးတို့၏ အခန်းကဏ္ဍ မှေးမှိန်လာခြင်း မရှိသေး ကြောင်း ဆိုကြသည်။ “အလှူရှင်တွေက အရပ်မိန်းမကြီး တွေ ပင်ပင်ပန်းပန်း လုပ်နေရမှာ စိုးလို့ အော်ဒါတွေကို မှာလာကြတယ်လို့ပဲ မြင်တယ်” ဟု အိုးသူကြီးဒေါ်ချိုက ပြော သည်။

အလှူရှင် အတော်များများက အလှုပွဲကို အရပ်ထဲမှ အိုးသူကြီးအမျိုး သမီးကြီးများနှင့် စည်းလုံးပျော်ရွှင်စွာ ဝိုင်းဝန်းချက်ပြုတ် လှူဒါန်းရခြင်းမျိုးကို ပိုမိုပီတိဖြစ်ကြကြောင်း ဒေါ်ချိုက ဆို သည်။ ထို့အတူ လုပ်နိုင်သေး၍ အိုးသူကြီး လုပ်သွားမည်ဟု ဆိုသူတို့ကလည်း ရှိဆဲ ဖြစ်သည်။ သူ့တို့၏ ဝါသနာ၊ စေတနာအရ မည်မျှပင် ပင်ပန်းကြပါစေ၊ အကျိုးဆောင် မှုမှ ပေါက်ဖွားလာမည့် ဒါန ကုသိုလ်နှင့် ပီတိကို စားသုံးလိုကြဆဲ ဖြစ်သည်။ “ကျန်းမာရေးကောင်းတဲ့အထိ လုပ် နိုင်နေချိန် လာခေါ်ရင်တော့ လုပ်နေမှာ ပဲ။ တချို့ပွဲတွေမှာ ကိုယ့်ကို မခေါ်လည်းဘေးကနေ ဝိုင်းကူညီလုပ်ကိုင်ပေးတယ်” ဟု ရန်တောင်ရွာမှ အိုးသူကြီး ဒေါ်နီစိန် က ဆိုသည်။ ဟင်းအိုးမှောက်ကာ ခြေတဖက် ဟင်းပူလောင်ပြီး တစ်လကျော်ခန့် လမ်း မလျှောက်နိုင်ဖြစ်ဖူးသည်ဆိုသော မြိတ် မြို့မှ အိုးသူကြီးဒေါ်ချိုသည်လည်း ထို့ အတူပင် ဖြစ်သည်။ “အလှူုပွဲတွေကို ကိုယ်က စေတနာ ဝါသနာသက်သက်နဲ့ ကူညီလုပ်ကိုင်ပေး ချင်တဲ့ဆန္ဒက တစ်သက်လုံးရှိနေမယ့် အရာပါ”ဟု ဒေါ်ချိုက ဆိုသည်။