လေးကျွန်းဆီမီး သိမ်တော်ကြီးအနီး အထပ်မြင့်အဆောက်အအုံများ ပေ ၇၀ အထိသာ ခွင့်ပြုမည်

0
517

မြိတ်မြို့ ကျက်သရေဆောင် လေး ကျွန်းဆီမီးသိမ်တော်ကြီး အနီးတစ်ဝိုက် ရှိ အထပ်မြင့် အဆောက်အအုံများကို အမြင့်ပေ ၇၀ အထိသာ ခွင့်ပြုမည်ဖြစ် ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

ဆိပ်ငယ်ဈေးအနီးရှိ နာရီစင် အောက်ခြေအဝိုင်းမျက်နှာပြင်အား သုည ပေ ( Zero Level) အဖြစ် သတ်မှတ်ကာ အမြင့်ပေ ၇၀ ကို ခွင့်ပြုမည်ဖြစ်ကြောင်း ဦးမြတ်ကိုကိုက ပြောသည်။ ၄င်းအပြင် ဗူးဘုရားစေတီတော် အနီးတစ်ဝိုက်ရှိ အဆောက်အအုံများကို လည်း အမြင့်ပေ ၅၀ အထိသာ ဆောက် လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ၄င်းက ဆို သည်။

“တိုးတက်လာတဲ့ ခေတ်စနစ်နဲ့ အညီ တိုက်တာအဆောက်အအုံ အမြင့် တွေ ဆောက်လာမယ်။ အကွယ်တွေ ဖြစ်လာမယ်ဆိုရင် သမိုင်းဝင်သိမ်တော် ကြီးစေတီနဲ့ ဗူးဘုရားစေတီတော်ကြီးက ကွယ်ပျောက်သွားမှာစိုးလို့ဒီလိုမျိုး ဆောင်ရွက်တာ ဖြစ်တယ်”ဟု ဦးမြတ် ကိုကိုက ပြောသည်။ လေးကျွန်းဆီမီးသိမ်တော်ကြီးနှင့် ဗူးဘုရားစေတီတော်တို့ကို မြိတ်မြို့အဝင် ပင်လယ်ပြင်ရှုခင်းအလှ မြင်ကွင်းများနှင့် ကုန်းတော်များ၏ မြေလွှာများမထိခိုက် စေရေးတို့အတွက် ယင်းသို့ အမြင့်ပေ သတ်မှတ်ခဲ့ရခြင်းဖြစ်ကြောင်း သိမ်တော် ကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

မြိတ်မြို့တွင် ယခင်ကဆောက်ထား သည့် အများဆုံး ပေ ၉၀ ( ၈ ထပ်ခွဲမှ ၉ ထပ်အထိ) အမြင့်ရှိသည့် အဆောက် အအုံ ၇ လုံးခန့် ရှိသည်။ “အရင်ကရှိခဲ့တဲ့အဆောက်အအုံ အမြင့်တွေကိုတော့ ထားခဲ့ပါ။ အရင်ကရှိ တဲ့အတိုင်းပေါ့”ဟု ဦးမြတ်ကိုကိုက ပြောသည်။ အဆိုပါ အမြင့်ပေများသတ်မှတ် ချက်များအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က အောက်တိုဘာလ ၉ ရက် နေ့က ခွင့်ပြုချက်ပေးထားပြီးဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။