ကော့သောင်းတွင် ဆိုင်ကယ် ကယ်ရီသမားများ မကြာခဏ အသတ်ခံရ

0
464

ကော့သောင်းမြို့ရှိ ဆိုင်ကယ်ကယ် ရီသမားများသည် မြို့ပြင် လူသူပြတ် သည့် ဆီအုန်းခြံများအတွင်း မကြာခဏ အသတ်ခံ နေရကြောင်း ကော့သောင်း ဒေသရှိ ဆိုင်ကယ်ကယ်ရီမောင်းသူများ ထံမှ သိရသည်။

မြို့ပြင်ဘက်သို့ မက်လုံးပေး ကယ် ရီငှားပြီး လူသူပြတ်သည့် ဆီအုန်းခြံ များအတွင်း လူသတ်ပစ္စည်းလု အလောင်းဖျောက် ခံရခြင်းဖြစ်ကြောင်း ၄င်းတို့က ပြောသည်။ အခုလ နိုဝင်ဘာ ၃ ရက်က အေးရိပ် ငြိမ်ရပ်ကွက် ဆိုင်ကယ်ကယ်ရီဂိတ်မှ ခရီးသည်ပို့ရင်း ပျောက်ဆုံးသွားသည့် ကယ်ရီမောင်းသူကို နိုဝင်ဘာ ၁၂ရက်က ဆီအုန်းခြံတစ်ခုအတွင်း သေဆုံးလျက် ပြန်တွေ့ခဲ့သည်။ အသက် ၅၇ နှစ်အရွယ် ကယ်ရီ မောင်းသည့် အဆိုပါ အမျိုးသားသည် ကော့သောင်းမှ မိုင် ၅၀ နီးပါးဝေးသည့် လုံးဖောကျေးရွာသို့ ကယ်ရီအငှားလိုက် သွားပြီး ယင်းနေ့ကတည်းက အဆက် အသွယ်ပြတ်သွားသဖြင့် မိသားစုများနှင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ ဆီအုန်း ခြံအတွင်း သေဆုံးလျက်ပြန်တွေ့ခဲ့သည် ဟု သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။

“ဘယ်လိုသတ်သွားလဲဆိုတာ မသိ ရသေးဘူး။ အဖေသေနေတဲ့ မလှမ်း မကမ်းမှာ အဖေအသုံးအဆောင် ဖိနပ်နဲ့ ပိုက်ဆံအိတ်တော့ တွေ့ခဲ့ပါတယ်”ဟု သေဆုံးသူ၏ သားဖြစ်သူက ဆိုသည်။ ဆိုင်ကယ်ငှားသူက သတ်ပြီး ဆိုင် ကယ်လုသွားခြင်းဖြစ်နိုင်သည်ဟု မိသားစုဝင်များက ယူဆကြသည်။ “အချင်းချင်း ချိတ်ဆက်မူ လုပ်ဖို့ လိုအပ်လာပါတယ်၊ လူပြတ်တဲ့နေရာတွေ မှာ အသက်အန္တရာယ် မလုံခြုံဘူး ဆိုတာ ကယ်ရီသမားတွေ သတိထားဖို့ လိုပါ တယ်”ဟု ပိတောက်ရွှေဝါ ကယ်ရီဂိတ်မှ ကယ်ရီမောင်းသူတစ်ဦးက ဆိုသည်။

ယခုနှစ် ဧပြီလကလည်း အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့သည်။ ကော့သောင်းမြို့ပြင်သို့ ခရီးသည် ပို့သည့် ဆိုင်ကယ်ကယ်ရီသမားများ နှစ်စဉ်နီးပါး ဆီအုန်းခြံအတွင်း အသတ် ခံရလေ့ရှိသည်ဟု ဆိုင်ကယ်ရီမောင်းသူ များထံမှ သိရသည်။