တန်ဆောင်တိုင်ပွဲတော်တွင် ထားဝယ်အမျိုးသားအလံနှင့် တံဆိပ်ပါအင်္ကျီ ရောင်းမည်

0
521

ထားဝယ်အမျိုးသားအလံနှင့် တံဆိပ်ပါအင်္ကျီများကို တန်ဆောင်တိုင်ပွဲ တော်ကာလအတွင်း ထားဝယ်မြို့ဘုရား ကြီးဝင်းတွင် ရောင်းချမည်ဖြစ်ကြောင်း ထားဝယ်လူမျိုး စုစည်းကော်မတီထံမှ သိရသည်။

ထားဝယ်အမျိုးသား တံဆိပ်ပါ အင်္ကျီအထည် ၁၀ဝ၀ ခန့် ရောင်းချရန် ရည်ရွှယ်ထားပြီး ထားဝယ်အမျိုးသား အလံ မှာမူ စီစဉ်နေဆဲဖြစ်ကြောင်း ထားဝယ် လူမျိုးစု စည်းမှုကော်မတီ၏ ဦးဆောင် တာဝန်ခံ ဦးအောင်မျိုးက ပြောသည်။

“အဓိကတော့ ထားဝယ်အမျိုးသား အလံနဲ့ ထားဝယ်အမျိုးသားတံဆိပ်ကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိအောင် ရောင်းပေးတာ။ ထားဝယ်အမျိုးသား အလံနဲ့ အမှတ်တံဆိပ်ပါ စတေကာလေး တွေပါ ရောင်းပေးမှာ”ဟု ဦးအောင်မျိုးက ဆိုသည်။

ထားဝယ်အမျိုးသားအလံနှင့် တံဆိပ်ကို ယမန်နှစ် နိုဝင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်တို့တွင် ကျင်းပ သည့် ထားဝယ်အမျိုးသား ညီလာခံတွင် အတည်ပြုခဲ့သည်။