မြန်မာ့ရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်းသည့် အင်ဒိုနီးရှာ ငါးဖမ်းစက်လှေကို ရေတပ်ဖမ်းဆီး

0
583

ကော့သောင်းမြို့နယ်၊ သံကျွန်း အနောက်မြောက်ဘက် မြန်မာရေပိုင်နက် အတွင်း ခိုးဝင်ငါးဖမ်းသည့် တရားမဝင် အင်ဒိုနီးရှား ငါးဖမ်းလှေတစ်စီးကို နိုဝင် ဘာ ၆ရက်က မြန်မာ့တပ်မတော်ရေယာဉ် က ဖမ်းဆီးခဲ့ကြောင်း ကော့သောင်းမြို့မရဲ စခန်းထံမှ သိရသည်။

တပ်မတော်ရေယာဉ်သည် ပင် လယ်ပြင်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် အလျား ၅၅ပေ ၊ အနံ ၁၆ ပေခွဲခန့်ရှိ သစ်သားကိုယ်ထည် ငါးဖမ်းစက်လှေနှင့်အတူ ရေလုပ်သား များကို ဖမ်းမိခဲ့သည်ဟု အထက်ပါ စခန်းမှ သိရသည်။ ယင်းလှေပေါ်တွင် ပဲ့နင်းအပါအဝင် အင်ဒိုနီးရှာနိုင်ငံသား ရေလုပ်သား ၁၆ဦး လိုက်ပါလာပြီး တစ်ဦးမှာ ရေထဲခုန်ချခဲ့ သဖြင့် အသက်သေဆုံးခဲ့သည်ဟု သိရ သည်။

အသက်ရှင်လျက် ကျန်ရှိနေသူ ၁၅ဦးကို နိုဝင်ဘာ ၇ရက်တွင် ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပြီး တာဝန်ရှိသူများထံ လွဲပြောင်းအပ်နှံပေးခဲ့သည်ဟု ဆိုသည်။ “သေသွားတဲ့ အလောင်းကိုပါ သယ်လာပါတယ် ၊ အခုတော့ ဆေးရုံ ရင်ခွဲရုံမှာ ထားထားပါတယ်”ဟု ရေ ကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ တရားမဝင်ငါးခိုးဖမ်းသည့် အင်ဒို နီးရှာ ရေလုပ်သားများနှင့် စက်လှေကို တရားဥပဒေအရ အရေးယူဆောင်ရွက် နိုင်ရန် မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင် ရွက်လျက်ရှိသည်ဟု သိရသည်။