ကော့သောင်း နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွင် တွေ့ရမည့် နတ်မြင်းပျံ

0
1105

၄၈ ကြိမ်မြောက် ကော့သောင်းနှစ် ကျိပ်ရှစ်ဆူ ဘုရားပွဲတွင် နတ်မြင်းပျံရုပ် တုထည့်သွင်းမည်ဖြစ်ကြောင်း တန် ဆောင်တိုင်ဘုရားပွဲတော်ကျင်းပရေး အဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။
အဆိုပါ နတ်မြင်းပျံ ရုပ်ထုကို တန် ဆောင်မုန်းလပြည့်နေ့ည၌ ကော့သောင်း မြို့အတွင်း နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော် များ လှည့်လည်အပူဇော်ခံရာတွင် ရှေ့ ပြေးယာဉ်တွင် ထည့်သွင်းမည်ဖြစ်ကြောင်း သိရသည်။

“နောင်တော်ကြီးရုပ်ပွားတော်တွေ ကို နတ်မြင်းပျံယာဉ်နဲ့ ပင့်ဆောင်ပြီး ရှေ့ဆုံးကထား အပူဇော်ခံမှာမို့ အခုလို တစ်မူထူးခြားမှုဖြစ်အောင် တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ကြတာပါ” ဟု အထက်ပါ အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်မိုး က ပြောသည်။
နတ်မြင်းပျံရုပ်တုက အမြင့် ၁၁ ပေ ခန့်ရှိပြီး ယခင်နှစ်က ကရဝိတ်ဖောင် တော် ပုံစံပြုလုပ်ခဲ့ကာ ယခုကဲ့သို့ ရုပ်တု ပြုလုပ်သည့် အစီအစဉ်မှာ ဒုတိယအကြိမ် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ကော့သောင်းမြို့တွင် နှစ်ကျိပ်ရှစ် ဆူဘုရားများ လှည့်လည်အပူဇော်ခံပွဲကို နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပလေ့ရှိကြောင်း တန်ဆောင်တိုင် ဘုရားပွဲတော် ကျင်းပရေးအဖွဲ့မှ သိရသည်။