အမှုကိစ္စအတွက် မြို့နယ်အလိုက် ဥပဒေဆိုင်ရာအကူအညီ တောင်းနိုင် ပြီ

0
628

အမှုကိစ္စတစ်ခုခုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရသူများ၊ ကျူးလွန်ခံရသူ များအနေဖြင့် ဥပဒေကြောင်းအရ ခုခံချေ ပနိုင်ရန် ဥပဒေဆိုင်ရာအထောက်ကူပေး ရေးအဖွဲ့များထံတွင် အကူအညီတောင်း ခံနိုင်ပြီဖြစ်ကြောင်း တိုင်းဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။ နိုဝင်ဘာလ ၄ ရက်မှစတင်ကာ မြို့နယ်အလိုက် အကူအညီ တောင်းခံနိုင် ပြီဖြစ်သည်။

ရဲတပ်ဖွဲ့က စတင်ဖမ်းဆီးခံရချိန်မှ တရားရုံးမှ အမိန့်ချပြီး အကျဉ်းထောင် တွင် အကျဉ်းကျခံနေရသည့် အချိန်ထိ ခုခံချေပနိုင်ရေးနှင့် သက်သာခွင့်များ အတွက် ဥပဒေကြောင်းအရ အကူအညီ ပေးမည်ဖြစ်ကြောင်း ဦးအောင်မြင့်က ပြောသည်။ အမှုကိစ္စနှင့် ပတ်သက်၍ ဆင်းရဲ နွမ်းပါးသူ၊ အသက်ငယ်ရွယ်သည့် ကလေးသူငယ်၊ နာမကျန်းသူ၊ သက် ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ မသန် စွမ်းသူများ၊ နိုင်ငံခြားသားများကို ကူညီ ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်က ဆိုသည်။ ဥပဒေဆိုင်ရာ အထောက်အကူပေး ရေးအဖွဲ့များကို တိုင်း၊ ခရိုင်နှင့် မြို့နယ် အသီးသီးတို့တွင် ဖွဲ့စည်းထားပြီးဖြစ်ကာ ဥပဒေရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ (သေဒဏ်ကျခံရနိုင်သည့် ပြစ်မှုများမှ အပ) ဆက်သွယ်အကူအညီတောင်းခံနိုင် ကြောင်း ၄င်းက ပြောသည်။ အဖွဲ့အနေဖြင့် အမှုကိစ္စများကိုလို အပ်သည့် အကြံဥာဏ်ပေးခြင်း၊ လမ်း ညွှန်ပေးခြင်း၊ လိုအပ်ပါက ရှေ့နေ ငှားရမ်းပေးခြင်း အစရှိသည်များကို ကူညီလုပ်ဆောင်မည်ဖြစ်ကြောင်း ဦးအောင်မြင့်က ဆိုသည်။ “အကူအညီပေးဖို့ရာ အဆင်သင့် အနေအထားကို လုပ်ထားပါတယ်၊ အကူ အညီတောင်းခံလာလို့ရှိရင် တတ်နိုင်တဲ့ အနေအထား ကူညီမှာဖြစ်ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်မြင့်က ပြောသည်။

ဥပဒေဆိုင်ရာ အထောက်အကူပေး ရေးအဖွဲ့များကို ပြီးခဲ့သည့် နှစ်က စတင် ဖွဲ့စည်းခဲ့သော်လည်းဘဏ္ဍာရေး၊ ရှေ့နေ စသည့် အခြေအနေအရပ်ရပ်ကြောင့် ကူညီမည့်လုပ်ငန်းကို ယခုနှစ်တွင်မှ စတင်နိုင်ခဲ့ကြောင်း ၄င်းက ဆိုသည်။ ဒေသအတွင်း ပြည်သူအများစုက ဥပဒေပိုင်းဆိုင်ရာကိစ္စများကို သိရှိနား လည်သူ နည်းပါးနေသည့်အတွက် ယင်း ကဲ့သို့ ကူညီပေးမည်ဆိုပါက ကြိုဆို ကြောင်း ထားဝယ်မြို့ခံတစ်ဦးဖြစ်သူ ဦးခင်မောင်သိန်းက ဆိုသည်။ “မြေပြင်မှာက တကယ့်လိုအပ် ချက်ဖြစ်နေတော့ ကောင်းတာပေါ့၊ လက် တွေ့ အကောင်အထည်ဖော်ဖို့တော့ လို တာပေါ့”ဟု ဦးခင်မောင်သိန်းက ပြော သည်။ ကူညီပေးမည့်အဖွဲ့အနေဖြင့် အမှန် တကယ် အလုပ်လုပ်မှသာ ပြည်သူများ ယုံကြည်ကိုးစားမှုရှိလာမည်ဖြစ်ပြီး အောင်မြင်သည့် အဖွဲ့အစည်းဖြစ်လာ မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါအဖွဲ့များမှာ ရုံးခန်းမရှိသေးသည့်အတွက် ဥပဒေဆိုင် ရာ အကူအညီ လိုအပ်ပါက သက်ဆိုင်ရာ မြို့နယ်နှင့် တိုင်းဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့များမှ ဥက္ကဋ္ဌများ၏ ဖုန်းနံပါတ်အသီးသီးကို ဆက်သွယ် နိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

-ဦးအောင်မြင့် (တိုင်းဒေသကြီး ဥက္ကဋ္ဌ) ဝ၉၄၂၈၇၄၀၅၇၃
-ဦးကျော်စွာအောင် (ထားဝယ်မြို့ နယ် ဥက္ကဋ္ဌ)ဝ၉၄၅၀၉၉၀၇၈၄
-ဦးတင်လှိုင် (လောင်းလုံးမြို့နယ် ဥက္ကဋ္ဌ) ဝ၉၂၅၀၄၆၄၂၂၃
-ဦးသင်းကြူ (ရေဖြူမြို့နယ် ဥက္ကဋ္ဌ) ဝ၉၄၂၀၁၂၄၀၂၆
-ဦးစိုးသိန်း (သရက်ချောင်းမြို့ နယ်ဥက္ကဋ္ဌ) ဝ၉၄၂၂၁၉၂၁၉၂
-ဦးစြွကယ်ဝင်း (မြိတ်ခရိုင်ဥက္ကဋ္ဌ) ဝ၉၄၂၅၈၀၃၅၈၈
-ဦးငွေဝင်း( ကော့သောင်းခရိုင်ဥက္ကဋ္ဌ) ဝ၉၄၅၀၉၉၃၁၅၄