ကံပေါက်သတ္တုလုပ်ကွက်အတွင်း ပိဿာစား သတ္တုရှာသူ လူငယ်နှစ်ဦး မြေပိသေဆုံး

0
494

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ သတ္တုလုပ်ကွက် အတွင်း ပိဿာစားသတ္တုရှာသည့် လူ ငယ်နှစ်ဦး နိုဝင်ဘာလ ၅ ရက်က မြေပိ သေဆုံးခဲ့ကြောင်း ကံပေါက်နယ် မြေရဲ စခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ သေဆုံးသူနှစ်ဦးမှာ အသက် ၂၀ အရွယ်နှင့် ၂၅ နှစ်အရွယ် အမျိုးသားနှစ် ဦးဖြစ်ပြီး ယင်းနေ့ ညနေ ၆ နာရီခန့်တွင် မြေပုံပြိုကျပြီး သေဆုံးနေသည်ကို တွေ့ ရှိခဲ့ရကြောင်း အထက်ပါရဲစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

၎င်းတို့နှစ်ဦး၏ အလောင်းကို တွေ့ရှိသည့်နေရာသည် အန္တရာယ်ရှိ သည့်အတွက် ဒယ်ကိုကုမ္ပဏီက တား မြစ်ထားသည့် နေရာဖြစ်ကြောင်း ကံပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်စိုးက ပြောသည်။ “လုံးဝ ကန့်သတ်ထားတဲ့နေရာထဲ မှာ ဝင်လုပ်လို့ ဖြစ်သွားတဲ့သဘောမျိုး ဖြစ်သွားတာပေါ့” ဟု ဦးခင်စိုးက ပြော သည်။

ပိဿာစား သတ္တုရှာဖွေသူများသည် နံနက် ၇ နာရီခန့်တွင် ကုမ္ပဏီလုပ်ကွက် အတွင်းသို့ သတ္တုဝင်ရောက်ရှာဖွေကြ ပြီး ကုမ္ပဏီ၏ဂိတ်ပေါက်၌ အဝင်ကတ် ပြားနှင့် အထွက်ကတ်ပြားကို လဲလှယ်ခဲ့ ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်စိုးက ပြောသည်။ သို့သော် ယင်းနေ့ ညနေ ၅ နာရီ ကျော်သည့်အချိန်အထိ အထက်ပါ လူငယ်နှစ်ဦး၏ အထွက်ကတ်ပြားများ ဂိတ်တွင် ရှိနေသေးခြင်းကြောင့် လိုက်လံ ရှာဖွေရာမှ အလောင်းများကို တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

ကံပေါက်သတ္တုလုပ်ကွက်အတွင်း ဒေသခံ ပိဿာစားသတ္တုရှာသူများကို ကုမ္ပဏီဘက်က သတ်မှတ်နေရာတွင် သတ္တုရှာဖွေ ခွင့်ပြုထားခြင်း ဖြစ်သည်။ ယင်းသေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးရန် သေမှုသေခင်းအမှတ်စဉ် ၄ /၂၀၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ကံပေါက်နယ်မြေရဲ စခန်းထံမှ သိရသည်။