ပေးကားပေး၏ ရ မရ မသိ

0
664

မူးယစ်ဆေးဝါး အကြောင်း၊ လူကုန် ကူးမှုအကြောင်း၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်း၊ အထိမ်းအမှတ်နေ့ စသဖြင့် အကြောင်းအရာတွေကို အခြေခံပညာ ကျောင်းတွေမှာ သက်ဆိုင်ရာဌာနတွေနဲ့ ကျောင်းတွေပူးပေါင်းပြီး ပြိုင်ပွဲတွေကျင်း ပပေး၊ အသိပညာမျှဝေဟောပြောနေတာ တွေကို အမြဲလိုလို တွေ့ရပါတယ်။

ကလေး တွေအတွက်ကောင်းမယ့် အစီအစဉ်တွေ ပေါ့လို့ ယေဘုယျ ဆန်ဆန်မှတ်ချက်ချ ကြည့်ပေမဲ့ ဒီအစီအစဉ်တွေရဲ့ ထိရောက် မှုတွေကို သက်ဆိုင်ရာဌာနများနဲ့ကျောင်း များက အလေးဂရုပြုပါရဲ့လား၊ ပြန်လည် ဆန်းစစ်ပါရဲ့လားလို့ သံသယဖြစ်မိတာ တော့အမှန်ပါ။ိတ်ဆွေတစ်ယောက်က ပြောပြပါ တယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စ အကြောင်းပြုလို့ ကျောင်းတစ်ကျောင်းနဲ့ အစိုးရဌာနတစ်ခု ပူးပေါင်းပြီး စာစီစာကုံး ပြိုင်ပွဲကျင်းပပါသတဲ့။ ပြိုင်ပွဲဝင်ကလေး တွေရဲ့ မိဘအုပ်ထိန်းသူအတော်များများ က ကလေးတွေအတွက် စာစီစာကုံးတွေ ရေးပေး၊ ပြင်ဆင်ပေးတယ်။ ဒါကိုအလွတ် ကျက်ပြီး ကလေးတွေက ပြိုင်ပွဲဝင်ရပါ တယ်တဲ့ခင်ဗျာ။

မိဘအုပ်ထိန်းသူအချို့ စာစီစာကုံး ပြိုင်ပွဲကိစ္စလာမေးတာ ကျွန်တော်ကိုယ်တိုင်လည်း ကြုံခဲ့ရပြန် ပါတယ်။ ကလေးတွေပြိုင်ပွဲဝင်ဖို့ စာစီစာကုံးပြင်ဆင်ဖို့ ဘယ်စာတွေက ယူရင်ကောင်းမလဲတဲ့ ခင်ဗျ။ ခက်ပါရော လား။ အချို့တွေက စာအုပ်တွေထဲက ဟို ကူးဒီကူးလုပ် အိုင်ဒီယာယူပြီး ရေးပေး ကြ၊ ကလေးတွေခမျာ ကောင်းကောင်း နားမလည်ဘဲနဲ့ကျက်ရ၊ ပြိုင်ပွဲဝင်ရပါ တယ်။ ကျောင်းသား/သူတွေရဲ့ ပင်ကို နားလည်သဘောပေါက်မှု၊ အားထုတ်မှု မဟုတ်ဘဲ ဒီလိုမျိုး ဖြစ်နေတဲ့ကိစ္စတွေဟာ ကျွန်တော်တို့ဝန်းကျင်မှာ ဘယ်လောကများ တွင်ကျယ်နေပါပြီလဲ။ ကျောင်းတွေ ကရော ကလေးတွေကို စာစီစာကုံးဖွဲ့ တတ်အောင်၊ အက်ဆေးရေး တတ်အောင် သင်ပေးထားကြပါသလား။

အထူးသဖြင့် အင်္ဂလိပ်စာနဲ့ရေးသား ယှဉ်ပြိုင်ရတဲ့ ပွဲ မျိုးမှာဆို မိဘ၊ ဆရာ တွေရဲ့ပြင်ဆင်ပေး မှုက အတော်သိသာပါတယ်။ တကယ် တော့ မိဘဆရာ အုပ်ထိန်းသူရဲ့ပြင်ဆင် ပေးမှုဆိုတာ သက်ဆိုင်ရာအကြောင်းအရာ နဲ့ပတ်သက်လို့ ကလေးနားလည်အောင် ပြောပြတာ၊ စာအုပ်၊ စာစောင်တွေဖတ် စေပြီး ကလေးကိုယ်တိုင်ကြံဆတတ် အောင်၊ အားထုတ်တတ်အောင်ပံ့ပိုးတာ မျိုး၊ အကြံပြုတာမျိုးပဲ ဖြစ်သင့်ပါတယ်။ အသင့်ရေးပြီးသားဟာကို ကျက်ပြီးပြိုင်ပွဲ ဝင်နေတာမျိုးဟာ ကလေးတွေအတွက် လိုအပ်တဲ့ဗဟုသုတ ပညာကို တကယ်ပဲ ရရှိသွားကြပါသလားဆိုတာ မေးဖို့ ကောင်းတဲ့မေးခွန်းပါပဲ။

ဒါကတစ်ပိုင်း ပါ။ နောက်တစ်ခုက ကလေးတွေကို လာ ရောက်ဟောပြောနေသူတွေရဲ့ ရှင်း လင်းတင်ပြနိုင်စွမ်း  (presentation
skill
) ပါ။ အထူးသဖြင့် အစိုးရဌာနဆိုင် ရာက ပုဂ္ဂိုလ်ကြီးအတော်များများက ဟောပြာပို့ ချတာ၊ ရှင်းလင်းတင်ပြတာနဲ့ ဩဝါဒမိန့်ခွန်းခြွေတာကို ရောချတတ်ကြ ပါတယ်။ လေကြောရှည်ကြပါတယ်။ ခန့်ညားထည်ဝါလှတဲ့ စာလုံးကြီးတွေ တွင် တွင်သုံးကြပါတယ်။ ပရိသတ်နား လည် ပါရဲ့လား။ စိတ်ဝင်စားကြပါရဲ့ လား။ ပြီးတော့ လာနားထောင်တဲ့ကလေး တွေ ဟာ အရွယ်စုံ၊ အတန်းစုံရောထားတာ မျိုးများတာမို့ ဟောပြောသူကောင်း တစ်ယောက်အဖို့ဆိုရင် သူ့ရဲ့ဟောပြော ချက်အတွက်ပြင်ဆင်ဖို့အင်မတန်စိန်ခေါ် မှုများတဲ့အခြေအနေပါ။

ပရိသတ် သဘောပေါက်ဖို့ အဓိကထားရမှာကိုး။ ဆက်ရမယ်ဆိုရင် ဟောပြောပွဲလုပ်တဲ့အချိန်ဟာ ကလေးတွေဗိုက်လေး၊ ငိုက် မြည်းတတ်တဲ့အချိန်မျိုးလား၊ အိမ်ပြန် ကျောင်းဆင်းချိန်နားကပ်နေတဲ့အခါမျိုး လားစသည်ဖြင့် ချိန်ဆကြပါရဲ့လား။ လာနားထောင်တဲ့ကလေးတွေဟာ ဆရာ/ ဆရာမတွေက ဟောပြောမယ့်အကြောင်း အရာနဲ့ပတ်သက်လို့ ရှင်းပြထားလို့ ကလေးတွေက သူတို့သဘောဆန္ဒအ လျှောက်လာနားထောင်ကြတာမျိုးလား၊ ဒါမှမဟုတ် အမိန့်အရအားလုံးတက်စေ သတည်းဆိုလို့လာကြတာလား။ ဒါက တော့ ဟောပြောသူတွေသတိချပ်သင့်တဲ့ မြင်လွယ်တဲ့အကြောင်းအရာအချို့သာ ဖြစ်ပါတယ်။ ကလေးတွေဗဟုသုတ တကယ်ရစေဖို့၊ မိမိတို့ဟောပြောချက် တွေကလေးတွေအတွက်အကျိုးဖြစ်စေဖို့ ဆိုရင်တော့ အသေးအဖွဲ လေးတွေကအစ ဂရုပြုပြင်ဆင်ရမှာ ဖြစ်ပါတယ်။

ပွဲဖြစ်ရင် ပြီးရော လုပ်မယ်ဆိုရင်တော့ အချိန်ကုန်၊ ငွေကုန်၊ အသံပြာ၊ အလုပ်ရှုပ်၊ ခေါင်းစား ရုံကလွဲပြီးဘာမှအကျိုးရမယ်မထင်ပါ။ ကလေးတွေလည်းကြာရင် ဟောပြောပွဲ ကြောက်ရောဂါရသွားနိုင်ပါတယ်။ ငါတို့ ဌာနက၊ ငါတို့ကျောင်းက ကလေးတွေ အတွက် ဘယ်နှစ်ကြိမ် ဘယ်နှစ်ပွဲဟော ပြီးပြီ ၊ပြိုင်ပွဲလုပ်ပြီးပြီဆိုတဲ့ အရေအတွက် ထက် ငါတို့ဟောပြောမျှဝေပေးလိုက်တဲ့ အကြောင်းအရာတွေကလေးတွေဘယ် လောက်နားလည်သဘောပေါက်သွားလဲ၊ ဗဟုသုတ အကျင့်ကောင်း တွေရသွား သလဲဆိုတဲ့ အရည်အသွေး ပိုင်းကိုအလေး ဂရုပြုကြဖို့လိုလှပါပြီ။ ဒီကနေ့ကျွန်တော် တွေ့ကြုံသိမြင်နေရတဲ့ ပွဲအများစုကတော့ ပွဲဖြစ်ရုံဖြစ်နေကြတာပါပဲ။

ကျွန်တော့်ရဲ့ပုဂ္ဂလအမြင်အရဆိုရင် ဒီလိုမျိုး ပညာပေးပြိုင်ပွဲ၊ဟောပြောပွဲတွေ လုပ်တာတွေကို ကောင်းမွန်တဲ့အစီအစဥတွေအဖြစ်၊ကလေးတွေရဲ့သင်ယူမှု အထောက်အကူဖြစ်စေတဲ့အရာတွေ အဖြစ်လက်ခံပါတယ်။ လုပ်လည်း လုပ် စေချင်ပါတယ်။ သူများနိုင်ငံက ကလေးတွေ သိပ္ပံပညာဆိုင်ရာအကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာစသဖြင့်အကြောင်း အရာကဏ္ဍစုံကို ဧည့်ဟောပြောသူတွေ (guest speakers) ၊ ပါမောက္ခကြီးတွေ၊ ပညာရှင်တွေရဲ့ ဟောပြောမှုကိုသင်ယူခွင့်၊ ထိုသူတွေနဲ့ဆွေးနွေးခွင့်ရနေချိန်မှာ ကျွန် တော်တို့ ဆီမှာတော့ ” နှစ်စဉ်ဟောပြောမြဲ ဖြစ်သော”လို့ ဝိသေသတပ်ရမယ့် အကြောင်းအရာတွေနဲ့ လုံးချာလည်လိုက် နေတုန်း၊ ခရီးဆုံးနေတုန်းပါပဲ။

အတွင်း ကျကျပြောရရင် ကျောင်းအများစုမှာ ကျင့်ဝတ်၊ ပြည်သူ့နီတိ၊ ကျောင်းတွင်းဒီမို ကရေစီလိုဟာမျိုးကိုတောင်မှ ကလေးတွေ ဗဟုသုတရ၊ စွဲမြဲကျင့်သုံးတတ်သွား အောင်မသင်နိုင်တဲ့ အခြေအနေမျိုးပါ။ ဒါကို လည်းသက်ဆိုင်ရာဌာနတွေ၊ တာဝန်ရှိ၊ တာဝန်သိသူတွေအမြန်ဆုံးဝိုင်း ဝန်းပြန်သုံးသပ်ဖို့၊ ပြင်ဆင် ပံ့ပိုးကြဖို့ လိုပါပြီ။ ပူးပေါင်းပြီးဝိုင်းဝန်း ကြိုးပမ်း မှ အရွေ့တစ်ခုကိုသွားနိုင်မှာဖြစ်ပါတယ်။ ငါတို့ဟောလိုက်တဲ့ကလေးတွေ ငါတို့ ကျောင်းကထွက်တဲ့ကလေးတွေဟာ အချိန်တိကျတယ်၊ အမှိုက်စနစ်တကျပစ် တယ်၊ တန်းစီတတ်တယ်၊ ဦးစားပေးတတ် တယ်၊ တံတွေးကိုစနစ်တကျထွေးတယ်၊ စည်းကမ်းသိစည်းကမ်းလိုက်နာကြတယ် စတဲ့အခြေခံလူကျင့်ဝတ်လေးတွေစွဲမြဲ သွားတယ်လို့ ဆိုနိုင်ရင်တောင်မှ အင်မ တန်ဝမ်းသာရမယ့်ကိန်းပါ။ ဒီလိုအခြေခံ ကစပြီးကောင်းဖို့ မရဲတရဲတောင့်တမိတာ တော့အမှန်ပါ။