စားသုံးသူအခွင့်အရေးဆုံးရှုံးမှု တိုင်ကြားက ဖုန်းဘေလ်သုံးထောင်ရမည်

0
526

ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ် ယူသုံးစွဲရာတွင် စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုများကို တိုင်ကြားပါက ဖုန်းငွေ ဖြည့်ကတ် သုံးထောင်ကျပ် ပြန်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူများ သမဂ္ဂ (MCU) အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။

ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု များ ဝယ်ယူစဉ်က ပေးထားသည့်အာမခံ သည့်အချက်များအတိုင်း ဝန်ဆောင်မှု ပေးရန်ပျက်ကွက်ခြင်းများကို အထောက် အထား တိတိကျကျဖြင့် တိုင်ကြားမည် ဆိုပါက ဖုန်းဘေလ် ၃ ထောင်ကျပ်ကို ပြန်ပေးမည် ဖြစ်ကြောင်း MCU ထုတ် ပြန်ထားသည်။ တိုင်ကြားမှုအပေါ် ဖုန်းဘေလ်ဖြည့် ပေးမည့်အစီအစဉ်ကိုယခုနှစ် အောက်တို ဘာလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဩဂုတ်လကုန်အထိ သတ်မှတ်ထား သည်။

လက်ရှိတွင် မိုဘိုင်း APPမှတစ် ဆင့် တိုင်ကြားသူနည်းနေသေးပြီး တိုင် ကြားသူများအနေဖြင့် ဖုန်းဘေလ်အခက် အခဲ မဖြစ်စေရန်နှင့် စားသုံးသူများ စိတ် ဝင်စားမှုရှိလာစေရန် ဖုန်းဘေလ်ပေးမည့် အစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ် ကြောင်း MCU အတွင်းရေးမှူး ဦးမောင် မောင်က ဆိုသည်။ စားသုံးသူ အခွင့်အရေးဆုံးရှုံးနေမှု များကို အွန်လိုင်းဝက်ဆိုဒ်မှတစ်ဆင့် တိုင်ကြားနိုင်သကဲ့သို့ မိုဘိုင်းဖုန်း APP
(အက်ပလီကေးရှင်း) မှလည်း တိုင်ကြား နိုင်ကြောင်း ၄င်းက ပြောသည်။

“တရားဥပဒေစိုးမိုးရေးရယ်၊ စား သုံးသူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရစေချင်တာရယ်၊ စားသုံး သူတွေအနေနဲ့လည်း ကိုယ်လုပ်ရမယ့် ကိစ္စကိုပြည့်ပြည့်ဝဝလုပ်တတ်တဲ့ အလေ့ အကျင့်လေး တစ်ခုဖြစ်လာအောင် အား ပေးတဲ့အနေနဲ့ ဒီဖုန်းဘေလ်လေးနဲ့ ပရိုမိုးရှင်းလုပ်လိုက်တာပါ”ဟု ဦးမောင် မောင်က ဆိုသည်။

မိုဘိုင်းAPP တွင် လိုအပ်တဲ့အချက် အလက်များ ဖြည့်သွင်းရမည်ဖြစ်ပြီး အချက်အလက်ပြည့်စုံပါက မည့်သည့် ဆင်းကတ်အမျိုးအစားကိုမဆို ဖုန်း ဘေလ် ဖြည့်ပေးမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။တိုင်ကြားလာပါက နစ်နာသည့်စား သုံးသူဘက်မှရပ်တည်ပြီး လိုအပ်သည့် အချက်အလက်များကို ကူညီရှာဖွေပေး ကာ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်း ဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေ ရှင်းရေးအဖွဲ့( CICC )ကဲ့သို့ ဖြေရှင်း ပေးမည့်ဌာနများထံ အချက်အလက်နှင့် တကွ ပို့ပေးကြောင်း ဦးမောင်မောင်က ပြောသည်။

စားသုံးသူအခွင့်အရေးနှင့် ပတ် သက်၍ ပြည်သူများကိုယ်တိုင် စားသုံး သူအခွင့်အရေးရှိကြောင်း သိရှိလာစေရန် သက်ဆိုင်ရာ ဌာနအနေဖြင့် အသိပညာ ပေးသည့်လုပ်ငန်းကို ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင်ရန် လိုအပ်နေသေး ကြောင်း ထားဝယ်မြို့ခံ တစ်ဦးဖြစ်သည့် ဦးဇော်မိုးက ပြောသည်။ “အစိုးရမဟုတ်တဲ့အဖွဲ့က စားသုံး သူအခွင့်အရေးနဲ့ ပတ်သက်ပြီး ဖုန်း ဘေလ်ပေးမယ့်အစီအစဉ်ကို ကြိုဆိုပါ တယ်၊ ဒါပေမယ့် ပြည်သူတွေကိုယ်တိုင် က တိုင်နိုင်တယ်ဆိုတဲ့အသိက အရမ်း အားနည်းနေသေးတယ်”ဟု ဦးဇော်မိုးက ဆိုသည်။

ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ် ယူသုံးစွဲရာတွင် မတရားမှုများ၊ မကျေနပ် ချက်များကို ကြုံတွေ့ရပါက တိုင်ကြား ခြင်းဖြင့် စားသုံးသူရပိုင်ခွင့်များ ရရှိလာ စေမည်ဖြစ်ပြီး အခြားသူများ မခံရစေရန် ကာကွယ်ရာရောက်ကြောင်း MCU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုင်ကြားရာတွင် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ဝယ်ယူထားသည့် စာချုပ်၊ ကုန်အမှာလွှာ၊ အရောင်းပြေစာ စသည့် အထောက်အထားများ ပေးပို့ တိုင်ကြားရမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ မိုဘိုင်း Google Play
Store
wGif Myanmar ConsumersUnion ခေါင်းစဉ်ဖြင့် ဒေါင်းလုပ်ရယူ နိုင်ကြောင်း MCU ထံမှ သိရသည်။ အွန်လိုင်းမှတစ်ဆင့် တိုင်ကြားလို ပါက www.myanmarconsumersunion.org/my/consumerscomplaint-form-mm/ တွင် ဝင်ရောက် တိုင်ကြားနိုင်သည်။