လော်ကြောက်ရောဂါ

0
911

ပွင့်လင်းရာသီရောက်သည်နှင့် ပိုခံစားရလေ့ရှိသော ရောဂါတစ်မျိုး ရှိသည်။ ကထိန်ပွဲ၊ ဘုရားလှည့်၊ မင်္ဂလာ ဆောင်၊ ရှင်လောင်းလှည့် စသဖြင့် ပွဲတိုင်းကျော်ကိုမှ ကြောက်နေကြရသော ရောဂါကြီးတစ်ခု ဖြစ်သည်။ လော်စပီကာအသံကို ကြောက်နေ ကြရသော ‘လော်ကြောက်ရောဂါ’ ဖြစ် သည်။ လော်ကြောက်ရောဂါမှာ အရွယ် သုံးပါးစလုံး ခံစားနေကြရသည်။

“ဒီရာသီဆို ပိုပြီးဆိုးတယ်။ လော်စပီ ကာကြီး အိမ်ဖက်လှည့်ထားပြီး ဖွင့်ရင် နားညည်းပြီး ခေါင်းတွေမူးလာတယ်။ အိမ်က ယောကျာ်း မဆုံးခင်ကဆို ညနက်လာရင် အိပ်မရလို့ လော်စပီကာ တပ်ထားတဲ့ဝါးလုံးတိုင်ကြီးကို အမြဲသွား လှည့်ပစ်တယ်”ဟု ဒေါ်ရင်ကြည်က ပြောသည်။ မြိတ်မြို့၊ ဇေယျာသီရိရပ်ကွက်နေ အသက် ၇၈ နှစ်ရှိပြီ ဖြစ်သော ဒေါ်ရင်ကြည် က မိမိအိမ်တွင်နေစဉ် လော်စပီကာမှ မခံရပ်နိုင်သော အသံများကြားရပြီး လော်ကြောက်ရောဂါ ထလာတိုင်း တခြား ရပ်ကွက်ရှိ သမီးအိမ်သို့ စတေးရှောင်လေ့ ရှိကြောင်း ပြောသည်။

ဒေါ်ရင်ကြည်ကဲ့သို့ စတေးရှောင်ရန် မဖြစ်နိုင်ဘဲ ရောဂါကိုကုရန် ဆေးမရှိ ကြိတ်မှိတ်ခံနေရသူက ဒုနှင့်ဒေး။ ဘုန်းကြီးကျောင်း နှစ်ကျောင်းနှစ်ကျောင်း နှင့်နီးသော ထားဝယ်မြို့ ကရပ်ပြင် ရက်ကွက် အိမ်တစ်အိမ်နေ ဦးကျော်မင်း တစ်ယောက်လည်း လော်ဒဏ်ဝလွန်း နေပြီဟု ညည်းနေသည်။ အလှူရှိတိုင်း နံနက် ၅ နာရီခွဲ သည်နှင့် စက်ဆရာက လော်စပီကာ လက်သံစပြတော့ရာ မနက်လင်းလာလေ ကျယ်လာလေ။ “ကိုယ်ပြောရင်လည်း အပြစ်ဖြစ် မယ်။ ကိုယ်တွေမှာလည်း အပြစ်ရှိတယ်။ဘုန်းကြီးကျောင်းနဲ့ အနီးမှာ လာနေမိတာ ကိုး။ တစ်ခါတလေဆို မနက်အစောကြီး လော်စပီကာအသံကြားရင် ခေါင်းအုံးတွေ ရော၊ ဖက်လုံးတွေရောယူပြီး နားနှစ် ဖက်ကိုပိတ်ပြီး အိပ်တယ်”ဟု ဦးကျော်မင်း က ဆိုသည်။ ဦးကျော်မင်းထက် ပိုခံရသူတို့က လည်း ဒုနှင့် ဒေး။ အထူးသဖြင့် နယ်ဘက် တွင် ဖြစ်သည်။ နယ်တွင် အလှူထက် မင်္ဂလာဆောင်တို့တွင် လော်ဒဏ် ပိုခံကြ ရသည်။ နယ်လော်ဆရာများကလည်း သူ့စက် မည်မျှစွမ်းသည်ကို ကြွားလို ကြသည်။ အခြား စက်ပိုင်ရှင်များ၏ စက်ထက် မိမိစက်က ပိုမြည်ဟိန်းနိုင်၊ အဝေးက ပိုကြားနိုင်ကြောင်း ကျော်ကြား လိုကြသည်။ ထို့ကြောင့် ရွာမင်္ဂလာဆောင်များ ဆိုက အစွမ်းကုန် မြည်းဟိန်းစေတော့ သည်။ တစ်ချို့ရွာများတွင် ကာလသား များက ညဘက် ကာရာအိုကေ ဟစ်ကြ သည်။

စက်ဆရာကလည်း ပညာပြချင်၊ ရွာသား အဆိုတော်ကြီးများကလည်း အခွင့်ရတုန်း တစ်ရွာလုံးကြားအောင် ဟဲပြချင်ဖြင့် ရွာသူရွာသားများက ညနက်သန်းခေါင်အထိ ဟဲကြသည်။ “ကြိုက်ကြိုက် မကြိုက်ကြိုက် ခံကြ ပေရော့၊ တခြားအချိန်ဆို တခြားသွား ရှောင်နေတယ်။ ညဖက်တွေဆို ရှောင်မရ တော့ အိမ်မှာပဲ ကြိတ်ပြီး နေနေရတယ်” ဟု သရက်ချောင်းမြို့နယ် သင်းကျွန်းရွာမှ မစုမြတ်က ဖွင့်ဟသည်။ လော်စပီကာ အသံများကို ငယ်စဉ် ကတည်းက ကြားခဲ့ဖူးသော်လည်း ယခု ခေတ်ကဲ့သို့ နားဝင် မဆိုးခဲ့ဖူးဟု ဖွင့်ဟလာသူက ကော့သောင်းမြို့ အောင်သုခ ရပ်ကွက်နေ အသက် ၆၀ အရွယ် ဦးခင်ဇော် ဖြစ်သည်။

တစ်ချိန်က ရွာဘုရားပွဲများ၊ အလှူခံများတွင် လော်စပီကာဖွင့်သော် လည်း ခုခေတ်ကဲ့သို့ စိတ်အနှောင့်အယှက် မဖြစ်ရဟု ဦးခင်ဇော်က ပြောသည်။ “ခုက တစ်နေ့လုံးတစ်ညလုံး ဖွင့် ထားကြတော့၊ ပြီးတော့ ဖွင့်တဲ့သီချင်းတွေ ကလည်း အကျယ်ကြီး၊ အကြောင်းအရာ နဲ့ မဆိုင်တဲ့သီချင်းတွေလည်း ကြား နေရတယ်။ အလှူခံဆိုတာက သူတစ်ပါး လှူချင်စိတ်ဖြစ်လာအောင် လုပ်ပေးရတာ လေ” ဘုရားလှည့်ပွဲ၊ ဘုရားပင့်ပွဲတွင် ကားပေါ် စပီကာကြီးများတင်ကာ ကိုကြီးကျော် နတ်ဒိုးဖွင့်လှည့်လည် မှုမျိုးက ထားဝယ်မြို့ကဲ့သို့သော မြို့ပြ တွင်ပင် ကြားနေရတတ်ပြီ ဖြစ်သည်။

“အဘတို့နိုင်ငံမှာက အကြံပေးရ အဆင်မပြေဘူး၊ တလွဲမြင်ပြီး ဗုဒ္ဓ ဘာသာ မဟုတ်ဘူးလား ပြန်တုံ့ပြန်ကြရင် အမုန်းပွား ရရောလေ။ ဆူညံလဲ ဘာတတ် နိုင်မလဲ၊ ကိုယ့်နားကိုယ်ပိတ်ပေါ့”ဟုဦးခင်ဇော်က ဖွင့်ဟသည်။ ကော့သောင်းမြို့ အေးရိပ်ငြိမ် ရပ်ကွက်မှ လော်ကြောက်သူတစ်ဦးဖြစ် သည့် အသက်၂၆ နှစ်အရွယ် ကိုမောင်ဇော် ကတော့ ကောင်းမှုကုသိုလ် လုပ်နေ သည်ကို မဝေဖန်ချင်မပြောချင် သော် လည်း အလိုက်တသိ ဖြစ်စေလိုကြောင်း ပြောလာပါသည်။ “ညဘက် အိပ်ယာဝင်နောက်ကျသူ၊ မနက်စောစောမှ အိပ်ရဝင်ရသူတွေရှိ တယ်လေ၊ ကုသိုလ်က အကုသိုလ်ဖြစ်ရ ရော”ဟု ကိုမောင်ဇော်က ပြောသည်။ လက်ရှိ ရာသီကမူ လော်ကြောက် ရောဂါသည်တို့၏ ရောဂါရင့်ချိန်သို့ ခရီးဆက်နေပါသည