မွန်JMC-S ထံ တိုင်ကြားမှုများအနက် ခြိမ်းခြောက်ခြင်းနှင့် ငွေကြေးကောက်ခံခြင်းကိစ္စ အများဆုံး

0
592

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S ထံသို့ ရောက်ရှိလာ သည့် တိုင်ကြားမှုများအနက် ပြည်သူ လူထုအား ခြိမ်းခြောက်ခြင်းနှင့် ငွေကြေး ကောက်ခံသည့်ကိစ္စ အများဆုံးဖြစ် ကြောင်း JMC-S
(မွန်)ထံမှ သိရသည်။

JMC-S (မွန်) စတင်ဖွဲ့စည်းခဲ့ သည့် ၂၀၁၆ ခုနှစ် ဇွန်လ ၃၀ ရက်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်ထိ တိုင်ကြားစာပေါင်း ၁၉ စောင် လက်ခံရရှိ ခဲ့ပြီး ယင်းအနက် ပြည်သူလူထုအား ခြိမ်းခြောက်ခြင်းနှင့် ငွေကြေးကောက် ခံသည့်ကိစ္စတိုင်ကြားစာ ၇ စောင် လက်ခံရရှိခဲ့သည်ဟုJMC-S (မွန်) အတွင်းရေးမှူး (၁) ဗိုလ်မှူးစောကျော်မြင့်ကနိုဝင်ဘာ ၃ ရက်တွင် ကျင်းပခဲ့သည့်
JMC-S(မွန်) နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောခဲ့သည်။

“တိုင်ကြားမှု ၁၇ ခုကို ဖြေရှင်းခဲ့ပြီး တော့ ကျန် ၂ ခုကို စိစစ်နေဆဲ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးစောကျော်မြင့် က ပြောသည်။

တိုင်ကြားခဲ့သည့် အခြားကိစ္စများမှ မြေယာအငြင်းပွားမှုနှင့် မြေယာအဓမ္မ လွှဲ ပြောင်းခြင်းကိစ္စက ၄ ခု၊ အရပ်သား ပြည်သူအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း ကိစ္စ ၂ ခု၊ ကလေးစစ်သားစုဆောင်းခြင်း ၁ ခု၊ တစ်ဖက်နှင့်တစ်ဖက်ရန်မူသည့် အပြုအမူ လုပ်ဆောင်ခြင်း ၁ ခု၊ တရားမ ဝင်ရွှေတူးဖော်ခြင်း ၁ ခု၊ တရားမဝင်သစ် များ တွေ့ရှိခြင်း ၁ ခု၊ သေနတ်ပေါက် ထွက်ပြီး ပြည်သူအားထိမှန်ခြင်း ၁ ခု၊ ပြည်သူအား သေနတ်ဖြင့် ပစ်ခတ်ခြင်း ၁ ခုတို့ ဖြစ်သည်။ JMC-S (မွန်) ဖွဲ့စည်းခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း JMC-S
(မွန်) အစည်းအဝေး ၁၉ ကြိမ်၊ လူထု တွေ့ဆုံပွဲ ၁၉ ကြိမ် ကျင်းပခဲ့ပြီး လက် ရှိတွင် ဒေသခံအရပ်သားစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိသည်ဟု JMC-S (မွန်) ထံမှ သိရသည်။

JMC-S အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ် စဲရေးအခြေအနေ၊ တပ်ပိုင်းဆိုင်ရာကိစ္စ များ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ထိန်းသိမ်း လိုက်နာခြင်းနှင့် ပတ်သက်၍ တိုင်းဒေသ ကြီး။ပြည်နယ်အဆင့်တွင် ပူးတွဲစောင့် ကြည့် လေ့လာရန်၊ ပေါ်ပေါက်လာသော အငြင်းပွားမှုများအား စိစစ်ရန်နှင့် ပူးတွဲ ညှိနှိုင်း ဖြေရှင်းအကောင်အထည်ဖော်ရန် တာဝန်ရှိသည်။

အပစ်ခတ်ရပ်စဲရေးစာချုပ်JMC-S ကတိကဝတ်များကို စောင့်ကြည့်ရန် အတွက် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S ကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘက်မှ ကိုယ်စားလှယ် ၅ ဦးစီဖြင့် လည်းကောင်း နှစ်ဘက်မှ အဆိုပြုသော အများယုံကြည်လေးစားသည့် အရပ် သား ကိုယ်စားလှယ် ၂ ဦးစီဖြင့် လည်း ကောင်း စုစုပေါင်းအဖွဲ့ဝင် ၁၄ ဦးဖြင့် ၂၀၁၆ ခုနှစ် ဇွန်လ ၃၀ ရက်က ဖွဲ့ စည်းခဲ့သည်။