ပါတီမှတ်ပုံတင်နိုင်ရေး မွန်ပါတီ ပထမဆုံးအကြိမ် အစည်းအဝေးခေါ်

0
456

မွန်ပါတီ တရားဝင်မှတ်ပုံတင်နိုင် ရေး ပါတီဗဟိုအလုပ်အမှုဆောင်ကော် မတီ အစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သည်ဟု ပါတီခေါင်း ဆောင်များထံမှ သိရသည်။ မွန်နိုင်ငံရေးပါတီများ ပေါင်းစည်း ထားကြသည့် မွန်ပါတီကို တရားဝင် မှတ်ပုံတင်နိုင်ရန် အပါအဝင် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်သွားနိုင် ရန်အတွက် ပါတီ၏ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်း အဝေးကို နိုဝင်ဘာ ၂ ရက်က မော်လမြိုင်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ် သည်။

အစည်းအဝေးတွင် ပါတီမှတ်ပုံ တင်ခြင်းကိစ္စအပြင် အောက်ခြေအဆင့် ပေါင်းစည်းရေးအတွက်ကို ဒေသ ၆ ခု ခွဲကာ ဦးဆောင် သူများအား တာဝန်ခွဲဝေဆောင်ရွက်စေခြင်း၊ ပါတီဖွဲ့စည်းပုံမူ ကြမ်းရေးဆွဲရေးကို တာဝန်ခွဲဝေပေးပြီး အဆိုပါဖွဲ့စည်းပုံမူကြမ်းကို လာမည့် နိုဝင်ဘာ ၂၄ ရက်တွင် ကျင်းပမည့် ဗဟိုကော်မတီဝင်အစည်းအဝေးတွင် အတည်ပြုသွားရန် အစရှိသည့် ဆုံးဖြတ် ချက်များ ချမှတ်ခဲ့သည်ဟုလည်း မွန် ပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမက ပြောသည်။

ပါတီတရားဝင် မှတ်ပုံတင်သည့် အခါ လက်ရှိ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ဖွဲ့စည်းပုံမူကြမ်း ဖြင့် တင်သွားမည်ဖြစ်ပြီး တရားဝင်မှတ် ပုံကျလာပြီးမှသာ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဖွဲ့ စည်းပုံပြင်ဆင်ရေးဆွဲခြင်းကို ဆက် လက်လုပ်ဆောင်သွားမည်ဟု ပါတီတွဲ ဖက်အတွင်းရေးမှူး (၂) နိုင်စံတင်ကပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အမျိုး သားကိုယ်စားပြုပါတီ ၃ ပါတီတို့ ပေါင်း စည်းထားသည် ပါတီကို “မွန်ပါတီ” (Mon Party)
ဟု အမည်ပေးထားပြီး ပါတီအမည်သစ်ကို စက်တင်ဘာ ၂၁ ရက်က မွန်ပြည်သူတို့အား တရားဝင် မိတ်ဆက်ခဲ့သည်။ လက်ရှိတွင် မွန်ပါတီကို ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၂၀ ဦးနှင့် မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၀ ဦးတို့ဖြင့် ဗဟို ကော်မတီဝင် ၁၄၀ ဦး၊ ၄င်းတို့ထဲမှ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ၅၉ ဦး၊ ဥက္ကဋ္ဌ အဖွဲ့ ၄ ဦး၊ အတွင်းရေးမှူးအဖွဲ့ ၆ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ မွန်ပါတီအနေဖြင့် ကျန်ရှိနေသေးသည့် မွန်အင်အားစုများ ပါဝင်လာနိုင် ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည် ဟုလည်း မွန်ပါတီခေါင်းဆောင်တို့က သဘောတူဆုံးဖြတ်ထားသည်။